NEWS

အယုဒ္ဓယရှိ ကားအပိုပစ္စည်းစက်ရုံမှ အကြောင်းမဲ့ အလုပ်ထုတ်ခံရသော မြန်မာလုပ်သား ၁၈ ဦးအတွက် နစ်နာကြေးတောင်းဆို

CoverLogo
515 Views
 
ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့ရှိ တရုတ်နိုင်ငံသားပိုင် SPEY အမည်ရှိ ကားအပိုပစ္စည်းထုတ်လုပ်သော စက်ရုံမှ အကြောင်းမဲ့ အလုပ်ထုတ်ခံရသော မြန်မာလုပ်သား ၁၈ ဦးအတွက် နစ်နာကြေးရရှိအောင် ဆောင်ရွက်သွားမယ်လို့ ထိုင်းရောက် မြန်မာလုပ်သားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ MHAC မဟာမိတ်အဖွဲ့ထံမှ သိရပါတယ်။
 
အဆိုပါ မြန်မာလုပ်သားများသည် ပြီးခဲ့တဲ့ မေလ ၂၀ ရက်နေ့က အလုပ်မှထုတ်ခံရခြင်းဖြစ်ပြီး မေလ ၂၆ ရက်နေ့မှာ MHAC မဟာမိတ်အဖွဲ့မှ ဦးဆောင်ကာ နယ်မြေခံအလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးမှာ အမှုဖွင့်တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။
 
သို့ရာတွင် အမှုမှာ ၅ လ ကြာသည်အထိ တိကျသော အဖြေမထွက်လာခဲ့ ယသဖြင့် အောက်တိုဘာ လ၂၁ရက်နေ့တွင် နစ်နာသူအလုပ်သမားများနဲ့အတူအမျိုးသားညီညွှတ်ရေးအစိုးရ NUG အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက အယုဒ္ဓယခရိုင် နယ်မြေခံ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးသို့ သွားရောက်ညှိနှိုင်းခဲ့ရကြောင်း သိရပါတယ်။
ထိုသို့ ညှိနှိုင်းချက်အရ အလုပ်သမားများအတွက် နစ်နာကြေးများကို ယခုအောက်တိုဘာလကုန် နဲ့ နိုဝင်ဘာလဆန်းအတွင်းအပြီးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သဘောတူညီမှုရရှိခဲ့တယ်လို့ သိရပါတယ်။
 
လတ်တလောတွင် နစ်နာကြေးမည်မျှရရှိမည်ကို မသိရသေးသော်လည်း အလုပ်သမားများ၏ လုပ်သက်အလိုက် နစ်နာကြေးရရှိအောင် တောင်းဆိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။
 
ပုံစာ-အယုဒ္ဓယနယ်မြေခံအလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးတွင် ယနေ့သွားရောက်ညှိနှိုင်းခဲ့ကြစဥ် (ဓာတ်ပုံ-ပေးပို့)

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026