NEWS

အလုပ်လုပ်ခွင့်ခွင့်ပြုချက် Work Permit သက်တမ်းကုန်သူများ ဒီဇင်ဘာ ၃၁ ရက်နောက်ဆုံးထား သက်တမ်းတိုးဖို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနသတိပေး

CoverLogo
405 Views
 
ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနက လုပ်ငန်းခွင်နေထိုင်ခွင့်နဲ့ အလုပ်လုပ်ခွင့် သက်တမ်းကုန်ဆုံးသွားတဲ့ မြန်မာအလုပ်သမားများ ဒီဇင်ဘာ ၃၁ရက် နောက်ဆုံးထားသက်တမ်းတိုးဖို့ အသိပေးချက် ထုတ်ပြန်လိုက်ပါတယ်။
၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၁၃ ရက်နေ့မှာအလုပ်လုပ်ခွင့် သက်တမ်း ကုန်ဆုံးခဲ့သူတွေဟာ လာမယ့်ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထား သက်တမ်းတိုးရမှာ ဖြစ်ပါတယ်။
 
သက်တမ်းတိုးအတွက် လိုအပ်ချက်တွေကတော့ အလုပ်ရှင် သို့မဟုတ် အလုပ်သမားခေါ်ယူတဲ့ကုမ္ပဏီက နိုင်ငံခြားသားအလုပ်သမားကိုယ်စား အလုပ်လုပ်ခွင့်လျှောက်လွှာ နဲ့ လိုအပ်တဲ့စာရွက်စာတမ်းတွေကို အွန်လိုင်း ကနေတစ်ဆင့် တင်ရမှာဖြစ်ပြီး လျှောက်လွှာတင်ပြီးပါက သတ်မှတ်ထားတဲ့ဆေရုံဆေးခန်းတွေမှာ ဆေးစစ်ရမှာဖြစ်တယ်လို့သိရပါတယ်။
 
အလုပ်ရှင်မှ အလုပ်လုပ်ခွင့်သက်တမ်း ၂ နှစ်အတွက် အခကြေးငွေ ပေးဆောင်ရမှာဖြစ်ကာ အလုပ်သမားရုံးမှ 
လျှောက်လွှာလက်ခံကြောင်းထောက်ခံစာနဲ့ ငွေဖြတ်ပိုင်းရပါက အလုပ်သမားက ယာယီနေထိုင်ခွင့်ဗီဇာ (Non-Immigrant - LA) သက်တမ်းတိုးဖို့အတွက် လူဝင်မှုကြီးကြပ်ရေးရုံး ကို သွားရောက်ဆောင်ရွက်ရမယ်လို့ သိရပါတယ်။
 
လုပ်ငန်းစဉ်အားလုံးပြီးပါက အလုပ်သမားဟာ ၂၀၂၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ အထိ ၂ နှစ် နေထိုင်ခွင့်ရရှိမှာဖြစ်ပြီး အချိန်မှီ သက်တမ်းမတိုးထားပါက ဥပဒေအရ အရေးယူမယ်လို့ ဆိုပါတယ်။
 
အလုပ်သမားတွေ အနေနဲ့ သက်တမ်းတိုး လုပ်ဆောင်မှု မှာ တစ်စုံတစ်ရာ အခက်ခဲရှိပါက အလုပ်သမားဝန်ကြီးဌာနထံ ဆက်သွယ် အကူညီတောင်းခံ နိုင်တယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026