NEWS

အလုပ်ခေါ်စာမရှိဘဲ အလုပ်သမားကို ဆေးစစ်ခြင်း ဆေးအွန်လိုင်းတင်ခိုင်းခြင်း ပြုလုပ်သည့် ​အေဂျင်စီစိစစ်တွေ့ရှိပါက  အရေးယူမည်ဟုဆို

CoverLogo
411 Views

ပြည်ပက လုပ်သားခေါ်ယူမယ့် အလုပ်ခေါ်စာ မရှိဘဲ လိုင်စင်ရအေဂျင်စီတွေ က အလုပ်သမား တွေ ကို ဆေးစစ်ခိုင်းခြင်း၊ ဆေးအွန်လိုင်း တင်ခိုင်း ခြင်းတို့ စိစစ်တွေ့ရှိပါက အရေးယူခံရမှာ ဖြစ်တယ်လို့ အလုပ်သမားဝန်ကြီးဌာနမှ သိရပါတယ်။ 


အလုပ်သမားဝန်ကြီးဌာနရဲ့ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီ​တွေကို ပြည်ပအလုပ်အကိုင်လုပ်ငန်း ဆောင်ရွက်နေမှုအပေါ် အရေးယူဆောင်ရွက် မယ့် အကြောင်းအရာအမျိုးအစားသတ်မှတ်ခြင်းမှာဖေါ်ပြထားပါတယ်။ 


သတ်မှတ်ချက်တွေထဲ မှာ အလုပ်ခေါ်စာ လက်ခံထားခြင်းမရှိဘဲအလုပ်သမားတွေကိုဆေးစစ်ခြင်းနဲ့ဆေးအွန်လိုင်း တင်ခြင်း စိစစ်တွေ့ရှိပါက အလုပ်သမားထံ က ကောက်ယူထားတဲ့ ငွေကြေး အားလုံး အပြင် အလုပ်သမား တစ်ဦး အတွက်  ဒဏ်ကြေး ၄သိန်းနှုန်း နဲ့ ဒဏ်ကြေးပေးဆောင်ရမယ်လို့ ဖေါ်ပြထားပါတယ်။ 


အခုလို အလုပ်ခေါ်စာမရှိဘဲ ပြည်ပသွားရောက်လိုတဲ့  အလုပ်သမားတွေ ကို ဆေးစစ်ခိုင်း ခြင်း ဆေးအွန်လိုင်း တင်ခိုင်းတာတွေ ကြောင့် အလုပ်သမားတွေ ငွေကြေးဆုံးရှုံးတာတွေ ဖြစ်ပေါ်လျက်ရှိတယ်လို့ သိရပါတယ်။ 


""တစ်ချို့ အေဂျင်စီ တွေ ပွဲစားတွေ က အလုပ်မရှိသေးဘဲ ဆေးစစ်ခိုင်းတာ ဆေးအွန်လိုင်း တင်ခိုင်းတာတွေရှိတယ် ဆေးစစ်ခ ကို လည်း ဆေးခန်းက သတ်မှတ်ဈေးထက်ကျော် လွန်ကောက်ယူတာတွေရှိတယ် ဒီတော့ အလုပ်မရှိဘဲ ဆေးစစ်ခိုင်းတယ် ဆေးစစ်ချက်က တစ်လပဲ သက်တမ်းရှိတာ  တခါ အလုပ်မရသေးရင် ထပ်ပြီး ဆေးပြန်စစ်ကတော့ ပြည်ပသွားမယ့် အလုပ်သမားတွေ အတွက်ဆေးစစ်ခတွေခဏခဏကုန်ပြီး နစ်နာတာတွေ ဖြစ်တာပေါ့""လို့ အေဂျင်စီ မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။


ပြည်ပကို သွားရောက်မယ့် အလုပ်သမား တွေ အတွက် အလုပ်သမားဝန်ကြီးဌာနနဲ့ ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ ဆေးခန်းတွေ မှာသာ ဆေးစစ်နိုင်ပြီး ကိုယ်သွားရောက်မယ့် နိုင်ငံ အလိုက် ရောဂါရှာဖွေမှု အမျိုးအစား ကွဲပြား ပြီး ဆေးစစ်တာ အောင်မြင်မှသာ ပြည်ပ ကို သွားရောက် နိုင်တယ်လို့ သိရပါတယ်။ 


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026