NEWS

အသက်၂၃နှစ်အောက်နှင့် ၃၁နှစ်အထက် အမျိုးသား လုပ်သား များ ကိုသာ​အေဂျင်စီဖြင့် စာချုပ်ချုပ် ခွင့်ပြုမည်ဟုဝန်ကြီးဌာန ညွှန်ကြား

CoverLogo
561 Views

ထိုင်းနိုင်ငံ ကို အလုပ်သမား ပို့ဆောင် ရန် အတွက် အလုပ်ခေါ်စာ မှန်ကန်ကြောင်း ခွင့်ပြုချက်ရရှိပြီး စာချုပ်ချုပ်ရန် အတွက် အေဂျင်စီ မှ အလုပ်သမားဝန်ကြီးဌာန ကို ခွင့်ပြုချက် တောင်းခံထားရာ အသက်၂၃နှစ်အောက်နဲ့ ၃၁နှစ်အထက်အလုပ်သမားများ ကိုသာ  ခွင့်ပြုမယ်လို့ အီးမေးကတစ်ဆင့်အကြောင်းပြန်လာတယ်လို့ အေဂျင်စီတွေထံ က သိရပါတယ်။

ထို့ကြောင့် အသက်၂၃နှစ်မှ ၃၁နှစ်အ ထိ အလုပ်သမား တွေ ကို စာချုပ်ချုပ်ခွင့်မပေးတဲ့ အတွက် စာချုပ်ချုပ်ရန် တင်ပြထားတဲ့ လူစာရင်းကို ပြန်လည်ပြင်ဆင်ဖို့အတွက် အလုပ်သမားဝန်ကြီးဌာန က အကြောင်းကြားတယ်လို့ သိရပါတယ်။

""ထိုင်းစာချုပ် အတွက် တင်တဲ့ အေဂျင်စီ တွေ ကို အမျိုးသား အလုပ်သမား အသက်၂၃နှစ်အောက်နှင့်၃၁နှစ်အထက်ကိုသာ စုဆောင်းချုပ်ဆိုရန် ဆိုပြီး အကြောင်းကြားတယ် စာချုပ်ချုပ်မယ့် စာရင်း ကို ပြန်လည် ပေးပို့ခိုင်းတယ်၊ အခုစာချုပ်ချုပ်ခွင့်တင်ထားတာက မေလ၁ရက်နေ့ မတိုင်ခင်က တင်ထားတဲ့ အလုပ်တွေပါ  demand အသစ်မဟုတ်ပါဘူး အခုလို အသက် သတ်မှတ် တာက ထိုင်း တစ်ခုထဲလား အခြား နိုင်ငံ တွေ ပါ ပါ လားဆိုတာလည်း သေချာမသိရသေးဘူးထိုင်း စာချုပ်ချုပ်ခွင့်တင်ထားတဲ့အေဂျင်စီ တွေကို အခုလိုအကြောင်းပြန်တာပါ""ဟု လိုင်စင်ရအေဂျင်စီတစ်ခုမှ တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။

အဆိုပါ အကြောင်းရာနဲ့ ပက်သက်ပြီး အလုပ်သမားဝန်ကြီးဌာနကို ဆက်သွယ်မေးမြန်းပေမယ့် ပြန်လည်‌ဖြေကြားခြင်းမရှိပါ။

အခုလို  ထိုင်းနိုင်ငံ ကို လုပ်သားစေလွှတ်ဖို့ စာချုပ်ချုပ်ခွင့် တင်ထားရာမှာ သွားရောက်နိုင်မယ့် အမျိုးသား အလုပ်သမား တွေ ကို အသက်ကန့်သတ်လိုက်တဲ့အခါ ပို့ဆောင်ပေးမယ့် အေဂျင်စီ တွေ လည်း အခက်ခဲ ဖြစ်နေတယ်လို့ သိရပါတယ်။

အလုပ်သမားဝန်ကြီးဌာန အနေနဲ့ မေလ ၁ရက်က စပြီး  အလုပ်သမား‌ ထွက်ခွာခွင့်ကိစ္စရပ်တွေ ကို ပိုမိုအချိန်ယူစိစစ်နိုင်ဖို့နဲ့ အခြားအခြေနေများအရ အမျိူးသား လုပ်သား တွေ ပြည်ပ ထွက်ခွင့် ယာယီဆိုင်းငံလိုက်တယ်လို့ မီဒီယာမှမေးမြန်းမှု ကို ‌ဖြေကြားခဲ့ပါတယ်။


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026