NEWS

အလုပ်အကိုင်ရှားပါးလာမှုကြောင့် ပြည်ပသို့သွားရောက်လုပ်ကိုင်လိုသူ ၇၅ ရာခိုင်နှုန်းအထိ ပိုမိုမြင့်တက်လာ

CoverLogo
1.4K Views

ပြည်တွင်းမှာ  စစ်အာဏာသိမ်းပြီးနောက်  အလုပ်အကိုင်ရှားပါးမှုတွေ မြင့်တက်လာတာကြောင့်  ပြည်ပနိုင်ငံအသီးသီးသို့ သွားရောက်လုပ်ကိုင်တဲ့  မြန်မာအလုပ်သမားတွေဟာလည်း  ပြည်ပထွက်ခွာမှု ၇၅ရာခိုင်နှုန်းခန့်အထိ ပိုမိုမြင့်တက်လာတယ်လို့  သိရပါတယ်။
 
"ပြည်ပကိုသွားနေကြတာကတော့ တစ်နိုင်ငံလုံးနီးပါးပဲ။  ပြည်တွင်းကစီးပွားရေးကလည်း အတော်ကျဆင်းနေပြီ။ ဒေါ်လာဈေးတက်ဈေးနဲ့ကို သွားဖို့စောင့်ဆိုင်းနေကြတာတွေ  စာအုပ်ထပ်နေကြတာတွေအများကြီးပဲ။ မလေးရှားကိုသွားချင်တဲ့လုပ်သားတွေဆို  သြဂုတ်လကဆိုရင် ပုံမှန်ထက် ထက်၀က်ကျော်အထိ စာအုပ်လာထပ် တာတွေ့ရတယ်"လို့  ပြည်ပသို့လုပ်သားပို့ဆောင်ပေးနေတဲ့ အေဂျင်စီတစ်ခုမှ  လုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ပထမနှစ်၀က်မှာတင်ပဲ  ပြည်တွင်းအလုပ်အကိုင်ဆုံးရှုံးကာ အလုပ်လက်မဲ့ဦးရေဟာ ၁ဒသမ ၈သန်းကျော်ရှိလာတာဖြစ်ပြီး  အလုပ်အကိုင်ရရှိရန် ပြည်ပသို့ထွက်ခွာလိုသူတွေဟာလည်း ပိုမိုမြင့်တက် လာခြင်းဖြစ်ရာ ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်မှုပထမအများဆုံးဖြစ်ကာ ဒုတိယအများဆုံးအဖြစ် မလေးရှားနိုင်ငံက နေရာယူထားပြီး တတိယကတော့ဂျပန်နိုင်ငံဖြစ်တယ်လို့ သိရပါတယ်။ 

"မြန်မာနိုင်ငံမှာက စစ်ဘေးရောစီးပွားရေးကျဆင်းနေတာရောဆိုတော့ ပြည်ပကိုပဲအားသန်ကြတာပေါ့။ ထိုင်းနိုင်ငံထဲမှာဆိုရင် ပြည်ပနိုင်ငံခြားသား၀င်ရောက်လာမှုတွေပိုမြင့်မားလာတယ်။ အဲ့မှာဆိုမြန်မာနိုင်ငံသားကအများဆုံးပါပဲ"လို့ ထိုင်းရောက်မြန်မာအလုပ်သမားအရေးဆောင်ရွက်သူတစ်ဦးက ဆိုပါတယ်။  

ထိုင်းနိုင်ငံမှာပြည်ပနိုင်ငံခြားသား၀င်ရောက်လာမှုပိုမိုမြင့်တက်လာခဲ့ရာမှာ မြန်မာနိုင်ငံသား ၇၂ ရာခိုင်နှုန်းဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံသား ၁၉ ရာခိုင်နှုန်းနဲ့ လာအိုနိုင်ငံသား ၉ရာခိုင်နှုန်းစီမြင့်တက်လာခဲ့တာပဲဖြစ်ပါတယ်။

မြင့်တက်လာမှုအရ တရားမ၀င်၀င်ရောက်လာမှုများပြားလာရာ ဖမ်းဆီးခံရပြီး ပြန်လည်ပို့ဆောင်ခံရသူ ၆သောင်းကျော်ရှိပြီး အာဏာသိမ်းပြီးနောက်၀င်ရောက်လာသူ ယခုနှစ်ပန်းရောက်ကတ်ပြုလုပ်ထားသူ ၆သိန်းကျော်နဲ့ ၂၀၂၀ မှ ၂၀၂၂အထိ  နေထိုင်ခွင့်အလုပ်လုပ်ကိုင်ခွင့် ဒုတိယအကြိန်မြောက် ပန်းရောင်ကတ်ပြုလုပ်ပေးမှုအရ  စုစုပေါင်း မြန်မာအလုပ်သမား၀င်ရောက်လာမှု ၁၂၂၇၆၈၂ အထိ ရှိကာ မူလလူဟောင်းသုံးသန်းခန့်ရှိတယ်လို့လည်း သိရပါတယ်။

"အဲ့ဒီလိုပြည်ပထွက်ခွာလိုသူလုပ်သားများပြားလာခြင်းကြောင့်  ပြည်ပသို့လုပ်သားစေလွှတ်ပေးရန် ၀န်ဆောင်မှုပေးလိုတဲ့လုပ်ငန်းရှင်များအနေနဲ့  လိုင်စင်လျှောက်ထားနိုင်တယ်လို့လည်း ထုတ်ပြန်ကြေညာထားပါတယ်။ လက်ရှိမှာပြည်ပသို့လုပ်သားစေလွှတ်ပေးနေတဲ့ လိုင်စင်ရအေဂျင်စီ ၃၄၃ ခုရှိနေပြီး ယာယီပိတ်သိမ်းထားတဲ့ကုမ္ပဏီ ၄ ခုရှိရာ လက်ရှိလုပ်ငန်းလည်ပတ်နေတဲ့အေဂျင်စီ ၃၃၉ ခုရှိတယ်လို့ သိရပါတယ်။

အဆိုပါအေဂျင်စီတွေဟာ ထိုင်နိုင်ငံ ဂျပန်နိုင်ငံ  နဲ့ မလေးရှားနိုင်ငံသို့ အများဆုံးပို့ဆောင်ပေးနေကြခြင်းဖြစ်ပြီး  အလွယ်တကူနဲ့ အချိန်တိုအတွင်းသွားလို့ရနိုင်တဲ့ ထိုင်းနိုင်ငံကို  အများဆုံးပို့ဆောင်ပေးနေရခြင်းဖြစ်တယ်လို့ သိရပါတယ်။ တောင်ကိုရီးယားသို့ သွားရောက်လိုသူများကိုမူ  အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီက ပို့ဆောင်နေတာဖြစ်ပါတယ်။

MyanmarLabourNews


Related posts

Cover
Casico Garment Limited စက်ရုံ အချိန်ပိုအလွန်အကျွံခေါ်ခိုင်း၊ အလုပ်သမားများအား ဆဲဆို ခွဲခြားဆက်ဆံ
Jun 17, 2025
Cover
Rong da အထည်ချုပ် စက်ရုံ တောင်းဆိုမှု ညှိနှိုင်းနေဆဲ
Jun 17, 2025
Cover
Rongda အထည်ချုပ် စက်ရုံ တောင်းဆိုမှု ပြုလုပ်
Jun 17, 2025
Cover
မြန်မာတစ်ဦး နေရပ်ပြန်ပို့ရန် မိသားစုဝင်များနှင့် အဆက်သွယ်မရဖြစ်နေ
Jun 17, 2025
Cover
FOA ချိုးဖောက်တဲ့အပေါ် ဖြေရှင်းပေးဖို့ Dishang Fashion (Myanmar) အလုပ်သမားတွေဆန္ဒဖော်ထုတ်
Jun 17, 2025
Cover
Rum Yang အထည်ချုပ်စက်ရုံလုပ်သားများ အား တိုင်းဦးစီးခြိမ်းခြောက်၊ တောင်းဆိုမှု ရပ်တန့်
Jun 16, 2025
Cover
Dong Chen Handbag စက်ရုံမှူး ကိုယ်ထိလက်ရောက် ကျူးလွန်ပြီး ကြီးကြပ်ရေးမှူးများမှ ဆဲဆို ခိုင်းစေ
Jun 16, 2025
Cover
Mai Yi Bei (Yangon) အော်စူပါ လာဘ်ယူ အလုပ်ခန့်၊ အလုပ်သမားလစာပါ ဖြတ်ယူ
Jun 16, 2025