NEWS

အလုပ်​လုပ်ကိုင်ရင်းမတော်တဆသေဆုံးသွားသော မြန်မာလုပ်သားနစ်နာကြေးရရှိရေးဆောင်ရွက်နေ

CoverLogo
447 Views
 
ထိုင်းနိုင်ငံ၊ ချွန်ပူလီခရိုင်၊ ဘန်ဘိုမြို့ရှိ ကားရေဆေးတဲ့ အလုပ်ရုံမှာ လုပ်ကိုင်နေတဲ့ PJ ပတ်စပို့ကိုင်ဆောင်ထားသော မြန်မာအလုပ်သမားကိုစည်သူအောင် အသက်(၂၇)ဟာ စက်တင်ဘာ ၂၉ ရက်နေ့ နေ့လည်(၁၁နာရီ )အချိန်တွင်လုပ်ငန်းခွင်အတွင်းမတော်တဆဖြစ်ကာသေဆုံးသွားတဲ့ အတွက်နစ်နာကြေးရရှိရန်ကူညီဆောင်ရွက်ပေးနေကြောင်း WAG အလုပ်သမားမဟာမိတ်အဖွဲ့ခေါင်းဆောင်ကိုမုန်တိုင်းက Myanmar Labour News ကိုပြောပါတယ်။
 
ကိုစည်သူအောင်သည်စက်တင်ဘာ၂၉ ရက် နေ့လယ်၁၁နာရီက ကားရေဆေးရန်အတွက် ကားကိုခုံပေါ်သို့နေရာမကျသေးသဖြင့် လမ်းပြရာမှ ကားမောင်းသူလုပ်ဖော်ကိုင်ဖက်မြန်မာနိုင်ငံသား မှာ လီဗာနှင့်ဘရိတ်မှားနှင်းမိပြီး ကိုစည်သူအောင်အားဝင်တိုက်မိကာ ကားခေါင်းနှင့် အုတ်နံရံကြားညှပ်ကာမေ့မျောသွားခဲ့ခြင်းဖြစ်ကာ မွန်းလွဲနှစ်နာရီခန့်တွင်ချွန်ပူလီဆေးရုံသို့ပို့ဆောင် ဆေးကုသမှုခံယူခဲ့သော်လည်း မွန်းလွဲနှစ်နာရီခွဲခန့် မှာ သေဆုံးသွားခဲ့တာပါ။
 
အဆိုပါမတော်တဆမှုအတွက်ရဲစခန်းမှ စကားပြန်မှစက်တင်ဘာ ၃၀ ရက်နေ့လယ် ၁၁ နာရီခန့်တွင်ကိုစည်သူအောင်၏ ညီအရင်းဖြစ်သူ ကိုနိုင်လွင်ဦးအား ကားထော်လော်ဘော်မှ နစ်နာကြေး(၅၀၀၀၀၀ )ဘတ်ပေး မည်ဖြစ်ကာအလုပ်ရှင်သူဌေးမှလည်း သင်္ဂြိုလ်ရန်နှင့်နစ်နာကြေးအတွတ် (၄၀၀၀၀ )ဘတ်ပေးမည်ပြောကာ အဆိုပါ နစ်နာကြေးအား မကျေနပ်ပါက ယာဥ်မောင်း ကျူးလွန်သူအား အမှုဖွင့်တိုင်ကြား တောင်းဆိုနိုင်သည်ဟုသူဌေးဖြစ်သူမှပြောကြားခဲ့ကြောင်းသိရပါတယ်။
 
"သူဌေးနဲ့ညှိတာသူဌေးကလက်မခံသေးဘူး။အဲ့ဒီအတွက်မြို့နယ်ရုံးတွေကိုတော့အကူအညီတောင်းနေရတုန်းဘဲ။သူဌေးကတော့ကရုဏာကြေးဘဲပေါ့ လုပ်မယ်ဆိုရင်မင်းတို့မြန်မာပြည်သားဖြစ်တယ် သူ့ကိုအမှုစွဲ ပြောတော့ လက်ရှိသက်ဆိုင်ရာအဖွဲ့အစည်းတွေကိုကျွန်တော်တို့ဆက်သွယ်အကူအညီတောင်းခံနေတယ်။"လို့ ကိုမုန်တိုင်းကပြောပါတယ်။
WAG အလုပ်သမားမဟာမိတ်အဖွဲ့မှ အလောင်းသင်္ဂြိုလ်ရန်နှင့် နစ်နာကြေးပြန်လည်ရရှိရန်အတွက် သေဆုံးသူ၏ညီဖြစ်သူနှင့် သွားရောက်တွေ့ဆုံပြီး ကူညီဆောင်ရွက်ပေးနေကြောင်းသိရပါတယ်။

Related posts

Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026
Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026