NEWS

မြန်မာ နိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်သူဦးရေ ၃ ဒသမ ၆ သန်းရှိဟု UNOCHA ထုတ်ပြန်

CoverLogo
362 Views
 
၂၀၂၅ ခုနှစ် နိုဝင်ဘာလ အထိ မြန်မာနိုင်ငံ တဝန်း တွင် ပြည်တွင်း နေရပ်စွန့်ခွာသူရီရေ ၃ဒသမ၆သန်းရှိမယ်လို့ ခန့်မှန်းထားကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က နိုဝင်ဘာ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။
 
၎င်းထုတ်ပြန်ချက်ထဲမှာ အောက်တိုဘာလနဲ့ နိုဝင်ဘာလဆန်းပိုင်းများတွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာမှုကြောင့် နောက်ထပ် မိသားစုတွေဟာ ၎င်းတို့ရဲ့ နေအိမ် တွေ ကနေ ထွက်ပြေးခဲ့ကြရပြီး လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များကို ပိုမိုဆိုးရွားစေခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။
 
၎င်းတို့အနက် ၁.၇ သန်းဟာ အနောက်မြောက်၊ ရခိုင်နှင့် အရှေ့တောင်ဘက်တို့မှာ အပြင်းထန်ဆုံးသော ဒေသတွေဖြစ်ကာ မြန်မာနိုင်ငံအနောက်မြောက်ပိုင်းတွင် ထိခိုက်မှုအရှိဆုံးဒေသဖြစ်တဲ့ စစ်ကိုင်းတိုင်းဒေသကြီးတွင် အောက်တိုဘာလဆန်းပိုင်းမှစတင်၍ ချောင်းဦးနှင့် မုံရွာမြို့နယ်များတွင် လက်နက်ကိုင်တိုက်ပွဲများကြောင့် လူ ၁၄,၆၀၀ ကျော်နှင့် ကလေးမြို့နယ်တွင် အောက်တိုဘာလလယ်မှစပြီး လူ ၂,၀၀၀ ခန့် အိုးအိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။
 
လမ်းပိတ်ခြင်းနဲ့ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေခြင်းကြောင့် လုံခြုံမှုမရှိသောနေရာတွေမှာ ​နေထိုင်ရသလို တမူးမြို့နယ်မှာလည်း တောတောင်များတွင် ခိုလှုံနေရတဲ့ စစ်ဘေးရှောင် ၆၀၀၀ ကျော်ရှိကာ စားနပ်ရိက္ခာ၊ ဆေးဝါးပြတ်လပ်မှုနှင့် ရင်ဆိုင်နေရပြီး ကလေးများ၊ ကိုယ်ဝန်ဆောင်များနှင့် နာတာရှည်ဖျားနာနေသူများ အပါအဝင် လူပေါင်း ၁၅၀၀ ခန့်မှာ အကူအညီများ အရေးပေါ် လိုအပ်နေတယ်လို့ သိရပါတယ်။
 
ဒါ့အပြင် မန္တလေးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးရှိ ချောင်းဦး၊ နတ်ကြီး၊ တောင်သာနှင့် ရေလက်ကြား မြို့နယ်များရှိ ဘုန်းကြီးကျောင်းများနှင့် စာသင်ကျောင်း အများအပြား အပါအဝင် နေအိမ် ၁၇၆၀ ထက်မနည်း ပျက်စီးဆုံးရှုံးခဲ့ကာ အောက်တိုဘာ ၆ ရက်က ချောင်းဦးမြို့နယ်တွင် ဗုံးပေါက်ကွဲမှုကြောင့် အနည်းဆုံး ၂၅ ဦး သေဆုံးကာ ၅၅ ဦး ဒဏ်ရာရရှိခဲ့ပြီး အောက်တိုဘာလ ဆီမီးထွန်းပွဲတော်အတွင်း အရပ်သားများ သေဆုံးမှုမှာ သိသာထင်ရှားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖေါ်ပြထားပါတယ်။
 
ကရင်ပြည်နယ် ဖာပွန်၊ ကော့ကရိတ်နဲ့ မြဝတီ မြို့နယ်တွေမှာ တိုက်ပွဲတွေ ပြင်းထန်လာတာကြောင့် လေးကော့မြို့နဲ့ အနီးပတ်ဝန်းကျင်က ဒေသခံ ၃,၄၀၀ ကျော် စက်တင်ဘာလနှောင်းပိုင်းကစပြီး ထွက်ပြေးခဲ့ကြရပြီး အများစုကတော့ နေရပ်မပြန်နိုင်ကြသေးသလို ရှမ်းပြည်နယ် တောင်ပိုင်းတွင် ကယားနယ်စပ်အနီး ဖယ်ခုံနှင့် ပင်လောင်မြို့နယ်များမှာ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေတဲ့ အတွက် အောက်တိုဘာလလယ်မှစတင်ကာ လူပေါင်း ၃၀၀၀ ကျော် ဘေးကင်းရာသို့ ရွှေ့ပြောင်းနေထိုင်ခဲ့ရတယ်လို့သိရပါတယ်။
 
တနသာင်္ရီတိုင်းဒေသကြီးမှာလည်း အောက်တိုဘာ လအတွင်း အကြမ်းဖက်မှုများ အရှိန်မြင့်လာတာကြောင့် ထားဝယ်မြို့နယ်တွင် နေထိုင်သူ ၃၅၀ ကျော်ခန့် တောတောင်များတွင် ခိုလှုံနေရကာ မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် လည်း လက်နက်ကိုင် ပဋိပက္ခကြောင့် ကလေးငယ် ၅ ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။
 
မြန်မာနိုင်ငံဟာ ၂၀၂၅ခုနှစ် ပထမနှစ်ဝက် မှာတင် ကမ္ဘာပေါ်တွင် ပဋိပက္ခပြင်းထန်မှု ဒုတိယနဲ့ အရပ်သားများအတွက် စတုတ္ထအန္တရာယ်အရှိဆုံးနိုင်ငံဖြစ်နေကာ လူဦးရေ ထက်ဝက်ကျော်မှာ ပဋိပက္ခဖြစ်ပွားနေတယ်လို့ အစီရင်ခံစာ မှာ ဖေါ်ပြထားပါတယ်။
 
လက်ရှိကာလ မှာ ၂၀၂၅ ခုနှစ်ကုန်ရန် ၂လ ခန့်ပင် မကျန်တဲ့ အချိန်တွင် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနဲ့ တုံပြန်ရေးအစီစဉ် (HNRP)အတွက် ၁၅ရာခိုင်နှုန်းသာ ရန်ပုံငွေရရှိထားတဲ့ အတွက် ရန်ပုံငွေဆိုးရွားစွာ မလုံလောက်မှုနဲ့ လိုအပ်နေသူ လူဦးရေ သန်းပေါင်းများစွာလူမှုဘ၀ရှင်သန် ရေးအကူညီပေးနိုင်ဖို့ အလွန်ခက်ခဲနေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA)က ထုတ်ပြန်ထားပါတယ်။

Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေး နိုင်ငံတကာ ဖိအားပေးရန် အဖွဲ့အစည်း ၅၈ ဖွဲ့တောင်းဆို
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
မကွေးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၃၅ဦးကို ရိုက်နှက်ပြီး ၁လ နီးပါး တိုက်ပိတ်ထား ဟု PPNM ထုတ်ပြန်
Jan 10, 2026
Cover
နိုင်ငံရေးမတည်ငြိမ်မှုများကြား ရုန်းကန်နေရဆဲ မြန်မာ့အထည်ချုပ်လုပ်ငန်း
Jan 02, 2026