NEWS

အလုပ်လုပ်ဖို့ ပွဲစားကို ဘတ်တစ်သောင်းခွဲ ပေးပြီးလာရတဲ့  မြန်မာအလုပ်သမား ၄၉ ဦး အဖမ်းခံရ

CoverLogo
425 Views

ထိုင်းနိုင်ငံ မဟာချိုင်မှာ အလုပ်လုပ်ဖို့ ပွဲစား ဆိုသူ ကို ဘတ်တစ်သောင်းခွဲ ပေးပြီး လာတဲ့  အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၄၉ ဦး ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းတွေ မှာဖေါ်ပြထားပါတယ်။ 

 

ဖေဖေါ်ဝါရီလ ၂၈ရက် ည ၉နာရီ ခန့် က ထိုင်းအာဏာပိုင်တွေ လှည့်ကင်းစစ်ဆေးဆောင်ရွက်နေချိန်  ထိုင်းနယ်စပ် စံခလဘူရီမြို့နယ် တောအုပ် တစ်ခု ထဲ မှာ ပုန်းအောင်းနေတဲ့ မြန်မာအလုပ်သမား ၄၉ဦး ကိုတွေ့ရှိခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

 

ဖမ်းဆီးခံရတဲ့ မြန်မာအလုပ်သမားတွေ ကို စစ်ဆေးမေးမြန်း တဲ့ အခါ နယ်စပ်လမ်းကြောင်းကနေ တစ်ဆင့် ထိုင်း နိုင်ငံ အတွင်း ကို ဝင်ရောက်လာတာ ဖြစ်ကာ စမွတ်စခွန်ခရိုင် မဟာချိုင် မှာ အလုပ်လုပ်ကိုင် ဖို့ အတွက် ပွဲစား ကို တစ်ဦး လျှင် ဘတ်တစ်သောင်းခွဲ ပေးခဲ့ရတယ် လို့ ထွက်ဆိုထားပါတယ်။ 

 

၎င်းမြန်မာရွှေ့ပြောင်းအလုပ်သမား ၄၉ဦး ကို ဥပဒေ အရ အရေးယူဖို့ အတွက် Sangkhlaburi ရဲစခန်း ကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။ 

 

ဖေဖေါ်ဝါရီ ၂၆ရက် က လည်း ထိုင်းကနေ တစ်ဆင့် မလေးရှားကို သွားရောက် မယ့် အထောက်အထားမဲ့ 

မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၈ဦးဟာ ပွဲစားခ ဘတ်၂သောင်း ပေးခဲ့ရပေမယ့် ထိုင်းနိုင်ငံအတွင်း အဖမ်းခံခဲ့ရတယ်လို့ သိရပါတယ်။ 

Ref-Matchion Online 


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026