NEWS

အိုမန်က အိမ်အကူမြန်မာလုပ်သားတွေရဲ့လစာငွေသိန်းထောင်ချီကို ငွေလွှဲလုပ်ငန်းလုပ်သူ မြန်မာအမျိုးသမီးကလိမ်လည်သွားဟုဆို

CoverLogo
652 Views
 
အိုမန် နိုင်ငံ မှာ အိမ်အကူလုပ်နေတဲ့ မြန်မာလုပ်သားတွေရဲ့ လစာငွေ သိန်းထောင်ချီ ကို အိုမန်-မြန်မာ ငွေလွှဲ ဝန်ဆောင်မှု လုပ်နေသူ မြန်မာအမျိုးသမီး တစ်ဦးက လိမ်လည်သွားတယ်လို့ နစ်နာသူ မြန်မာအလုပ်သမားတွေ ထံ မှ သိရပါတယ်။
ငွေလွှဲဝန်ဆောင်မှု လုပ်ကိုင်တဲ့ မြန်မာအမျိုးသမီးနဲ့မိသားစု တွေဟာအိုမန်ရောက် မြန်မာလုပ်သားတွေရဲ့ လစာငွေ တွေ ကို လုပ်သားတွေရဲ့မိသားစုထံ မလွှဲပေးဘဲ လိမ်လည်ခိုးယူသွားတာ မှာ စုစုပေါင်း ကျပ်သိန်း ၅၀၀၀ ဝန်းကျင်ခန့်ရှိတယ်လို့ အလိမ်ခံရသူ မြန်မာလုပ်သားတွေကပြောပါတယ်။
 
"ကျွန်မက ၁၀ သိန်းကျော်ပါသွားတာ တချို့ ဆို သိန်း ၅၀လောက်ပါသွားတဲ့ သူတွေရှိတယ် အခုလိမ်သွားတဲ့သူက ငွေလွှဲ လုပ်နေတာကြာပြီ သူက ငွေလွှဲ အပြင် ပစ္စည်း KG ပို့ပေးတာပါလုပ်တယ် မြန်မာဘက်မှာက သူ့အဖေ နေပြီး အိုမန်မှာ က သူနေတယ် အခု သူကိုရော သူ့အဖေကိုရော ဆက်သွယ်လို့ မရတော့ဘူး ဖုန်းတွေဆက်ပိတ်ပြီးရန်ကုန် ၁၀မိုင်ကုန်း မှာလည်း သူ့အဖေနဲ့မိသားစု တွေလည်းမရှိတော့ဘူးလ်ို့ သိရတယ်""လို့ နစ်နာသူ မြန်မာလုပ်သားကပြောပါတယ်။
 
ယခု အလိမ်ခံရမှု တွင် အိမ်အကူလုပ်သားတွေရဲ့ လစာငွေတွေ၊ တစ်ဆင့် ခံ ငွေလွှဲ လုပ်သူတွေရဲ့ ငွေကြေးတွေအပါအဝင်လုပ်သားတွေနဲ့ မိသားစုဝင်တွေက ပို့ဆောင်ခိုင်းသည့် ပစ္စည်းတွေပါ ယူဆောင်သွားတယ်လို့ သိရပါတယ်။
 
""အခုအိမ်အကူလေးတွေရဲ့ လစာပိုက်ဆံတွေ သူရဲ့လက်ခွဲ ပိုက်ဆံကောက်ပေးတဲ့သူတွေဆီက ငွေတွေ နဲ့ ပို့ခိုင်းတဲ့ပစ္စည်းတွေပါသွားကျတာ ကျွန်မတို့ အိုမန်မှာ ချွေးဒီးဒီးကျ ပင်ပန်းဆင်းရဲစွာနဲ့ ရှာထားရတဲ့ လစာငွေ တွေကို သူတို့မို့ လုပ်ရက်တယ် ဒီငွေတွေဟာ ကျွန်မတို မျက်ရည်တွေပါ ငွေပါသွားတဲ့ အိမ်အကူ လုပ်သားတချို့ဆို မစားနိုင်မအိပ်နိုင်တွေဖြစ်ပြီး စိတ်ဆင်းရဲနေကျရတယ် တချို့ဆို အိမ်က မိဘ တွေ ဆေးကုဖို့ လှမ်းလွှဲပေးတဲ့ငွေတွေ ပါသွားတာ ဆေးလည်းမကုနိုင် နဲ့ အတော်လေးသောကရောက်နေရတယ်""လို့ ငွေကြေးအလိမ်ခံရသူမြန်မာအိမ်အကူလုပ်သားတစ်ဦးကပြောပါတယ်။
 
လက်ရှိမှာ လုပ်ခလစာငွေတွေ အလိမ်ခံရသူတွေ က ငွေကြေးလိမ်လည် သွားသူတွေ ကို ဓါတ်ပုံနဲ့အတူ လူမှုကွန်ယက်ကနေ အများပြည်သူသိရှိစေဖို့ လုပ်ဆောင်တာတွေရှိနေပေမယ့် အမှုဖွင့် တိုင်ကြားတာမျိုး ပြုလုပ်တာ မတွေ့ရှိရသေးပါဘူး။
 
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အခုလို ငွေလွှဲ လုပ်ငန်း လုပ်ကိုင်နေသူတွေက ပြည်ပနိုင်ငံရောက် မြန်မာလုပ်သားတွေရဲ့ လုပ်ခလစာငွေ တွေ ကို မိသားစု တွေထံ မလွှဲ ပေးဘဲ လိမ်လည် ထွက်ပြေးတာတွေ မကြာခဏဆိုသလို ဖြစ်ပေါ်နေပေမယ့် ကျူးလွန်သူတွေ ကို ဖမ်းဆီးအရေးယူ တာမျိုး အလွန်နည်းပါးကြောင်း တွေ့ရှိရပါတယ်။

Related posts

Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026