NEWS

အီလက်ထရောနစ် စက်ရုံတွင် အလုပ်သွင်းပေးမည်ဆိုကာ မြန်မာလုပ်သား၆၃ ဦးကို ပွဲစားမှ ဘတ် ၅ သိန်းကျော် လိမ်လည်သွား

CoverLogo
206 Views
 
ထိုင်းနိုင်ငံ၊ချွန်ဘူလီခရိုင်၊နောင်ခမ်း ကျလင်စီပင်ထောင် အဆောင် မှာ နေထိုင်ကျတဲ့ မြန်မာအလုပ်သမား၆၃ဦး ကို ပွဲစားတစ်ဦးက အလုပ်သွင်းပေးမယ်ဆိုကာ စမတ်ကြေး ဘတ်၅သိန်း ကျော်ကို လိမ်လည်သွားတယ်လိို့ ၎င်းအမှု ကို ကူညီပေးနေတဲ့ WAG အလုပ်သမား မဟာမိတ်အဖွဲ့ထံမှ သိရပါတယ်။
 
ထိုင်းနိုင်ငံ၊ချွန်ဘူလီ၊ဘောဝင်း (C)တိုက် မှာ နေထိုင် တဲ့ ပွဲစားအမည် Pyae Phyo Paing (Facebook)အမည် Min Min Paingနဲ့ ဇနီးဖြစ်သူ Phoo Zin တို့လင်မယားက မြန်မာအလုပ်သမား ၆၃ဦး ကို အီလက်ထရောနစ် စက်ရုံတွင် အလုပ်သွင်းပေးမည်ဟုဆိုကာ အလုပ်သမား (၁)ဦးလျှင် စမတ်ကြေး (၈၅၀၀)ဘတ်နှုန်း နဲ့ ကောက်ခံ ထားတယ်လို့ ဆိုပါတယ်။
 
အလုပ်သမား (၆၃)ဦးစာ ထိုင်းဘတ်ငွေ (၅၃၅၅၀၀)ဘတ် ကို ကောက်ခံထားပြီးအလုပ်မသွင်းပေးဘဲ နေ့ည ရွေ့နေတဲ့ အတွက် ဖေဖေါ်ဝါရီ ၁၁ရက် မှာ ပွဲစားအခန်းသို့ အလုပ်သမားတွေက လိုက်သွားကြရာ ပွဲစားလင်မယားဟာ အခန်းတွင်မရှိတော့ဘဲထွက်ပြေးသွားကြတယ်လို့ သိရပါတယ်။
 
ဒါကြောင့်အလုပ်သမားတွေက စမတ်ကြေးများပြန်လည်ရရှိရန် နဲ့ ပွဲစားအားအရေးယူနိုင်ရန်ကူညီဆောင်ရွက်ပေး ဖို့ 
WAG အလုပ်သမားမဟာမိတ်အဖွဲ့ထံဖေဖေါ်ဝါရီ ၁၃ရက်မှာ အကူအညီတောင်းခံလာကြောင်း သိရပါတယ်။
မြန်မာအလုပ်သမားတွေထံမှ လိမ်လည် သွားတဲ့ ပွဲစား ဆိုသူဟာ မြန်မာနိုင်ငံ ပဲခူးတိုင်း၊ဒိုက်ဦးမြို့နယ်၊ပုကိုင်‌ကျေးရွာ ကနေ ထိုင်းနိုင်ငံကို လာရောက် သူ ဖြစ်တယ်လို့ သိရပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026