NEWS

အလုပ်သမားများ နစ်နာမှုများအား ပြည်ပအလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီ ဆွေးနွေးခြင်းမရှိ

CoverLogo
579 Views
 
အလုပ်သမားဝန်ကြီးဌာန၊ ပြည်ပတွင်အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီက ရွှေ့ပြောင်းလုပ်သားတွေ ပြည်ပမှာ အဆင်ပြေစွာ အလုပ်အကိုင်ရရှိရေး အစည်းအဝေးကို ဧပြီလ(၅)ရက်မှာ ပြုလုပ်ခဲ့ပေမဲ့ ပြည်ပမှာ သွားရောက် လုပ်ကိုင်သူတွေနဲ့ သွားရောက်လုပ်ကိုင်ဖို့ ပြင်ဆင်နေတဲ့ အလုပ်သမားတွေရဲ့ နစ်နာ နေမှုတွေကို ဖြေရှင်းဖို့ ဆွေးနွေးညှိနှိုင်းတာတွေ ပြုလုပ်ခဲ့တာကို မတွေ့ရပါဘူး။
 
လက်ရှိ ပြည်တွင်းမှာ ပြည်ပကို သွားရောက် လုပ်ကိုင်လိုသူ အရေအတွက် သိသိသာသာများနေပြီး ငွေကြေး လိမ်လည်ခံရ တာတွေ၊ သတ််မှတ် ဝန်ဆောင်ခထက် ပိုမို ပေးချေရတာတွေ၊ လုပ်ငန်းခွင်မှာ ရပိုင်ခွင့် အခွင့်အရေး ဆုံးရှုံးနေတွေနဲ့ လုပ်ခလစာ မရရှိတာတွေ ဖြစ်ပွားနေပေမဲ့ အလုပ်သမားဝန်ကြီးဌာန ကြပ်မတ် ဆောင်ရွက်တာ မရှိဘူးလို့ အလုပ်သမားကူညီရေးအဖွဲ့တွေက ပြောပါတယ်။
စစ်အာဏာမသိမ်းမီကာလက ဒီလိုအခြေအနေကို အလုပ်သမားအရေးကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့အ စည်းတွေနဲ့ MOEAF အဖွဲ့ချုပ်က တာဝန်ရှိသူတွေ ပူးပေါင်း ဖြေရှင်းတာတွေရှိခဲ့ပေမယ့် လက်ရှိ ရပ်ဆိုင်းနေ ပါတယ်။
 
ပြည်ပတွင်အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီ အစည်းအဝေးမှာ CI ကတ်ထုတ်ပေးတဲ့ အခြေအနေ၊ ဝင်ငွေခွန်ကောက်ခံတာနဲ့ e-ID အချက်အလက် ကောက်ယူတာ၊ အလုပ်သမားတွေရဲ့ ဝင်ငွေခွန်ကောက်ခံတာနဲ့ လုပ်ခလစာ လွှဲပြောင်းရာမှာ သတ်မှတ်ထားတဲ့ နည်းလမ်းတွေနဲ့ လွဲပြောင်းဖို့ ကိစ္စတွေကိုတော့ ဆွေးနွေးသွား တာကို သတင်းမှာ ဖော်ပြထားပါတယ်။
 
“အပြင်မှာ ဝန်ဆောင်ခ ပိုက်ဆံတွေ ပိုပေးနေရတယ်။ ပိုက်ဆံတွေပေးထားပြီး ဘယ်တော့ ထွက်ရမလဲဆို တာလည်း မသိရဘူး။ ဝန်ကြီးဌာနက ထုတ်ပြန်ရင် အကုန် အဆင်ပြေနေတာပါပဲ။ လက်တွေ့ဖြစ်နေတဲ့ အခြေအနေတွေကို သေချာ ကြပ်မတ် စေချင်တယ်”လို့ ပြည်ပမှာ သွားရောက်လုပ်ကိုင်ဖို့ စောင့်ဆိုင်းနေ သူ တဦးက ပြောပါတယ်။
 
အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်တဲ့ အချက်အလက်တွေအရ လိုင်စင်ရ အေဂျင်စီ အရေအတွက်ဟာ ၅၂၂ ခု အထိရှိပြီး ဒီအရေအတွက်က စစ်တပ်က အာဏာမသိမ်းမီကထက် နှစ်ဆနီးပါးတိုးလာတာ ဖြစ်ပါတယ်။
 
“ငွေဈေးကြောင့် ဝန်ဆောင်ခတွေ ဈေးတက်တာ လက်ခံပါတယ်။ ဒါပေမယ့် ဝန်ကြီးဌာနကလည်း လက်တွေ့ကျတဲ့ နှုန်းတခု သတ်မှတ်၊ ပိုကောက်ရင် အရေးယူ။ တိုင်တာတွေကို ထိထိရောက်ရောက် ဖြေရှင်းပေးမယ်ဆိုရင်၊ လက်ရှိ ဖြစ်နေတာတွေ ငြိမ်သွားမှာ။ အခု ဘယ်လို တိုင်ရမလဲကို မသိရတော့တာ။ ဝန်ကြီးဌာနကလည်း တိုင်မယ်ဆို စာတင်ထား၊ ဒါပဲရတယ်။ အဲဒါတွေကို ထိထိရောက်ရောက် ဖြေရှင်းပေး ဖို့လိုတယ်”လို့ ပြည်ပမှာ အလုပ်သွားရောက် လုပ်ကိုင်ဖို့ ပြင်ဆင်နေသူတဦးက ပြောပါတယ်။
 
အာဏာသိမ်းပြီးနောက်ပိုင်းနဲ့ စစ်မှုထမ်းဥပဒေ ထွက်ပေါ်လာပြီးနောက် ပြည်ပအလုပ်အကိုင် ဈေးကွက်ဟာ ကြီးထွားလာတာကြောင့် စစ်တပ်နဲ့ ပတ်သတ် ဆက်နွယ်သူတွေ နဲ့ စီးပွားရေး လုပ်ငန်းရှင်တွေပါ ဝင်ရောက် လုပ်ကိုင်နေတယ်လို့ သိရပါတယ်။

Related posts

Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
မြန်မာနိုင်ငံသားများကို အတင်းအဓမ္မ နေရပ်ပြန်ပို့မှု ချက်ချင်းရပ်တန့်ရန် APHR တိုက်တွန်း
May 29, 2026
Cover
မလေးရှားတွင် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာလုပ်သား ၁၀၀ နီးပါးကို နေရပ်ပြန်ပို့
May 25, 2026
Cover
စက်ရုံဝန်းအတွင်း အရက်၊ ဘီယာ သောက်သုံး၊ရောင်းချပါက အလုပ်ထုတ်ပြီး ပြစ်နှင်ဒဏ်ပေးနိုင်သော ဥပဒေသစ်ပြဌာန်း
May 21, 2026
Cover
အထောက်အထားမဲ့ လုပ်သားတွေကို ၃ လစီမံချက်နဲ့ ဖမ်းဆီးမယ့် သတင်းကြောင့် မြန်မာလုပ်သားတွေ စိတ်ပူနေရ
May 15, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026