NEWS

အလုပ်ခေါ်စာမရှိဘဲ အလုပ်သမားကို ဆေးစစ်ခြင်း ဆေးအွန်လိုင်းတင်ခိုင်းခြင်း ပြုလုပ်သည့် ​အေဂျင်စီစိစစ်တွေ့ရှိပါက  အရေးယူမည်ဟုဆို

CoverLogo
337 Views

ပြည်ပက လုပ်သားခေါ်ယူမယ့် အလုပ်ခေါ်စာ မရှိဘဲ လိုင်စင်ရအေဂျင်စီတွေ က အလုပ်သမား တွေ ကို ဆေးစစ်ခိုင်းခြင်း၊ ဆေးအွန်လိုင်း တင်ခိုင်း ခြင်းတို့ စိစစ်တွေ့ရှိပါက အရေးယူခံရမှာ ဖြစ်တယ်လို့ အလုပ်သမားဝန်ကြီးဌာနမှ သိရပါတယ်။ 


အလုပ်သမားဝန်ကြီးဌာနရဲ့ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီ​တွေကို ပြည်ပအလုပ်အကိုင်လုပ်ငန်း ဆောင်ရွက်နေမှုအပေါ် အရေးယူဆောင်ရွက် မယ့် အကြောင်းအရာအမျိုးအစားသတ်မှတ်ခြင်းမှာဖေါ်ပြထားပါတယ်။ 


သတ်မှတ်ချက်တွေထဲ မှာ အလုပ်ခေါ်စာ လက်ခံထားခြင်းမရှိဘဲအလုပ်သမားတွေကိုဆေးစစ်ခြင်းနဲ့ဆေးအွန်လိုင်း တင်ခြင်း စိစစ်တွေ့ရှိပါက အလုပ်သမားထံ က ကောက်ယူထားတဲ့ ငွေကြေး အားလုံး အပြင် အလုပ်သမား တစ်ဦး အတွက်  ဒဏ်ကြေး ၄သိန်းနှုန်း နဲ့ ဒဏ်ကြေးပေးဆောင်ရမယ်လို့ ဖေါ်ပြထားပါတယ်။ 


အခုလို အလုပ်ခေါ်စာမရှိဘဲ ပြည်ပသွားရောက်လိုတဲ့  အလုပ်သမားတွေ ကို ဆေးစစ်ခိုင်း ခြင်း ဆေးအွန်လိုင်း တင်ခိုင်းတာတွေ ကြောင့် အလုပ်သမားတွေ ငွေကြေးဆုံးရှုံးတာတွေ ဖြစ်ပေါ်လျက်ရှိတယ်လို့ သိရပါတယ်။ 


""တစ်ချို့ အေဂျင်စီ တွေ ပွဲစားတွေ က အလုပ်မရှိသေးဘဲ ဆေးစစ်ခိုင်းတာ ဆေးအွန်လိုင်း တင်ခိုင်းတာတွေရှိတယ် ဆေးစစ်ခ ကို လည်း ဆေးခန်းက သတ်မှတ်ဈေးထက်ကျော် လွန်ကောက်ယူတာတွေရှိတယ် ဒီတော့ အလုပ်မရှိဘဲ ဆေးစစ်ခိုင်းတယ် ဆေးစစ်ချက်က တစ်လပဲ သက်တမ်းရှိတာ  တခါ အလုပ်မရသေးရင် ထပ်ပြီး ဆေးပြန်စစ်ကတော့ ပြည်ပသွားမယ့် အလုပ်သမားတွေ အတွက်ဆေးစစ်ခတွေခဏခဏကုန်ပြီး နစ်နာတာတွေ ဖြစ်တာပေါ့""လို့ အေဂျင်စီ မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။


ပြည်ပကို သွားရောက်မယ့် အလုပ်သမား တွေ အတွက် အလုပ်သမားဝန်ကြီးဌာနနဲ့ ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ ဆေးခန်းတွေ မှာသာ ဆေးစစ်နိုင်ပြီး ကိုယ်သွားရောက်မယ့် နိုင်ငံ အလိုက် ရောဂါရှာဖွေမှု အမျိုးအစား ကွဲပြား ပြီး ဆေးစစ်တာ အောင်မြင်မှသာ ပြည်ပ ကို သွားရောက် နိုင်တယ်လို့ သိရပါတယ်။ 


Related posts

Cover
ထိုင်းတောင်ပိုင်း ဟက်ယိုင်မြို့ရေဆက်ကြီးနေပြီး မြန်မာအလုပ်သမားများအကူအညီလိုအပ်နေ
Nov 30, 2025
Cover
ဖော့ကျိတ်စက် ကြိတ်မိသေဆုံးသွားသောမြန်မာလုပ်သားအတွက် နစ်နာကြေးရရှိရေးညှိနှိုင်းနေ
Nov 30, 2025
Cover
ထိုင်းတွင် မြန်မာလုပ်သားတစ်ဦး လုပ်ငန်းခွင်အတွင်း ဖော့ကလစ်ကား(forklift) ပိမိပြီး သေဆုံး
Nov 22, 2025
Cover
မလေးရှားတွင်အထောက် အထားမရှိသည့် မြန်မာလုပ်သား ၂၀၀ ခန့် အဖမ်းခံရ
Nov 21, 2025
Cover
ထိုင်းတွင် မြန်မာလုပ်သား တစ်ဦး ကြိတ်စက်ထဲ ပြုတ်ကျ သေဆုံးမှုဖြစ်ပွား
Nov 21, 2025
Cover
အကြောင်းအမျိုးမျိုးဖြင့် အဖမ်းခံရသည့် မြန်မာနိုင်ငံသားများ နေရပ်ပြန်ပို့ရေး မြန်မာ-တရုတ် နှစ်နိုင်ငံ MOU ရေးထိုး
Nov 21, 2025
Cover
ပြည်ပအလုပ်အကိုင်အတွက် EC စာချုပ် ချုပ်ပြီး တစ်နှစ်နီးပါးအထိ ထွက်ခွာခွင့်မရတဲ့အလုပ်သမားတွေ အခက်ကြုံနေ
Nov 21, 2025
Cover
ဘန်ကောက်တွင် အလုပ်လုပ်ရန် နယ်စပ် ဖြတ်ကျော်သည့် မြန်မာလုပ်သား ၃၆ ဦး အဖမ်းခံရ
Nov 21, 2025