NEWS

အလုပ်သွင်းပေးမည်ဆိုကာ မြန်မာလုပ်သား ၆၀ နီးပါးထံမှ အလုပ်စမတ်ခများ လိမ်ယူသွား

CoverLogo
466 Views
 
ထိုင်းနိုင်ငံ၊ မဟာချိုင်၊ ဝေလ(ဝပ်ထောင်)လမ်းမှာ နေတဲ့ ပွဲစား မငယ်ဆိုသူနဲ့သူရဲ့အမျိုးသား(လူကြိုပေးသူ) တို့က တစ်ခါသုံးပလပ်စတစ်ခွက်ရုံမှာ အလုပ်သွင်းပေးမယ်ဆိုကာ မြန်မာလုပ်သား ၆၀ နီးပါးထံမှ ကျန့်ခေါက်ခနှင့်စမတ်ခများ လိမ်လည်ထွက်ပြေးမှု ဖြစ်ပွားခဲ့တယ်လို့ ထိုင်းရောက်မြန်မာအလုပ်သမားအရေးကူညီပေးနေတဲ့ WAG အလုပ်သမားမဟာမိတ်အဖွဲ့ ထံမှ သိရပါတယ်။
 
မြန်မာပွဲစား မငယ်ဆိုသူ က တစ်ခါသုံးပလပ်စတစ်ခွက်ရုံ မှာ အလုပ်သွင်းပေးမည်ဟု ဆိုကာ အလုပ်သမားတွေ ကို သူမရဲ့ အခန်းသို့‌ခေါ်ယူကာ လူတစ်ဦးကို ကျန်းခေါက်ခနှင့်စမတ်ခဘတ် ၅၀၀၀ ယူခဲ့တယ်လို့ ဆိုပါတယ်။
 
မြန်မာလုပ်သား ၆၀ နီးပါးထံမှ ကျန့်ခေါက်ခနဲ့စမတ်ခ စုစုပေါင်း ဘတ် ၃ သိန်းနီးပါးယူပြီးနောက် အလုပ်မသွင်းပေးဘဲ ဟိုရက်ဒီရက် ရွှေ့ဆိုင်းနေတဲ့ အတွက် အလုပ်သမားတွေက သွင်းထားငွေ ပြန်တောင်း တဲ့အခါ စက်တင်ဘာ၅ရက် နေ့ ပြန်ပေးမယ် ပြောပြီး နေအိမ်အခန်းမှ ထွက်ပြေးပုန်းရှောင်နေတယ်လို့ သိရပါတယ်။
 
""မြန်မာလူမျိုး အချင်းချင်း ခေါင်းပုံဖြတ်တာ မဟာချိုင်က မငယ်ဆိုတဲ့ ပွဲစား အလုပ်သွင်းပေးမယ်ဆိုပြီး တစ်ဦးကို ဘတ်၅၀၀၀ နဲ့ လူဦးရေ ၆၀နီးပါး ဆီက ငွေယူပြီး အလုပ်ကိုသေချာမသွင်းပေးဘူး ပိုက်ဆံ ပြန်တောင်းတော့ရွာကခြံပေါင်ပြီး ၉လပိုင်း၅ရက်နေ့ အတိအကျပြန်ပေးမယ်ဆိုပြီးချိန်းတယ် သူတို့ကိုသွားရှာတော့ အခန်းမှာ မရှိတော့ဘူး သူ့အမျိုးသားပါ ရှောင်နေတယ် ဒါကြောင့် နစ်နာသူအလုပ်သမားတွေက ကျွန်တော်တို့ WAGအဖွဲ့ကို အကူညီတောင်းခံလာတာ""လို့ WAG အလုပ်သမားမဟာမိတ်အဖွဲ့ မှ အဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
 
လုပ်သားတွေရဲ့ အလုပ်စမတ်ခ တွေ လိမ်ပြေးတဲ့ မြန်မာပွဲစား မငယ် ကို စက်တင်ဘာ၈ရက် တနင်္လာနေ့ မနက်၈နာရီ မှာ မဟာချိုင် ၄ထပ် ရဲစခန်းမှာ နစ်နာသူ အလုပ်သမားတွေက အမှုဖွင့်တိုင်ကြားမှာ ဖြစ်တဲ့ အတွက် အလိမ်ခံထားရသူတွေ အနေနဲ့ မိမိသဘောအရ လာရောက် တိုင်ကြားနိုင်ပြီး WAGအလုပ်သမားမဟာမိတ်အဖွဲ့မှ လိုက်ပါကူညီပေးမယ်လို့ အသိပေးထားပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026