NEWS

အလုပ်လုပ်ခွင့်လက်မှတ် (Work Permit )မရှိဘဲ အလုပ်လုပ် ပါက ဒဏ်ကြေးပေးရမည့်အပြင် ပြည်ဝင်ခွင့် ၂နှစ် ပိတ်သိမ်းမည်ဟု ထိုင်းအစိုးရသတိပေး

CoverLogo
388 Views

အလုပ်လုပ်ခွင့်လက်မှတ် (Work Permit )မရှိဘဲအလုပ်လုပ်​​နေသူတွေနဲ့တားမြစ်ထားတဲ့ လုပ်ငန်းအမျိုးအစား တွေ ကို လုပ်ကိုင်နေတဲ့ မြန်မာအပါအဝင် ရွှေ့ပြောင်း လုပ်သား တွေ့ရှိပါက ဒဏ်ကြေးအပြင် ပြည်ဝင်ခွင့်ပါ ၂နှစ် ပိတ်သိမ်း အရေးယူမယ်လို့ထိုင်းအစိုးရရဲ့ အလုပ်သမားဝန်ကြီးဌာန​က သတိပေး ထုတ်ပြန်လာပါတယ်။ 

 

ရွှေ့ပြောင်းလုပ်သားတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေ  စစ်ဆေး တဲ့အခါ (Work Permit )မရှိဘဲ အလုပ်လုပ်ခြင်း၊ တားမြစ်ထားတဲ့ လုပ်ငန်း လုပ်ကိုင်ခြင်း တွေ့ရှိပါက အပြစ်ဒဏ်အဖြစ် ဒဏ်ငွေ အနိမ့်ဆုံး ၅,၀၀၀ ဘတ် မှ အမြင့်ဆုံး ၅၀၀၀၀ ဘတ် အထိ ပေးဆောင်ရမှာ ဖြစ်သလို  ပြည်ဝင်ခွင့်ကိုလည်း (၂)နှစ်ပိတ်ခံရမှာ ဖြစ်ပါတယ်။ 

 

ဒါကြောင့် ဗီဇာနဲ့ Work Permit သက်တမ်းတိုးထားဖို့ရန် နဲ့ သက်တမ်းတိုးဖို့ Name List တင်ထားတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေ အနေနဲ့ ကျန်ရှိတဲ့ လုပ်ငန်းစဉ်တွေ ကို သတ်မှတ်ကာလအတွင်း လုပ်ဆောင်ကြဖို့ ထိုင်းအစိုးရက အသိပေးထားပါတယ်။ 

 

ထိုင်းနိုင်ငံ အတွင်း လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းလုပ်သား တွေ ဖြစ်တဲ့ မြန်မာ၊ လာအို၊ ကမ္ဘေဒီးယား၊ ဗီယမ်နမ် နိုင်ငံသားတွေ ထဲ မှ လာအိုနဲ့ ဗီယမ်နမ် နိုင်ငံသား    Name List အမည်စာရင်း ကျပြီးသူတွေ အနေနဲ့ မေလ ၁၃ ရက် နောက်ဆုံးထားပြီး အလုပ်လုပ်ခွင့်ပါမစ် ကို လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ 

 

မြန်မာနဲ့ ကမ္ဘောဒီးယား အလုပ်သမား တွေ  ကိုတော့ Name list ရထားပြီးပါက ၂၀၂၅ခုနှစ် ဩဂုတ်လ ၁၃ရက် အတွင်း အပြီး လုပ်ရမှာ ဖြစ်တယ်လို့ ထိုင်းအစိုးရက ထုတ်ပြန်ထားပါတယ်။ 


Related posts

Cover
ထိုင်းတောင်ပိုင်း ဟက်ယိုင်မြို့ရေဆက်ကြီးနေပြီး မြန်မာအလုပ်သမားများအကူအညီလိုအပ်နေ
Nov 30, 2025
Cover
ဖော့ကျိတ်စက် ကြိတ်မိသေဆုံးသွားသောမြန်မာလုပ်သားအတွက် နစ်နာကြေးရရှိရေးညှိနှိုင်းနေ
Nov 30, 2025
Cover
ထိုင်းတွင် မြန်မာလုပ်သားတစ်ဦး လုပ်ငန်းခွင်အတွင်း ဖော့ကလစ်ကား(forklift) ပိမိပြီး သေဆုံး
Nov 22, 2025
Cover
မလေးရှားတွင်အထောက် အထားမရှိသည့် မြန်မာလုပ်သား ၂၀၀ ခန့် အဖမ်းခံရ
Nov 21, 2025
Cover
ထိုင်းတွင် မြန်မာလုပ်သား တစ်ဦး ကြိတ်စက်ထဲ ပြုတ်ကျ သေဆုံးမှုဖြစ်ပွား
Nov 21, 2025
Cover
အကြောင်းအမျိုးမျိုးဖြင့် အဖမ်းခံရသည့် မြန်မာနိုင်ငံသားများ နေရပ်ပြန်ပို့ရေး မြန်မာ-တရုတ် နှစ်နိုင်ငံ MOU ရေးထိုး
Nov 21, 2025
Cover
ပြည်ပအလုပ်အကိုင်အတွက် EC စာချုပ် ချုပ်ပြီး တစ်နှစ်နီးပါးအထိ ထွက်ခွာခွင့်မရတဲ့အလုပ်သမားတွေ အခက်ကြုံနေ
Nov 21, 2025
Cover
ဘန်ကောက်တွင် အလုပ်လုပ်ရန် နယ်စပ် ဖြတ်ကျော်သည့် မြန်မာလုပ်သား ၃၆ ဦး အဖမ်းခံရ
Nov 21, 2025