NEWS

အလုပ်ရှာပေးမယ်ဆိုကာ ငွေကြေးရယူသွားတဲ့ ပွဲစားကို အလုပ်သမားအဖွဲ့စည်းထံ တိုင်ကြား

CoverLogo
376 Views

ထိုင်းနိုင်ငံ မဟာချိုင် ဝပ်ကေသုန်အနီး မှာ နေထိုင်တဲ့ မြန်မာအလုပ်သမား ၈ ဦးထံ မှ  ပွဲစားတစ်ဦးက အလုပ်ရှာပေးမယ်ဆိုကာ ငွေများ လိမ်လည်သွားတဲ့ အတွက် နစ်နာသူအလုပ်သမားတွေက အလုပ်သမားအဖွဲ့စည်းထံ အကူညီတောင်း တိုင်ကြားခဲ့တာမှ ပွဲစားဆိုသူက ငွေများပြန်ပေးခဲ့တယ်လို့ ထိုင်းရောက်အလုပ်သမားအရေးကူညီပေးနေတဲ့(MHAC) မဟာမိတ်အဖွဲ့ထံ က သိရပါတယ်။ 

မြန်မာအလုပ်သမား ၈ ဦးဟာ  ပွဲစားတစ်ဦးနဲ့  ကျန့်ခေါက်ရန်အတွက်ပိုက်ဆံနှင့် အလုပ်အတွက် စမက်ကြေး တစ်ဦး လျှင် စုစုပေါင်း (၇၅၀၀)ဘတ်ကို ဘဏ်ကနေ လွှဲပေးခဲ့ပေမယ့်  တစ်လကျော်ကြာလာတဲ့အထိ အလုပ်လည်းမရ ကျန့်ခေါက်စာရွက်လည်း မပေးတာမို့  အေအေစီ ကိုရဲမင်းဦးဆောင်သော (MHAC)မဟာမိတ်အဖွဲ့သို့ ကူညီဆောင်ရွက်ပေးပါရန် ဆက်သွယ်ခဲ့တယ်လို့ ဆိုပါတယ်။ 

အလုပ်သမားများ တိုင်ကြားတဲ့အပေါ်  (MHAC) မဟာမိတ်အဖွဲ့မှ  အလုပ်သမားများကို ခေါ်ဆောင်ကာ  မဟာချိုင် (ကျဟာငံ )ရုံးမှာ ခေါမူ စစ်ကြည့်တဲ့ အခါ အလုပ်သမားများမှာ  သဌေးသစ်နဲ့ ကျန့်မခေါက်ရသေးပဲ သဌေးဟောင်းအမည်နှင့်သာ ရှိနေပြီး ကျန့်အော့သေနေကြပြီ ဖြစ်တယ်လို့ သိရပါတယ်။ 

ဒီအတွက် အလုပ်သမားတွေ အပ်နှံထားတဲ့  ပွဲစားထံ ဖုန်းဖြင့်ဆက်သွယ်ပြီး  MHAC ရုံးမှာ လာရောက်ဖြေရှင်းပေးဖို့  ပြောကြားခဲ့ကာ ၎င်းအကျိုးဆောင်ပွဲစားမှ MHAC ရုံးသို့လာရောက်ခဲ့ပြီး အလုပ်သမားများ ပေးထားတဲ့ အလုပ်စမက်ကြေးငွေ (၂၄၀၀၀)ဘတ်ကို အရင်ပြန်ပေးပြီး ကျန့်ခေါက်ထားတဲ့ ကျန့်ခေါက်စာရွက်နှင့် ဘိုင်ကျန့်အော့ကိုအောက်တိုဘာ ၂၉ရက်မှာ အလုပ်သမား လက်ဝယ်သို့ (MHAC) ရုံးတွင် လာရောက်အပ်နှံပါမယ်လို့  ပြောခဲ့သည့်အတွက် အလုပ်သမားများနှင့် သဘောတူညီမှု ရရှိခဲ့တယ်လို့ သိရပါတယ်။ 

အလုပ်သမားတွေကို တာဝန်ယူမှုအပြည့်နှင့် ပြန်လည် တာဝန်ယူ ဖြေရှင်းပေးတဲ့  အကျိုးဆောင်ပွဲစားများရှိသလို တာဝန်မယူ လိမ်လည်တိမ်းရှောင်နေတဲ့  ပွဲစားတွေ လည်း အများကြီးရှိတာ မို့ ထိုင်းရောက်မြန်မာအလုပ်သမားတွေ အနေဖြင့် အလုပ်အပ်မည် ပွဲစားကို စီစစ်စုံစမ်းပြီးမှ အလုပ်အပ်ကြပါရန် (MHAC) မဟာမိတ်အဖွဲ့ လည်း  သတိပေးထားပါတယ်။ 

 


Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026
Cover
အလုပ်သွားရန် မြန်မာလုပ်သားများ စီးလာသောယာဥ် တိုက်မှုဖြစ်ပြီး ၆ ဦးဒဏ်ရာရ
Mar 31, 2026
Cover
လမ်းစရိတ် သိန်း ၆၀၀ ​ကျော်နှင့် ဘတ်ရိုက်ခ၊ စမတ်ကြေး ဘတ်၂သိန်းခန့်ပေးရသည့် မြန်မာလုပ်သား ၁၁ ဦး အလုပ်မရဘဲ လိမ်လည်ခံရ
Mar 31, 2026
Cover
မတ်လ အတွင်း ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာ ၂၀၀ခန့်ကို ထိုင်းမှ စစ်ကော်မရှင် ထံ လွှဲပေး
Mar 31, 2026
Cover
အထောက်အထားမဲ့ မြန်မာလုပ်သား ၉ဦး တင်လာသည့် ကား အဖမ်းခံရ
Mar 27, 2026