NEWS

မလေးရှားတွင် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာလုပ်သား ၁၀၀ နီးပါးကို နေရပ်ပြန်ပို့

CoverLogo
307 Views
မလေးရှားနိုင်ငံ၊ ဂျိုဟိုးဘာရူးရှိ လူဝင်မှုကြီးကြပ်ရေးဌာနက ၂၀၂၆ ခုနှစ် မေလ တတိယအပတ်အတွင်း နိုင်ငံခြားသားအကျဉ်းသား ၁၈၃ ဦးကို မူလနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ရာမှာ မြန်မာနိုင်ငံသား ၉၄ ဦး ပါဝင် ကြောင်းဂျိုဟိုးလူဝင်မှုကြီးကြပ်ရေးဌာနရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။
 
ပြန်လည်လွှဲပြောင်းခံရသူတွေဟာ လူဝင်မှုကြီးကြပ်ရေးဥပဒေချိုးဖောက်မှုများကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရပြီး ပြစ်ဒဏ်ကာလ ပြီးဆုံးသွားသူတွေ ဖြစ်တယ်လို့ သိရပါတယ်။
 
မြန်မာနိုင်ငံသား ၉၄ ဦးအပြင် အင်ဒိုနီးရှားနိုင်ငံသား ၇၉ ဦး၊ တရုတ်နိုင်ငံသား ၅ ဦး၊ ထိုင်းနိုင်ငံသား ၄ ဦးနှင့် အိန္ဒိယနိုင်ငံသား ၁ ဦးတို့လည်း မူလနိုင်ငံများသို့ ပြန်ပို့ခံခဲ့ရတယ်လို့ ဆိုပါတယ်။
 
၎င်းတို့ကို KLIA 1 နှင့် KLIA 2 အပြည်ပြည်ဆိုင်ရာလေဆိပ်များ၊ Senai လေဆိပ်၊ Stulang Laut Ferry Terminal နှင့် Pasir Gudang Ferry Terminal တို့မှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရပါတယ်။
 
ပြန်ပို့ခံရသူတွေဟာ တရားဝင်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူများ ပါဝင်သလို၊ အချို့ကို “Emergency Certificate” လို့ခေါ်တဲ့ ယာယီခရီးသွားစာရွက်စာတမ်းများ ထုတ်ပေး၍ နေရပ်ပြန်စေခဲ့တယ်လို့ ဆိုပါတယ်။
 
လေယာဉ်လက်မှတ်နှင့် နေရပ်ပြန်စရိတ် ကိုတော့ ပြန်ပို့ခံရသူတွေရဲ့ ကိုယ်ပိုင်ငွေ၊ မိသားစုထောက်ပံ့ငွေများနဲ့ ကျခံရပြီး အချို့ကိုတော့သက်ဆိုင်ရာသံရုံးများက လေယာဉ်လက်မှတ်ခ အတွက် ကူညီပေးတာတွေရှိကြောင်း သိရပါတယ်။
 
နေရပ်ပြန်ပို့ခံရသူအားလုံးကို မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ Blacklist စာရင်း မှာ ထည့်သွင်းထားပြီး သတ်မှတ်ကာလအတွင်း မလေးရှားနိုင်ငံသို့ မည်သည့်အကြောင်းကြောင့် ပြန်လည်ဝင်ရောက်ခွင့် မပြုတော့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။
 
ပြီးခဲ့တဲ့ မေလ ၄ရက်ကလည်း ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာနိုင်ငံသား ၁၀၄ဦးကို မလေးရှားကနေ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင် ခဲ့ပါသေးတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026