NEWS

အမှန်တကယ် အလုပ်ခန့်နိုင်ခြင်းမရှိဘဲ လုပ်သားစေလွှတ်မှုကြောင့် နစ်နာဆုံးရှုံးမှုများနေရ

CoverLogo
481 Views

ထိုင်းနိုင်ငံကိုလုပ်သားစေလွှတ်ရာမှာ အမှန်တကယ်အလုပ်ခန့်အပ်နိုင်မှုမရှိဘဲစေလွှတ်တာတွေပိုများလာလို့ အလုပ်သမားတွေနစ်နာနေရတယ် လို့ ရွှေ့ပြောင်းလုပ်သားအရေးကူညီဆောင်ရွက်နေသူတွေကပြောပါတယ်။ 

ဒီအခြေအနေဟာစစ်အာဏာသိမ်းပြီးနောက်မှာပိုမိုများပြားလာတာဖြစ်ပြီးအရေးယူမှုလည်းနည်းပါးနေပါတယ်။ 

"ထိုင်းဘက်ရောက်မှအလုပ်မရတာတွေကတဖြေးဖြေးများလာတယ်။စစ်အာဏာသိမ်းပြီးကတည်းကရွာတွေမီးရှို့၊ အိမ်တွေမီးရှို့လုပ်တယ်။စစ်မှုထမ်းဖို့ခိုင်းတယ်။အဲဒီလိုတွေဖြစ်နေတော့နေမရတော့ဘူး။အဲဒါကိုအခွင့်ကောင်းယူပြီးပွဲစားတွေနဲ့တချို့အေဂျင်စီတွေကအလုပ်ခေါ်စာ(demand)ကတစ်ရာလောက်ရှိရင်သူတို့က(၂၀၀)၊(၃၀၀)လောက်ခေါ်တယ်။လွှတ်တယ်။နောက်ပြီးဝန်ကြီးဌာနကသတ်မှတ်တဲ့နှုန်းထားထက်ပိုပေးရတယ်။ဒါပေမယ့်အလုပ်ကမရှိဘူး။‌ရိုင်းရိုင်းပြောရရင်တရားဝင်လူကုန်ကူးခွင့်ရသလိုဖြစ်နေတယ်"လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(CTUM)‌ ရွှေ့ပြောင်းအလုပ်သမားဌာန၊လက်ထောက်ဌာနမှူး ဦးဟိန်းလတ်ကပြောပါတယ်။ 

ထိုင်းကိုMOUစနစ်နဲ့သွားရောက်တဲ့အလုပ်သမားတွေအခွင့်အရေးချိုးဖောက်ခံရတာတွေဟာပိုမိုဆိုးရွားလာပေမယ့်အလုပ်သမားဝန်ကြီးဌာနက‌‌တာဝန်ယူဖြေရှင်းပေးမှုအားနည်းနေပါတယ်။ 

"ကျွန်မတို့အုပ်စုထဲမှာလူတစ်ရာပါပါတယ်။(၂၅)ယောက်ပဲအလုပ်ရပါတယ်။ကျန်(၇၅)ယောက်ကအလုပ်မရှိတော့စားဝတ်နေရေးအခက်တွေ့နေရပါတယ်။အေဂျင်စီကတော့အလုပ်မြန်မြန်ရှာပေးမယ်ပြောပေမယ့်အခုထိုင်းမှာအလုပ်မဝင်ရသေးတော့စိတ်ပူတယ်"လို့စိမ့်အာကာအေဂျင်စီနဲ့ထိုင်းနိုင်ငံမှာအလုပ်လုပ်ကိုင်ဖို့စာချုပ်ချုပ်ဆိုထားသူတစ်ဦးကပြောပါတယ်။ 

အလုပ်သမားဝန်ကြီးဌာနဟာပြည်ပရောက်မြန်မာအလုပ်သမား‌တွေဆီကနိုင်ငံခြားငွေရရှိရေးကိုသာအာရုံစိုက်နေပြီးလုပ်ခလစာရဲ့(၂၅)ရာခိုင်နှုန်းကိုတရားဝင်ဘဏ်စနစ်ကတဆင့် ပြည်တွင်းကိုပြန်လည်လွှဲပြောင်းဖို့ကိုသာကြပ်မတ်နေပါတယ်။ 

Application - https://bit.ly/3oNDLga
Website Link - https://www.myanmarlabournews.com
Telegram Link - https://t.me/myanmarlabournews


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026