NEWS

အသက် ၃၅ နှစ်အောက် လူငယ်များအား နိုင်ငံကူးလက်မှတ် PJ မှ PV ပြောင်းလဲမှု ရပ်ဆိုင်းထားဟုဆို

CoverLogo
535 Views
 
အသက် ၃၅နှစ်အောက် လူငယ်တွေ ကို နိုင်ငံကူးလက်မှတ် PJအမျိုးအစားကနေ PV အမျိုးအစားသို့ ပြောင်းလဲ ပြုလုပ်ပေးတာ ကို ရပ်ဆိုင်းထားတယ်လို့ နိုင်ငံကူးလက်မှတ် ပြုလုပ်ရန် ဝန်ဆောင်မှုပေးသူတွေနဲ့သွားရောက်ပြုလုပ်တဲ့ လူငယ်တွေ ထံမှ သိရပါတယ်။
 
ဇန်နဝါရီ ၁၃ရက်ကတည်းက မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွေ မှာ PJ (အလုပ်နိုင်ငံကူးလက်မှတ်) ကနေ PV (အလည်အပတ် နိုင်ငံကူးလက်မှတ်) ပြောင်းလဲ လျှောက်ထားခွင့် ရပ်ဆိုင်းထားတယ်လို့ သိရပါတယ်။
 
"PJကနေPVပြောင်းခွင့်ကို ဒီတပတ်ကနေ စပိတ်တာ နှစ်ပတ်လောက် ပိတ်မယ်လို့ တော့ ကြားတယ် ကြေညာချက်ထုတ်တာတော့မဟုတ်ဘူး ရုံးအတွင်းပိုင်းမှာဘဲ စာထုတ်တာ ဘာကြောင့် ပိတ်တာလဲတော့ မသိဘူး အရင်က စာအုပ်သက်တမ်း၁နှစ်ကျန်ရင် PVပြောင်းလို့ရတယ် အခုက လုံး၀ မရဘူး အသက်၃၅နှစ် အထက် တော့ ပြောင်းခွင့်ရတယ်"လို့ နိုင်ငံကူးလက်မှတ်ပြုလုပ်ရန် ဝန်ဆောင်မှုပေးသူတစ်ဦးကပြောပါတယ်။
 
ယခင်ကလည်း နိုင်ငံကူးလက်မှတ် PJအမျိုးအစားကနေ PVအမျိုးအစားပြောင်းလဲတာ ကို ယာယီရပ်တန့်ခဲ့ပေမယ့် စာအုပ်သက်တမ်း ၁နှစ်ဘဲ ကျန်ရှိသူတွေ ကို PVသို့ ပြောင်းလဲ ပြုလုပ်ခွင့်ပေးခဲ့ရာ လက်ရှိမှာ တော့ လုံး၀ကို ပြောင်းလဲ ခွင့်မပေးတော့ဘူးလို့ သိရပါတယ်။
 
"သူတို့က ကြိုပြီး ကြေညာတာ လဲ မဟုတ်ဘူး ၁၄ရက်နေ့က သွားတော့ pjကနေ pv ပြောင်းတဲ့ လူငယ်တွေ အကုန် ပြန်လွှတ်တယ် မိန်းကလေးတွေကော အကုန်ပြန်လွှတ်တာ စာအုပ်သာ လုပ်မရတာ သွင်းထားတဲ့ ငွေလဲ ပြန်မရဘူး သတင်းကြားတာတော့ လူငယ်တွေ အလည်နဲ့ ပြည်ပ ထွက်တာ များလို့ အခုလို ပိတ်လိုက်တာလို့ ကြားတယ် အခုပုံစံ က ပြည်ပ ကို အလည်သွားဖို့ တောင် မလွယ်တော့ဘူး "လို့ ပတ်စ်ပို့ သွားရောက် လုပ်ကိုင်ခဲ့သူတစ်ဦးကပြောပါတယ်။
 
စစ်ကော်မရှင် အနေနဲ့ ပြည်တွင်းမှ လူငယ်တွေ ပြည်ပ ကို ထွက်ခွင့်မရအောင် နည်းအမျိုးမျိုးနဲ့ ကန့်သတ်ပိတ်ပင် တာတွေ ပြုလုပ်နေသလို ယခု နှစ်စ မှာ ပင် ပြည်ပ မှ ခွင့်ဖြင့် ပြန်လာတဲ့ လုပ်သားတွေကိုပါ ပြန်လည် ထွက်ခွင့်မရအောင် မူဝါဒ အမျိုးမျိုး ချမှတ်ပြီး ပိတ်ပင်တာတွေ ပြူလုပ်နေတာကြောင့် ပြည်ပသွားမယ့် လူငယ်တွေမှာ နစ်နာဆုံးရှုံးမှုတွေဖြစ်ပေါ်နေသလို ပြည်ပရောက် မြန်မာလုပ်သားတွေလည်း ပြည်တွင်းကို ပြန်လာဖို့ အတွက် စိုးရိမ်နေရတယ်လို့ သိရပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026