NEWS

အိမ်သုံးဆေးဝါးများ ပစ္စည်းပြတ်လပ်မှုကြောင့် ကုန်စျေးနှုန်းပိုမြင့်လာ

CoverLogo
2.2K Views

ပြည်တွင်း၌ အိမ်သုံးဆေးဝါးများ ပြတ်လပ်နေပြီး  စျေးကွက်၌ ကုန်စျေးနှုန်းမြင့်တက်ကလာကာ ဝယ်ယူရခက်ခဲလာတယ်လို့ ဆေးအရောင်းကိုယ်စားလှယ်များထံမှ သိရပါတယ်။

'' ဆေးက ဘာဆေးမှကိုဝယ်လို့မရတော့တာ ကုမ္ပဏီကလည်းလာမချတော့ဘူး။ တရုတ်ဆေးအကုန်ပြတ်တယ်။ တချို့နိုင်ငံခြားဆေးတွေလည်း ပြတ်နေတယ်။ ဆေးတွေက အပြင်က၂၄၀၀ နဲ့ဝယ်ပြီး
အစိုးရဆီ ၁၈၅၀ နဲ့သွင်းနေရတယ်ဆိုတော့ အားလုံးသဘောပေါက်ကြမှာပါ''ဟု မန္တလေးရှိ  ဆေးအရောင်းကိုယ်စားလှတယ်တစ်ဦးက Myanmar Labour News ကိုပြောပါတယ်။

အိမ်သုံးဆေးဝါးများ လက်ကားဖြန့်ချီတဲ့  ဗိုလ်ချုပ်ဈေး၊ မင်္ဂလာဈေးနဲ့ အခြားလက်ကားဆိုင်များမှာလည်း ယခင်ကလို ကိုယ်ရချင်တဲ့အရေအတွက်အထိ ဝယ်ယူမရတဲ့အပြင် ဆေးဈေးနှုန်းများမှာ ဆေးအမျိုးအစားအပေါ်မူတည်ပြီး ၂၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းခန့်အထိ မြင့်တက်သွားတယ်လို့ ဒဂုံမြို့သစ်တောင်ပိုင်း ဆေးမျိုးစုံအရောင်းဆိုင်မှ သိရပါတယ်။

လက်ရှိတွင် ပြည်ပမှဆေးအဝင်နည်းလာသည်​အတွက်  အိမ်သုံးဆေးဝါးမျိုးစုံ ဈေးမြင့်တက်လာရာမှာ လူသုံးများတဲ့  အကိုက်အခဲပျောက်ဆေး၊ အအေးမိတုပ်ကွေးပျောက်ဆေးမှာ ယခင်က ၃၀၀၊ ၄၀၀ ကျပ်ဝန်းကျင်မှ ယခုအခါ၇၀၀ ၈၀၀  ဝန်းကျင်အထိ မြင့်တက်လာတာပဲဖြစ်ပါတယ်။

''ဆေးတွေက ဈေးအရမ်းတက်လာတယ်။  အရင် ၁၀၀၀ မရှိတဲ့ဆေးတွေက အခု ၁၀၀၀ကျော်ဖြစ်လာပြီ။ သန်ချဆေးဘန်ဒါငါးရာဆို အမြဲဝယ်နေကျ အရင်ကရာဂဏန်း ခု ၁၃၀၀ ကျော်သွားပြီ။ ပိုးသတ်ဆေးဆိုဝယ်လို့တောင်မရဘူး မနည်းရှာဝယ်ရတယ်''လို့ ဆေးဝယ်လာသူတစ်ဦးက ဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်စီက ပို့ကုန် သွင်းကုန်များ ကန့်သတ်ပိတ်ပင်ထားရာမှာ ဆေးနှင့်ဆေး ပစ္စည်းတင်သွင်းခွင့်ပါမစ်များကိုပါ  ဆိုင်းငံ့ထားတာကြောင့် ပြည်တွင်း၌ ဆေးဝါးများဈေးနှုန်းမြင့်တက်နေပြီး စျေးကွက်အတွင်း ပစ္စည်းပြတ်လပ်နေရခြင်းဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ ဆေးလက်ကားဆိုင်ကြီးတွေက ကိုယ်စားလှယ်ဆိုငိလေးတွေကို ခွဲတမ်းအလိုက် ခွဲဝေရောင်းချပေးနေတာတွေလည်း ရှိလာပြီလို့ ရန်ကုန်မြို့မှ ဆေးလက်လီအရောင်းကိုယ်စားလှယ်တစ်ဥိးက. ဆိုပါတယ်။  

"အဓိကကတော့ ကုမ္ပဏီတော်တော်များများ ၁၀ ရာခိုင်နှုန်းစျေးတက်သွားတယ်လို့တရား၀င်ကြေညာတယ်၊ သူတို့ဆီပစ္စည်းမှာတော့ မှာလို့မရဘူး၊  ကုမ္ပဏီကြီးတွေမှာတော့ပစ္စည်းရှိကောင်းရှိမယ် လိုသလောက်၀ယ်လို့မရတော့ သူတို့လက်ထဲမှာပဲဈေးက အောက်က လက်လီဆိုင်တွေကျတော့ ထိတာပေါ့
လက်လီတွေကဈေးတက်ရောင်းတော့ အခြေခံပြည်သူတွေပဲဈေးကြီးမိသွားတာပေါ့" လို့ ရန်ကုန်က ဆေးဝါးအရောင်းကိုယ်စားလှယ်တစ်ဦးကမှတ်ချက်ပြုပါတယ်။

အိမ်သုံးဆေးများဖြစ်တဲ့ အအေးမိ တုတ်ကွေးဖျားတာ နှလုံး ဆီးချို သွေးတိုးသွေကျ အကိုက်ခဲပျောက်ဆေး ချောင်းဆိုးပျောက်ဆေးစတာတွေက ယခင်ကထက်သိသိသာသာ စျေးတက်လာခြင်ဖြစ်ပြီး တက်စျေးအလိုက်ပေးဝယ်၍ မရတော့ပါက ပြည်သူများပို၍ အခက်တွေ့လာနိုင်တယ်လို့ဆိုပါတယ်။

MyanmarLabourNews


Related posts

Cover
စစ်ရေးပဋိပက္ခပြင်းထန်ရာဒေသများတွင် အမျိုးသမီးများ၏ အလုပ်အကိုင်ရရှိမှု ၆၂ ရာခိုင်နှုန်းထိကျဆင်း
Aug 10, 2026
Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်သန်မှုတိကျစွာသိရဖို့နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး CTUM တိုက်တွန်း
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026