NEWS

အလည်အပတ် ပက်စ်ပို့ PV နဲ့ ပြည်ပ သွား​ရောက်မှုကို  ပိတ်ပင်မှုပြုလုပ်လာ

CoverLogo
425 Views

နိုင်ငံကူးလက်မှတ် အလည်အပတ်(PV)နဲ့  ပြည်ပနိုင်ငံ​တွေကို သွားရောက် အလုပ်လုပ်ကိုင်တာ တွေကို ရန်ကုန်လေဆိပ်မှာ ပြင်းပြင်းထန်ထန်စစ်ဆေးပြီး လေဆိပ်ကနေပြန်လွှတ်တာတွေများလာတယ်လို့ သိရပါတယ်။ 


" အထောက်အထားသေချာမပြ မပြောနိုင်ရင်ပြန်လွှတ်နေတယ်။  ကျောင်းသားတွေ ဘုရားဖူးတွေ ရကြပါတယ်။ စာရွက်စာတမ်းအထောက်ထားမပြနိုင်မဖြေနိူင်ရင်မရတော့ဘူး။ မေးတာလဲသေချာမဖြေနိူင်အူကြောင်ကြား အ,တတ ဖြစ်နေရင်တော့ပေးမထွက်တာ။PV နဲ့ ထွက် အလုပ်လုပ်ကြမယ့်သူတွေအတွက် ထွက်ဖို့မရတော့ ရိုးရိုးကျောင်းတက် မယ်ဆို ကျောင်းကစာ။ ဘုရားဖူးမယ်ဆို ဘုရားဖူးနဲ့ပတ်သက်တာ။ ရုံးအလုပ်ကိစ္စဆိုသက်ဆိုင်ရာ ရုံးကစာ။ ဆေးကုဆို ဆေးရုံဆရာဝန်နဲ့ပတ်သက်တဲ့စာအကုန်ပြနိုင်မှ။  ရှိုးမန်းနီးအပြန်လက်မှတ် ဟော်တယ် ဘွတ်ကင်ပြနိူင်ရုံက လူတိုင်းလုပ်လို့ရနေတာ။  သာမာန်စာရွက်စာတမ်းဖြစ်အဲ့လောက်နဲ့ကစာရွက်စာတမ်းပြည့်စုံတယ်လို့ပြောမရတော့ဘူး။ သွားရတဲ့ရည်ရွယ်ချက်အထောက်အထားတွေ မေးတဲ့မေးခွန်းတွေ သေချာဖြေနိူင်မှလွှတ်တော့တာ။ အခုကအရမ်းကျပ်သွားပြီ စီမံချက်ကာလဖြစ်နေတယ်" လို့ ပြည်ပအလုပ်အကိုင်လုပ်ငန်းရှင်တစ်ဦးကဆိုပါတယ်။ 
ပြည်ပ အလုပ်အကိုင် အေဂျင်စီ​တွေ အနေနဲ့  အလုပ်သမားစေလွှတ်ထားပြီး အလုပ်သမားရဲ့ကိုယ်ရေးအချက်အလက်သာမက  မြန်မာနိုင်ငံသို့ ဝင်ငွေ ၂၅ ရာခိုင်နှုန်း  ပြန်လည်လွှဲပို့စေရေးအတွက် အထူးကြပ်မတ်ဆောင်ရွက်လျှက်ရှိသလို ပြည်တွင်းအလုပ်သမားတွေကို ပြည်ပသိူ့ထွက်ခွာနေမှုအား တားဆီးမှူတွေပြုလုပ်လိုတာကြောငိ့ ပြည်ပကိုအလုပ်သမားစေလွှတ်နေတဲ့ အေဂျင်စီတွေကို နည်းမျိုးစုံနဲ့ ဖိအားပေးဆောင်ရွက်နေတာဖြစ်တယ်လို့လည်းသုံးသပ်ချက်​တွေရှိ​နေပါတယ်။


" သူငယ်ချင်း တွေ အများကြီး နောက်ပြန်လှည့်ခဲ့ရတာတွေ ပြန်ကြားရလို့ အလုပ်အကြောင်း ကိုမပြောဖြစ်တာပါ။ ကိုယ်က ဆုံးဖြတ်ချက် မြန်ဆန်လို့ နဲနဲလေးအဆင် ပြေသွားတာ အခက်အခဲ ပေါင်းစုံ ကျော်ဖြတ်ပြီးမှ ကံကောင်းစွာနဲ့ ရောက်လာခဲ့တာပါ။ အခြားသူငယ်ချင်းတွေလည်း လက်ရှိကိုယ်ရောက်နေတဲ့ နိုင်ငံ မှာ အဆင်ပြေသရွေ့လေး ကြိုးစားနေကြည့်ကြပါအုံးလို့ အကြံပြုချင်တယ်'' လို့ ပြီးခဲ့တဲ့ရက်ပိုင်းက ပြည်ပသို့ထွက်ခွာနိုင်ခဲ့သူက ဆိုထားပါတယ်။ 


ပြည်ပသို့ သွားရောက် အလုပ်လုပ်မဲ့အလုပ်သမားတွေဟာ ပြည်ပမထွက်ခွာမီ စာချုပ်ချုပ်ဆိုရာမှာ  ၂၅ ရာခိုင်နှုန်းကို မိသားစုထံသို့ စစ်ကောင်စီ ဘဏ်များမှတစ်ဆင့် မဖြစ်မနေ ပြန်လည်ပေးပို့ရန်နဲ့ အခွန်နှစ်ရာခိုင်နှုန်းပေးဆောင်ရမဲ့ စာချုပ်ကို မဖြစ်မနေ ချုပ်ဆို လက်မှတ်ရေးထိုးဖို့ ပြည်ပလုပ်သားပို့အေဂျင်စီများကို စစ်ကောင်စီက ဖိအားပေးပြောဆိုထားတယ်လို့လည်းသိရသလို ပြည်ပသို့သွားရောက်လုပ်ကိုင်သူတွေကို  အသက်အရွယ်ပိုင်းခြားကန့်သတ်ထားတဲ့အပြင် PJကနေ PV သို့ ပြောင်းလဲမှုကိုပါ ခွင့်မပြုတော့ဘဲပိတ်ပင်ထားတာပါ။ 


အကြမ်း ဖက်စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းကြောင်း ကြေညာပြီးနောက် အသက် ၂၃ နှစ်မှ ၃၂ နှစ်အတွင်း အမျိုးသားများအားလုံးကိုအလုပ် အကိုင် နိုင်ငံကူးလက်မှတ် PJ ဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်ခွင့်မပြုဘဲ ပိတ်ပင်လိုက်တာကြောင့်   လူငယ်လူရွယ်များမှာ ပြည်ပနိုင်ငံများသို့ နည်းလမ်းအမျိူးမျိုး  ပုံစံမျိုးဖြင့်ထွက်ခွာနေကြခြင်းအပေါ် အခုလိုကန့်သတ်နေတာဖြစ်တယ်လို့လည်း သုံးသပ်ချက်​တွေအရသိရပါတယ်။ 


Related posts

Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026