Myanmar Labour News မှာ Everlao အထည်ချုပ် စက်ရုံ သတင်းဖော်ပြတော့ ညီမတို့ကို စက်ရုံရဲ့ သူဌေး လာညှိပေးပါတယ်။
ညီမတို့ အဓိက လိုအပ်တာက အလုပ်ချိန် ၈ နာရီနဲ့ ဒီထက်ပိုတာကို အချိန်ပိုလို့ သတ်မှတ်ပေးစေချင်တာပါ။ ဒါပေမဲ့ ဒီအလုပ်ချိန်ကိစ္စက မနေ့က အထိ အဆင်မပြေဘူး။ ထပ်ပြီးတောင်းဆို ပါတယ်။
အလုပ်ချိန်က ၈ နာရီ မှန်တယ်။ ဒါပေမဲ့ တစ်နေ့ ၁၀ နာရီ ဆင်းခိုင်းတာက ၊ အခွန်ဆောင်ရတာတွေ အတွက်လို့ စက်ရုံဘက် ပြောပါတယ် ။ စာချုပ်ထဲမှာလဲ ပါပြီးသားလို့ ပြောပါတယ်။ ညီမတို့ စာချုပ်မှာ အလုပ်ချိန် ၁၀ နာရီ ဆိုတာ မပါ,ပါဘူး။
လာအို လူမျိုးတွေကကြတော့ ညနေ ၅ နာရီ(အလုပ်ချိန် ၈ နာရီ) နောက်ပိုင်းကို အချိန်ပို သတ်မှတ်ပေးထား ပါတယ်။ ညီမတို့ မြန်မာတွေပဲ တနေ့ ၁၀ နာရီလုပ်ပေးရတာပါ။ ရက်စားဆင်းကတာ ကြတော့ လာအိုတွေက လက်ခံကြတယ်။
လာအိုမှာ အလုပ်ချိန်က တစ်နေ့ ၈ နာရီ ပါပဲ။
ညီမတို့ တိတိကျကျ သိလိုက်ရတာကတော့ ပိုက်ဆံ ဒဏ်ကြေးတွေ အလုပ်သမားတွေဆီက ကောက်တာ သူဌေး လုံးဝ မသိဘူး။ အရင် ကျန်းမာရေး မကောင်းလို့ ပြန်တဲ့ လူတွေကို လျော်ကြေး ၇၅၀,၈၀၀ ဝန်းကျင်လောက်တောင်းတာတွေလည်း မသိတဲ့အကြောင်း သူဌေးက မီတင် လုပ်ပြီး ဖြေရှင်းပါတယ်။
အခုကတော့ ကျန်းမာရေး မကောင်းလို့ ပြန်တဲ့ လူတွေကို လျော်ကြေး ဒေါ်လာ ၃၉၀ ၊ ကိုယ့်ဆန္ဒနဲ့ ကိုယ်ပြန်ချင်ရင် ဒေါ်လာ ၇၂၀ ရော်ကြေး သက်မှတ်ထားပါတယ်.။
၃၉၀ ကတော့ စက်ရုံက အကုန်ကျခံပီးခေါ်ထားတဲ့ ကုန်ကျစရိတ်တွေ ပြန်တောင်းတာ၊ ၃၀၀ ကတော့ မြန်မာ အေးဂျင့်စီကို ပေးရမယ်ပြောပါတယ်။ ကျန်တဲ့ ၃၀ က အခွန်လို့ ပြောပါတယ် ။
ရက်စားတွေက ဆင်းပေးရမယ်ပဲ ပြောပါတယ်။ တနင်္ဂနွေပိတ်ရက်တွေက အလုပ်ဆင်းရမယ်၊ ဒါပေမဲ့ အတင်းကျပ် မဟုတ်ဘူး။ မဆင်းနိုင်လဲ ရပါတယ်တဲ့။
အရင်ကဆို ပိတ်ရက် မဆင်းရင် ၊ ဝမ်တိန်ထိုးပြီး လာအိုငွေ ၁ သိန်း ဒဏ်ကြေးပေးရတယ်။ သူဌေးက ဒါကို မသိဘူး ပြောတာ။
အရင်ကဆို ညီမတို့ နေမကောင်းရင်တောင် အလုပ်ကို လာရတယ် ။ပိတ်ရက် မဆင်းရင် ဝမ်တိန်ကြောက်လို့ မဆင်းနိုင်လဲ ဆင်းရတယ်။
ဒီလ ညီမတို့ကို ဒီပတ် တနင်္ဂနွေ ပိတ်ပေးမှာ။ ဒီတစ်လ အတွက် ပိတ်ရက်က ဒီအပတ်ဘဲ ရှိပါသေးတယ်။ သူဌေးလာရှင်းတော့ သူ လုံးဝ မသိတဲ့ အရာတွေ အများကြီး ဖြစ်နေတာပါ။ သူဌေးက အိန္ဒိယ ပါ။ စူပါတွေ အောစူပါတွေက မြန်မာတွေပါ။
သူဌေး ခေါ်ညှိနှိုင်းတဲ့ အချိန်မှာ စူပါတွေ အောစူပါတွေက အလုပ်သမားတွေကို မညှိနှိုင်းစေချင်တဲ့ အပြုအမူတွေ ရှိပါတယ်။
စကားပြန်ကတော့ ညှိနှိုင်းတဲ့ အချိန်မှာ အခန်းထဲ မဝင်ရပါဘူး။ သတင်းထဲ မှာ စူပါတွေက ဖိနှိပ်တယ်ဆိုတဲ့ စာသားကို သူတို့က နာနေကြတာ။ အခုဆို သူဌေး နဲ့ ညှိနှိုင်းတဲ့ အလုပ်သမားတွေ ပိုမေးလို့ မဲနေတယ်။ သူဌေးနဲ့ ညှိတော့ မပြောတက်တဲ့ အလုပ်သမားတွေကိုပဲ ခေါ် ညှိတယ်။ စူပါတွေ အောစူပါတွေကလဲ လိုတာထပ် ပိုမေးရင် ဟန့်တားတယ်။
တရားဝင်က တနင်္ဂနွေ ပိတ်ရက်ပါ။
မြန်မာနိုင်ငံမှာလို ရက်ကြီး ခါကြီး ပိတ်ရက်တွေ သိပ်မရှိပါဘူး။ အခု သူဌေးနဲ့ ညှိပြိးချိန်မှာ အိုတီက ဆင်းနိုင်မှ ဆင်းလို့ ရတယ်။ နေမကောင်းရင် ခွင့်ယူလို့ ရတယ်တဲ့။ တစ်နှစ် လုပ်သက်ခွင့် ၁၅ ရက်ကို အဲ့ဒီခွင့်ရက်တွေ မသုံးရင် တစ်နှစ်တိုင် ဒေါ်လာ ၁၂၇ ရပိုင်ရှိတယ်တဲ့။
နေမကောင်းလို့ ရက်ပျက်ရင် လစာ အဖြတ်မခံချင် ခွင့်ကို HR မှာ ခွင့်တင်လို့ ရတယ်လို့ သိရပြီ။ အရင်ယူထားတဲ့ ဒဏ်ကြေးတွေ သူ့ဆီ မရောက်ဘဲ ဘယ်ရောက်သွားလဲ သိအောင် စုံစမ်းပေးပါမယ်လို့ ပြောပါတယ်။
အခုက ဌာနတွေက ခေါင်းဆောင်က တရုတ်တွေပါ။ ဒဏ်ကြေး ကိစ္စ တွေ သူဌေး သိသွားလို့ မငြိမ်မသက်ပါဘဲ။ ညီမတို့လည်း ညှိနှိုင်းချိန်မှာလဲ အေးဆေး အလုပ် မပျက် ဆက်လုပ်နေကြတာပါ။ ဆန္ဒ ပြတာမျိုး မလုပ်ပါဘူး။
ညီမတို့ကို လာအို စက်ရုံ သူဌေးက စာရိတ်ငြိမ်း နဲ့ ခေါ်တာပါ။ ပြောပြပါ့မယ် မြန်မာအေဂျင်စီ အကြောင်းတွေ။
ညီမတို့ မြန်မာအေဂျင်စီက အားထန် (Ar Htan ) ပါ။
မြန်မာ အေဂျင့်စီက လာတဲ့ အလုပ်သမားတွေ တစ်ယောက်နဲ့ တစ်ယောက် မတူညီတဲ့ ကုန်ကျစရိတ်တွေ ရှိနေပါတယ်။
ဘယ်ချိန် ပြန်ပြန် လျော်ကြေးက ရှိနေတယ်။ ဒါကို ညီမတို့ မရှင်းလင်းဘူး။ ညီမတို့ အလုပ်သမားတွေ မြန်မာ အေးဂျင့်စီနဲ့ စက်ရုံ ကြားထဲ ညှပ်နေတာပါ။
မြန်မာ အေးဂျင့်က ကြားကနေ အရမ်း ဖြတ်စားထားပါတယ်။ စက်ရုံ သူဌေးဘက်က ကုန်ကြစရိတ်တွေ ခံပေမဲ့ အေဂျင်စီက အဲ့ဒါတွေကို တောင်းတယ်။ အေးဂျင့် တိုက်ရိုက်ဆို တစ်ယောက် ၅ သိန်း အင်တာဗျူး အောင်ရင် သွင်းရပါတယ်။
ကိုယ်စားလှယ်နဲ့ တဆင့်ဆို တယောက် ၆ သိန်း။
ကိုယ်စားလှယ် လက်အောက်က တစ်ဆင့် ပွဲစား ခေါ်ရင်တော့ ၁၀ သိန်း ပါ။ ညီမတို့က ပွဲစားမိတော့ ၁၄ သိန်း ပေးခဲ့ရတယ်။ အင်တာဗျူးအောင်လို့ ထွတ်ရက် သိရတော့ ဒေါ်လာ ၁၀၀ ထပ်သွင်းရပါတယ်။
အေဂျင်စီက စာချုပ်တစ်စုံကို ညီမတို့ကို ပေးရမှာ၊ ဒါပေမဲ့ မပေးထားဘူး။ အေဂျင်စီကပဲ သိမ်းထားတယ်။ အားထန် အေဂျင်စီက စာချုပ်ကတော့ ၃ စုံစာကို ပေါင်းချုပ်ထားတာဆိုတော့ စာရွက်တွေထပ် နေတယ်။ လာအိုရောက်တော့ စာချုပ်ထပ်ချုပ်တယ်။ အဲစာချုပ်မှာ အလုပ်ချိန် ၁၀ နာရီ ပါတယ် ပြောတယ်။ အဲဒီအလုပ်ချိန်က စာချုပ်ထဲမှာ မတွေ့ရဘူး။
အေးဂျင့်စီက ပြောတော့ ဘယ်လိုနည်းနဲ့မှ လစာ ဖြတ်လို့ မရဘူးလို့ ပြောတယ်။ ဒါပေမဲ့ လာအိုနိုင်ငံ မီးပျက်တဲ့နေ့မှာ ပြန်လွှတ်တော့ အဲဒီနေ့အတွက် ညီမတို့ကို လစာတွေ ဖြတ်ထားတယ်။ ဘာကြောင့်လဲ မေးတော့၊ မီးပျက်တဲ့ ရက် ပြန်ထားတာ ဖြတ်တာတဲ့။ အလုပ်သမားတွေက လက်မခံတော့ နောက်လ ပြန်ထည့်ပေးမယ်ဆို ရက်စားဆင်းပေးရမယ် ဆိုပြီး ပြောပြန်ပါတယ်။
ဘာကြောင့် ဖြစ်ဖြစ် အလုပ်ချိန် ၁၀ နာရီ မပြည့်ရင် နောက်နေ့ အစားဆင်း ရတာပါပဲ။ အလုပ်သမားတွေ ပြန်ချင်ကြပါတယ်။ ဒါပေမဲ့ မိသားစု ဝမ်းစာ ရှိသေးတယ်။ လာအိုကို လာတော့လဲ ချေးငှားပြီး လာကြတာဆိုတော့ ဆက်လုပ်နေရတဲ့ သဘောပါပဲ။
စက်ရုံသူဌေးက စာရိတ်ခံ(0 call) ခေါ်ထားပေမဲ့ အေးဂျင်စီကကို ပေးရတာက မနည်းဘူး။ လျော်ကြေးပေးဖို့ ဆိုတာက မလွယ်တော့ဘူး။
စက်ရုံရဲ့ ဖိနှိပ်တာတွေ မခံနိုင်တော့ Alpilao ဦးထုပ် စက်ရုံက မြန်မာအလုပ်သမား နှစ်ယောက်က သူတို့ နိုင်ငံကူး စာအုပ်တွေ ပြန်မယူတော့ဘဲ ထိုင်းနိုင်ငံကို ကူးသွားကြတယ်။ Everlao စက်ရုံမှာက စက်လိုင်း ၁၂ လိုင်း ရှိတယ်။ လာအိုတွေက ၆ လိုင်း ၊ မြန်မာတွေက ၆ လိုင်းစီ ချုပ်နေတာပါ။ မြန်မာတွေ က ၂၀၀ ကျော် ရှိတယ်။
ညီမတို့ အဓိက လိုအပ်တာက အလုပ်ချိန် ၈ နာရီ ဒီထက်ကျော်ရင် အချိန်ပိုသတ်မှတ်ပေးပြီး လုပ်ခ ပေးပို့ပါပဲ။ အခုက အေးဂျင်လည်း မလာဘူး။ သူဌေးနဲ့ ညှိနှိုင််းတာလည်း အလုပ်ချိန်က ၁၀ နာရီကနေ လျော့မသွားဘူး။
တာဝန်ရှိသူတွေ ထိထိရောက်ရောက် ညှိနှိုင်းပေးစေချင်ပါတယ်။ ၃ နှစ်စာချုပ်ဆိုတော့ အများကြီး နစ်နာနေရတယ်။
Myanmar Labour News ကို ကျေးဇူးတင်ပါတယ်။ ညီမတို့လည်း ဆက်ပြီးတောင်းဆိုရဦးမှာပါ။