NEWS

အလုပ်ရရန် စမတ်ခ ဘတ် ၈၀၀၀ ကျော်ပေးရသော်လည်း အလုပ်ဝင်ပြီး လေးလကျော်တွင် မြန်မာလုပ်သား ၁၅၀ အလုပ်ထုတ်ခံရ

CoverLogo
166 Views
 
ထိုင်းနိုင်ငံ လယောင်မြို့ က (မီးသီးစက်ရုံ)မှာ အလုပ်လုပ်ရဖို့ ဘတ်ငါးသန်းပွဲစားရုံးမှာ အလုပ်ရှာပေးခ(အလုပ်စမတ်ခ) တစ်ဦးကို ဘတ် ၇၅၀၀မှ ၈၅၀၀ အထိ ပေးခဲ့ရပေမယ့် အလုပ်ဝင်ပြီး လေးလကျော်မှာ မြန်မာလုပ်သား၁၅၀ ဦး အလုပ်ထုတ်ခံရတယ်လို့ ထိုင်းရောက်မြန်မာအလုပ်သမားအရေးကူညီပေးနေတဲ့ WAG အလုပ်သမားမဟာမိတ်အဖွဲ့ထံမှ သိရပါတယ်။
 
MOUနဲ့ ပန်းရောင်ကတ်ကိုင်ဆောင်ထားတဲ့ မြန်မာအလုပ်သမား ၁၅၀ ဦးဟာ ၎င်း စက်ရုံမှာ အလုပ်လုပ်ရန်အတွတ် ဘတ်ငါးသန်းပွဲစားရုံးနှင့် စမတ်ခ ဘတ် ၇၅၀၀မှ၈၅၀၀အထိပေးခဲ့ကာ အလုပ်ဝင်ပြီးလေးလကျော် ဖြစ်တဲ့ စက်တင်ဘာ ၂၁ရက်မှာ စက်ရုံသူဌေးကဘတ်ငါးသန်းပွဲစားမှတစ်ဆင့် အလုပ်သမားတွေ ကို ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ စက်တင်ဘာ ၂၂ရက်နေ့မှစကာ အလုပ်ဆင်းစရာမလိုတော့ ဘူးလို့ line group ကနေ စာပို့အကြောင်းကြားခဲ့တယ်လို့ အလုပ်သမားတွေ ထံမှသိရပါတယ်။
 
အခုလိုအကြောင်းမကြားဘဲ အလုပ်ထုတ်တဲ့အပြင် လုပ်အားခ (၁၈)ရက်စာ တစ်ဦးကို ၁၂၇၀၀ ဘတ်နဲ့ စုစုပေါင်း ဘတ်(၂၅)သိန်းကျော် ကိုလည်း သူဌေးဘက်မှ ပေးချေမှုမရှိဘူးလို့ ဆိုပါတယ်။
 
အလုပ်စဝင် တဲ့ အချိန်တည်းက လုပ်အားခကို လည်း စက်ရုံသူဌေးက ဘတ်ငါးသန်းပွဲစားမှတစ်ဆင့် အလုပ်သမားများကိုပေးတယ်လို့သိရကာ အလုပ်သမားတွေရဲ့ စာရွက်စာတမ်းကိုလည်း စက်ရုံမှာ အပ်နှံထားရတယ်လို့ သိရပါတယ်။
 
ဒါကြောင့်အလုပ်သမားတွေ ကို ကြိုတင်အကြောင်းမကြားဘဲ အလုပ်မှထုတ်သဖြင့် ရသင့်ရထိုက်သည့် နစ်နာကြေး၊ စာရွက်စာတမ်းများ နဲ့ လုပ်အားခများကိုပြန်လည်ရရှိလိုတဲ့ အတွက် WAGအလုပ်သမားမဟာမိတ်အဖွဲ့ထံ အလုပ်သမားတွေက အကူအညီ​တောင်းခံခဲ့တယ်လို့ သိရပါတယ်။
 
WAG အလုပ်သမားမဟာမိတ်အဖွဲ့ မှ လည်း စက်တင်ဘာ၂၄ရက်မှာ မြေပြင်ဆင်းကာ အလုပ်သမားများနှင့် တွေ့ဆုံကာ အမှုကိုလက်ခံခဲ့ကာ ကူညီဆောင်ရွက်ပေးသွားမယ်လို့သိရပါတယ်။

Related posts

Cover
ထိုင်းတောင်ပိုင်း ဟက်ယိုင်မြို့ရေဆက်ကြီးနေပြီး မြန်မာအလုပ်သမားများအကူအညီလိုအပ်နေ
Nov 30, 2025
Cover
ဖော့ကျိတ်စက် ကြိတ်မိသေဆုံးသွားသောမြန်မာလုပ်သားအတွက် နစ်နာကြေးရရှိရေးညှိနှိုင်းနေ
Nov 30, 2025
Cover
ထိုင်းတွင် မြန်မာလုပ်သားတစ်ဦး လုပ်ငန်းခွင်အတွင်း ဖော့ကလစ်ကား(forklift) ပိမိပြီး သေဆုံး
Nov 22, 2025
Cover
မလေးရှားတွင်အထောက် အထားမရှိသည့် မြန်မာလုပ်သား ၂၀၀ ခန့် အဖမ်းခံရ
Nov 21, 2025
Cover
ထိုင်းတွင် မြန်မာလုပ်သား တစ်ဦး ကြိတ်စက်ထဲ ပြုတ်ကျ သေဆုံးမှုဖြစ်ပွား
Nov 21, 2025
Cover
အကြောင်းအမျိုးမျိုးဖြင့် အဖမ်းခံရသည့် မြန်မာနိုင်ငံသားများ နေရပ်ပြန်ပို့ရေး မြန်မာ-တရုတ် နှစ်နိုင်ငံ MOU ရေးထိုး
Nov 21, 2025
Cover
ပြည်ပအလုပ်အကိုင်အတွက် EC စာချုပ် ချုပ်ပြီး တစ်နှစ်နီးပါးအထိ ထွက်ခွာခွင့်မရတဲ့အလုပ်သမားတွေ အခက်ကြုံနေ
Nov 21, 2025
Cover
ဘန်ကောက်တွင် အလုပ်လုပ်ရန် နယ်စပ် ဖြတ်ကျော်သည့် မြန်မာလုပ်သား ၃၆ ဦး အဖမ်းခံရ
Nov 21, 2025