NEWS

အလုပ်ထုတ်ခံရသည့် မြန်မာလုပ်သား ၅၅ဦး နစ်နာကြေးဘတ်၃သိန်းခွဲကျော်ရရှိ

CoverLogo
309 Views
 
ထိုင်းနိုင်ငံ ချွန်ပူရီ ရှိအထပ်သားပြားစက်ရုံတစ်ခုမှ ကြိုတင်အကြောင်းမကြားဘဲ အလုပ်ထုတ်ခံလိုက်ရသည့် မြန်မာလုပ်သား ၅၅ဦး အတွက် ရသင့်တဲ့ရပိုင်ခွင့်နဲ့ နစ်နာကြေး ဘတ်၃သိန်းခွဲကျော် ရရှိခဲ့တယ်လို့ ၎င်းအမှု ကို ကူညီပေးခဲ့တဲ့ MHAC မဟာမိတ်အဖွဲ့ ထံမှ သိရပါတယ်။
 
၎င်းစက်ရုံ မှ မြန်မာလုပ်သား ၂၀၀ခန့် ကို စက်ရုံ ဘက်မှ အလုပ်သမားအခွင့်ရေးချိုးဖောက်ကာ အထောက်အထားရှိပေမယ့် ရဲကြေးအဖြစ်လစဉ်ကြေး ဘတ် ၁၀၀၀ ဖြတ်တောက်ခံရသလို စက်ရုံ HRရဲ့ ညွှန်ကြားချက်ဖြင့် ကြားခံ အေဂျင်စီများ မှ လုပ်အားခ များ မပေးဘဲ အလုပ်မှ ထုတ်ပယ်လိုက်တယ်လို့ သိရပါတယ်။
 
စက်ရုံမှ မြန်မာလုပ်သား ၂၀၀ ခန့်အလုပ်မှထုတ်ပယ် ခံလိုက်ရပေမယ့် အကြောင်းအမျိုးမျိုး ကြောင့် သက်သေအထောက်ထား ခိုင်မာစွာဖြင့် MHAC မဟာမိတ်အဖွဲ့ ထံ အကူညီတောင်းလာတဲ့ မြန်မာလုပ်သား၅၅ဦးနဲ့အတူ မတ်လလ ၁၈ မှာ နယ်မြေခံ အလုပ်သမားကာကွယ် ရုံးသို့ သွားရောက် တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။
 
ဒါကြောင့် မတ်လ၂၄ရက်မှာ တော့ မြန်မာလုပ်သား ၅၅ဦး အတွက် ရသင့်ရထိုက်တဲ့ ဘတ်ငွေ၃သိန်းကျော်နဲ့ နေထိုင် အလုပ်လုပ်ကိုင်ခွင့် အထောက်အထားများ ရရှိခဲ့တယ်လို့ သိရပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026