NEWS

အလှူကပြန်လာသော မြန်မာလုပ်သား ၁၃ဦး စီးနင်းလာသည့်ကား တူးမြောင်းထဲထိုးကျပြီး ၆ ဦးသေဆုံး

CoverLogo
66 Views
 
ထိုင်းနိုင်ငံ၊ ပထုံဌာနီခရိုင် မှာ အလှူက ပြန်လာတဲ့ မြန်မာအလုပ်သမား ၁၃ဦး စီးလာတဲ့ ကားဟာ တူးမြောင်းထဲ ထိုးကျ မှုဖြစ်တာကြောင့် မြန်မာလုပ်သား ၆ ဦး သေဆုံး မှုဖြစ်ပွားခဲ့တယ်လို့ ထိုင်းသတင်းတွေရဲ့ ဖေါ်ပြချက်အရ သိရပါတယ်။
ဒီဇင်ဘာလ ၃၀ ရက်နေ့ ည ၁၀ နာရီဝန်းကျင်အချိန် မှာ မြန်မာအလုပ်သမားတွေက ချောင်ပူရီခရိုင်သို့ အလှူသွားလုပ်ပြီးအပြန် စီးနင်းလာတဲ့ ပစ်ကပ်ကားဟာ ပထုံဌာနီအရောက်တွင် လမ်းဘေးအတားအဆီး ဘိလပ်မြေတုံးတွေကို အရှိနိပြင်းစွာ တိုက်မိပြီး တူးမြောင်းအတွင်းသို့ ထိုးကျသွားခဲ့တယ်လို့ သိရပါတယ်။
 
၎င်းကားပေါ်တွင် ယာဉ်မောင်းအပါအဝင် မြန်မာလုပ်သား ၁၃ဦး လိုက်ပါခဲ့ ပြီး ကားရေထဲ သို့ ထိုးကျစဉ် ဒေသခံ တွေက ရေထဲသို့ ခုန်ဆင်းပြီး ကယ်ဆယ်ပေးခဲ့ရာ အမျိုးသား ၄ဦးနဲ့ အမျိုးသမီး၃ဦးစုစုပေါင်း ၇ဦးကိုတော့ကယ်ထုတ်နိုင်ခဲ့ကြောင်း ၎င်းတို့ထဲမှ ၂ဦးဟာ ထိခိုက်ဒဏ်ရာရသဖြင့်ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း သိရပါတယ်။
 
ထို့နောက် ကယ်ဆယ်ရေးအဖွဲ့ ရေငုတ်သမားတွေက ရှာဖွေပေးရာမှာ ကားဟာ ကမ်းစပ် မှ ၁၅ မီတာ ခန့်သို့ ရောက်ရှိနေပြီး ကားအတွင်းပိတ်မိနေတဲ့ ရုပ်အလောင်း အမျိုးသား၂ဦးနဲ့ အမျိုးသမီး ၁ဦးကို တွေ့ရှိကာ နောက်ထပ်ရုပ်အလောင်း ၃လောင်းကိုလည်း ထပ်မံ ရှာဖွေရာမှ တွေ့ရှိ ဆယ်ယူနိုင်ခဲ့တယ်လို့ သိရပါတယ်။
 
ရဲတပ်ဖွဲ့၏ သုံးသပ်ချက်အရ ကားမောင်းသူဟာ ၎င်းဒေသရဲ့ လမ်းပိုင်းကို ကျွမ်းကျင်မှုမရှိခြင်းနဲ့ လမ်းဖြောင့်ဖြစ်တာကြောင့် အရှိန်ပြင်းစွာ မောင်းနှင်လာခဲ့ခြင်းတို့ကြောင့် ရုတ်တရက် အကွေ့တွင် အချိန်မီ ဘရိတ်မအုပ် နိုင်ဘဲ အတားအဆီးတွေကို တိုက်မိကာ ရေထဲသို့ ပြုတ်ကျတာဖြစ်နိုင်တယ်လို့ သုံးသပ်ထားပါတယ်။
 
ဒီဇင်ဘာ၂၈ရက်ကလည်း ကန်ချနဘူရီ ခရိုင် သလော်ကမ်းခြေ ကို နှစ်ကူးအလုပ်ပိတ်ရက် အလည်လာတဲ့ မြန်မာလုပ်သား၄၄ဦးဟာ လှေစီးကျရာမှ မြန်မာလုပ်သား တစ်ဦးဟာ ရေထဲသို့ ပြုတ်ကျ ပြီးရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။
 
Ref-Khaosod

Related posts

Cover
ဘန်ကောက် တွင် ဆောက်လုပ်ရေး လုပ်ငန်းခွင်မှ ကရိန်းပြိုကျသဖြင့် မြန်မာလုပ်သား၂ဦး ဒဏ်ရာရရှိ
Feb 07, 2026
Cover
ထိုင်းတွင် မြန်မာလုပ်သားများတင်ဆောင်လာသည့် ကား ယာဉ်တိုက်မှုဖြစ်သဖြင့် ၁၈ဦး ထိခိုက်ဒဏ်ရာရ
Feb 07, 2026
Cover
အမျိုးသား အသက်၃၅နှစ်အထက်နှင့်အမျိုးသမီး အသက်၂၇နှစ်အထက်များကိုသာ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်(TBP) ထုတ်ပေးဟု မူဆယ် လ၀က ကြေညာ
Feb 06, 2026
Cover
ပွဲစားခ ဘတ် ၄ သောင်းပေးပြီး လာရတဲ့ မြန်မာလုပ်သား ၁၃ ဦး လမ်းဘေးမှာ ပစ်ထားခံရ၍ အဖမ်းခံရ
Feb 06, 2026
Cover
ကားတိုက်ခံရပြီး ဒဏ်ရာအပြင်းထန်ရနေသည့် မြန်မာအလုပ်သမားကို ယာဉ်ပိုင်ရှင် မှ တာဝန်ယူမှုမရှိဟုဆို
Feb 05, 2026
Cover
ဘန်ကောက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင် မြေပြိုမှုတွင် မြန်မာလုပ်သားတစ်ဦး သေဆုံး
Feb 05, 2026
Cover
ပဋိပက္ခတွေကြောင့် ထိခိုက်နေရသည့် မြန်မာပြည်သူတွေအတွက် EU က ယူရို ၆၃ သန်း ထောက်ပံ့မည်
Feb 04, 2026
Cover
မြန်မာလုပ်သား ၃၁ဦးထံမှ သက်တမ်းတိုးခ ဘတ်၃သိန်းကျော် လိမ်သွားသည့် ပွဲစားကို အမှုဖွင့်
Feb 04, 2026