NEWS

အဝေးပြေး ဘတ်စ်ကား ဖြင့် လိုက်ပါလာသည့် မြန်မာနိုင်ငံသား ၅၀ ခန့် အထောက်အထားမရှိသဖြင့် ထိုင်းရဲ ဖမ်းဆီး

CoverLogo
221 Views
 
ထိုင်းနိုင်ငံ တောင်ပိုင်း ချွန်ဖော်ခရိုင်မှာ အဝေးပြေးဘတ်စ်ကားနဲ့ လိုက်ပါလာတဲ့ မြန်မာနိုင်ငံသား ၄၇ဦး ကို တရားဝင် အထောက်အထားမရှိတဲ့ အတွက် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းတွေ ရဲ့ဖေါ်ပြချက်အရသိရပါတယ်။
 
ဇွန်လ ၂၆ရက် နံနက် ၂နာရီ ခွဲခန့်က ချွန်ဖော်ခရိုင် မင်မြို့ ဝမ်ဖိုင်ကျေးရွာ အနီး သံသယ ဖြစ် ဖွယ် ဘတ်စ်ကား ကို ထိုင်းအာဏာပိုင်တွေက တွေ့ရှိပြီး ရပ်ခိုင်းကာ စစ်ဆေးစဉ် ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
 
ဘတ်စ်ကားပေါ်မှာ မြန်မာနိုင်ငံသား အမျိုးသား ၃၀ ဦး အမျိုးသမီး ၁၆ဦးနဲ့ ကလေးငယ်တစ်ဦး စုစုပေါင်း ၄၇ ဦးလိုက်ပါလာပြီး နေထိုင်ခွင့် အထောက်အထားမရှိသူတွေဖြစ်ကြောင်း စစ်ဆေးတွေ့ရှိတယ်လို့ဆိုပါတယ်။
 
ယာဉ်မောင်းသူတွေကို စစ်ဆေးရာမှာ မြန်မာနိုင်ငံသားတွေ ကို စူရတ်ဌာနီခရိုင်ကို ပို့ဆောင်ပေးဖို့ အမည်မသိ ထိုင်းပွဲစား တစ်ဦးက ငှားရမ်းခဲ့တာ ဖြစ်ပြီး ပို့ဆောင်ခ အတွက် တစ်ဦး ကို ဘတ် ၅၀၀၀၀ ရရှိတယ်လို့ဆိုပါတယ်။
 
အခုလို အထောက်အထားမဲ့ နယ်စပ်ဖြတ်ကျော်လာတဲ့ အတွက် ထိုင်းယာဉ်မောင်းသုံးဦးနဲ့ အတူ မြန်မာနိုင်ငံသားတွေကို ချွန်ဖော်ရဲစခန်း မှာ ဖမ်းဆီးခေါ်ဆောင်ထားပြီးဥပဒေအရ ဆက်လက် အရေးယူဆောင်ရွက်သွားမယ်လို့ သတင်းမှာဖေါ်ပြထားပါတယ်။
 
ထိုင်းနိုင်ငံ အတွင်း အထောက်အထားမဲ့ နယ်စပ်ဖြတ်ကျော်လို့ မြန်မာနိုင်ငံသားတွေအဖမ်းခံရတာ ဆက်တိုက်ဆိုသလို ဖြစ်နေပြီး ဇွန်လ၂၃ရက်က ပင် ကန်ချနဘူရီခရိုင် အတွင်းမှာ မြန်မာနိုင်ငံသား ၄၀ ကျော် အဖမ်းခံခဲ့ရပါသေးတယ်။
Ref-CH-7 News

Related posts

Cover
မဲခလောင်မြစ် အတွင်း လေးနာရီကြာမျောပါနေတဲ့ ထိုင်းအမျိုးသမီးကို မြန်မာလုပ်သားတစ်ဦးကယ်တင်
Oct 02, 2025
Cover
နယ်စပ်ဒုက္ခသည်စခန်းများမှ မြန်မာစစ်ရှောင် ၁၂၀၀၀ ကျော်ကို ပထမဆုံး အလုပ်လုပ်ခွင့်ပြု
Oct 02, 2025
Cover
မဲခလောင်မြစ် အတွင်း လေးနာရီကြာမျောပါနေတဲ့(ရုပ်သံသတင်း) ထိုင်းအမျိုးသမီးကို မြန်မာလုပ်သားတစ်ဦးကယ်တင် (ရုပ်သံသတင်း)
Oct 02, 2025
Cover
နယ်စပ်ဒုက္ခသည်စခန်းများမှ မြန်မာစစ်ရှောင် ၁၂၀၀၀ ကျော်ကို ပထမဆုံး အလုပ်လုပ်ခွင့်ပြု(ရုပ်သံ)
Oct 02, 2025
Cover
အလုပ်ထုတ်ခံရသည့် မြန်မာလုပ်သား ၁၄၅၀ ဦးကို အလုပ်ထုတ်နစ်နာကြေးအပြင်ဂရုဏာကြေး ဘတ်တစ်သောင်းပေးမည်ဟုဆို
Oct 01, 2025
Cover
ကြိုတင်အသိမပေးဘဲ အလုပ်ထုတ်ခံရသည့် မြန်မာလုပ်သား ၁၄၅၀ ဦးကို အလုပ်ထုတ်နစ်နာကြေးအပြင်ဂရုဏာကြေး ဘတ်တစ်သောင်းပေးမည်ဟုဆို
Oct 01, 2025
Cover
မြန်မာလုပ်သား ၁၅၀၀ ခန့်ကို ကြိုတင်အကြောင်းမကြားဘဲ အလုပ်ဖြုတ်
Oct 01, 2025
Cover
ရနောင်း-ရန်ကုန် ကုန်ပစ္စည်းတင်းသွင်း၊ တင်ပို့မှုကို အောက်တိုဘာ ၁ ရက်မှစပြီး MACCS စနစ်ဖြင့် ပြောင်းလဲဆောင်ရွက်မည်
Oct 01, 2025