NEWS

အလုပ်အကိုင် အခွင့်အလမ်းကြောင့် ဂျပန်နှင့် ကိုရီးယား ဘာသာစကားတက်ရောက်လိုသူ များပြားလာ

CoverLogo
989 Views

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပြည်ပနိုင်ငံတွေမှာ သွားရောက်လုပ်ကိုင်လိုသူတွေများပြားလာပြီး ဂျပန်နဲ့ ကိုရီးယားဘာသာစကား တက်ရောက်သူတွေ ပိုမိုများပြားလာတယ်လို့ သိရပါတယ်။

 

ပြည်တွင်းက အခြေခံလုပ်သား(general worker)တွေကို ထိုင်း၊ မလေးရှား၊ ဂျပန်နဲ့ ကိုရီးယား အစရှိတဲ့နိုင်ငံတွေက ခေါ်ယူနေတာဖြစ်ပြီး ဂျပန်နဲ့ ကိုရီးယားနိုင်ငံကတော့ လုပ်ခလစာနှုန်း မြင့်မားတာကြောင့် သွား‌ရောက်လိုသူ များပြားနေတာ ဖြစ်ပါတယ်။

 

“ကျွန်တော်ကိုယ်တိုင်လည်း ဂျပန်စာလေ့လာနေတယ်။ အသိတွေထဲမှာ မေးလိုက်ရင် ဂျပန်သွားဖို့ လုပ်နေတယ်ဆိုတာက များတယ်။ အဲ့နိုင်ငံက ဘာသာစကားလိုအပ်ချက်ရှိတယ်။ သင်တန်းတက်ရတယ်။ ထိုင်းတို့၊ မလေးတို့ကျ လစာလည်းနည်းတယ်။ မသွားချင်ဘူး။ အလုပ်ချင်းအတူတူ ဂျပန်က လစာပိုကောင်းတယ်”လို့ ဂျပန်နိုင်ငံမှာ သွားရောက်လုပ်ကိုင်ဖို့ ပြင်ဆင်နေတဲ့ ကိုဝဏ္ဏ (အမည်လွှဲ)က ‌ပြောပါတယ်။

 

တက်ရောက်လိုသူများပြားနေတဲ့အတွက် ဂျပန်နဲ့ ကိုရီးယား ဘာသာစကားသင်တန်းကျောင်းတွေရဲ့ သင်တန်းကြေး နှုန်းထားတွေဟာလည်း မြင့်တက်နေပါတယ်။

 

သင်တန်း နာမည်ရရှိမှုအပေါ်မူတည်ကာ ကျပ်သုံးသိန်းကနေ လေးသိန်းကြား ကောက်ခံနေပြီး အလုပ်တစ်ဖက်နဲ့တက်ရောက်လိုသူတွေအဆင်ပြေစေဖို့ ရုံးချိန်ပြင်ပ သင်တန်းတွေပါ တွဲဖက်ဖွင့်လှစ်နေကြပါတယ်။ 

 

ဒါ့အပြင် ဘာသာစကား သင်တန်းကျောင်းတစ်ချို့မှာလည်း သင်တန်းမတက်ရောက်ခင် ဆေးစစ်တာတွေပါ ကြိုတင်လုပ်ဆောင်ခိုင်းတာတွေရှိနေတယ်လို့ သင်တန်းတက်ရောက်နေသူတွေဆီက သိရပါတယ်။  

 

“အခုဆို အွန်လိုင်းက သင်လို့လည်းရတယ်လေ။ သူကဘယ်အချိန်တက်တက်ရတယ်၊ လစာလည်း သက်သာပါ တယ်။ အလုပ်တစ်ဖက်နဲ့ ပြည်ပထွက်ဖို့ လုပ်နေတဲ့သူကျ အဲဒီလိုသင်တန်းတွေက အဆင်ပြေတယ်။ ဂျပန်ဆို တစ်လကို နှစ်ဆယ်နီးပါးလောက် ပြန်လွှဲနိုင်တယ်ဆိုလို့ ထွက်ဖို့ကြိုးစားနေတာ”လို့ ပုဂ္ဂလိက ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

 

ပြည်တွင်းက အလုပ်သမားတွေကို ဂျပန်နိုင်ငံက လုပ်သားခေါ်ယူရာမှာ အမျိုးသားကော၊ အမျိုးသမီးပါ ခေါ်ယူနေတာဖြစ်ပြီး ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လိုင်စင်ရ အေဂျင်စီတွေက စေလွှတ်နေတာပါ။

 

ကိုရီးယားနိုင်ငံကတော့ အမျိုသား အလုပ်သမားတွေကိုသာ ခေါ်ယူတာဖြစ်ပြီး အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီတစ်ခုတည်းကသာ စေလွှတ်နေတာဖြစ်ပါတယ်။

 

#MyanmarLabourNews


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026