NEWS

အလုပ်ထွက်စာ အတွက် ဘတ် ၁၀၀၀ တောင်းခံရသဖြင့် မြန်မာလုပ်သား၂၅ဦး အလုပ်သစ်ပြောင်းရန်အခက်ခဲဖြစ်

CoverLogo
294 Views
 
ထိုင်းနိုင်ငံ လယောင်မြို့နယ်၊နိခွန်းဖတ်ထနာ စွယ် (12)တွင်ရှိသော ကော်ပစ္စည်းထုတ်လုပ်တဲ့ စက်ရုံတစ်ခုတွင် အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား၂၅ဦး ကို အလုပ်ထွက်လိုပါက ကျန့်အော်ဖိုး တစ်ဦးကို ဘတ်၁၀၀၀စီ အလုပ်ရှင်က တောင်းတဲ့ အတွက် မြန်မာလုပ်သားတွေအလုပ်သစ်ပြောင်းရန် အခက်ခဲဖြစ်နေတယ်လို့ ၎င်းအမှုကို ကူညီပေးနေတဲ့ WAGအလုပ်သမား မဟာမိတ်အဖွဲ့ ထံမှ သိရပါတယ်။
 
(CI၊ပန်းရောင်ကတ်)ကိုင်ဆောင်ထားသူ ကျား၊မ (25)ဦးတို့သည် ထိုစက်ရုံတွင်အလုပ်လုပ်နေသည်မှာ လုပ်သက်၄လမှ၉နှစ်အထိ သက်တမ်းရှိပြီး ၎င်းအလုပ်သမားတွေ အလုပ်ထွက်မယ်ဆိုတဲ့အခါ အလုပ်ရှင်သူဌေးမှကျန့်အော့ဖိုး တစ်ဦးလျှင် (၁၀၀၀)ဘတ်ပေးရမည်ဟုဆိုတာကြောင်​့ အလုပ်သမားများမှာ အလုပ်သစ်ပြောင်းရန်အတွက်အခက်အခဲကြုံတွေ့နေရတယ်လို့ သိရပါတယ်။
 
အခုလို အခက်ခဲ ဖြစ်ပေါ်နေတဲ့ အတွက် မြန်မာအလုပ်သမားတွေဟာ WAGအလုပ်သမား မဟာမိတ်အဖွဲ့ထံ အကူညီတောင်းခံလာသဖြင့် WAGအဖွဲ့သားများမှမတ်လ ၁၇ ရက်နေ့တွင် အလုပ်သမားနှင့်အတူ နယ်မြေခံ ကျတ်ဟာငန်ရုံးတွင် သွားရောက်တွေ့ဆုံပြီး တာဝန်ရှိလူကြီးမှ အလုပ်သမား တို့၏သူဌေးအားဖုန်းဆက်ပြောပေးခဲ့ရာ အလုပ်ရှင် သူဌေးမှ အလုပ်သမားတို့အားကျန့်အော့စာရွက်များကို ကောင်းမွန်စွာထုတ်ပေးမည်ဟု ခံဝန်ကတိပြုခဲ့ကြောင်း သိရပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026