NEWS

စက်ရုံဝန်းအတွင်း အရက်၊ ဘီယာ သောက်သုံး၊ရောင်းချပါက အလုပ်ထုတ်ပြီး ပြစ်နှင်ဒဏ်ပေးနိုင်သော ဥပဒေသစ်ပြဌာန်း

CoverLogo
358 Views
ထိုင်းမှာ စက်ရုံဝန်းအတွင်း အရက်၊ ဘီယာ သောက်သုံးခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ ဥပဒေသစ်ကို ထိုင်းအစိုးရက ပြဌာန်းလိုက်ရာ ၎င်းဥပဒေကို အထူးသတိပြု လိုက်နာကြဖို့ ရွှေ့ပြောင်းမြန်မာအလုပ်သမားအရေး ဆောင်ရွက်နေတဲ့ အစ်စရာမြန်မာ (Issara)အဖွဲ့ မှ အသိပေးထားပါတယ်။
 
​ဥပဒေသစ်ကို ပြီးခဲ့တဲ့၂၀၂၆ ခုနှစ်၊ မေလ (၁၂) ရက်နေ့မှစတင် တရားဝင် ထုတ်ပြန်ပြဌာန်းကာ အသက်ဝင် ကျင့်သုံးနေပြီ ဖြစ်ကာ ဥပဒေသစ် ထဲ တွင် စက်ရုံလုပ်ငန်းခွင် ဧရိယာအတွင်း မည်သည့်နေရာတွင်မဆို အရက်၊ ဘီယာနှင့် မူးယစ်စေတတ်သော သောက်စရာများကို သောက်သုံးခြင်းနှင့် ရောင်းချခြင်းတို့ကို ပြတ်သားစွာ တားမြစ်ထားကြောင်း တွေ့ရပါတယ်။
 
""အရင်ကတော့ စက်ရုံဝန်းထဲ အရက် ဘီယာ မူးယစ် စေတဲ့ အရာတွေ သောက်သုံးရောင်းချခွင့်မပေးဘူးဆိုတာက စက်ရုံက နေ လိုက်နာရမယ်ဆိုပြီး ထုတ်တဲ့စည်းကမ်းချက်အနေနဲ့ရှိခဲ့ပေမယ့် အခုချိန်ကစပြီး တော့ အစိုးရ ချမှတ်တဲ့ စည်းကမ်းဖြစ်လို့ အထူးရှောင်ကြင် ဖို့လိုတယ်""လို့ အစ်စရာမြန်မာ (Issara)အဖွဲ့ မှတာဝန်ရှိသူကပြောပါတယ်။
 
ယခုပိတ်ပင်ချက်ဟာ အလုပ်လုပ်ဆောင်နေတဲ့ အချိန်၌သာမကဘဲ ထမင်းစားနားချိန်နှင့် အလုပ်ဆင်းချိန်များအပါအဝင် အချိန်ပြည့် (၂၄ နာရီ) သက်ရောက်မှုရှိကာစက်ရုံဝန်းတစ်ခုလုံးနဲ့ သက်ဆိုင်တဲ့အပြင် ကုန်ထုတ်နေရာတွေ၊ ယာဉ်ရပ်နားတဲ့နေရာတွေနဲ့ ထမင်းစားနားတဲ့နေရာတွေလည်းပါဝင်တယ် လို့ သိရပါတယ်။
 
စည်းကမ်းဖောက်ဖျက်ပါက ရဲတပ်ဖွဲ့၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံရမယ့်အပြင် ဥပဒေအရ သတ်မှတ်ထားတဲ့ ငွေဒဏ်အမြောက်အမြားကိုပါ ပေးဆောင်ရမယ်လို့ဆိုပါတယ်။
 
ဒါ့အပြင် ရွှေ့ပြောင်းလုပ်သား ဖြစ်ပါကအလုပ်မှ ချက်ချင်းထုတ်ပယ်ခံရမှာဖြစ်သလို အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (Work Permit) ပါ ချက်ချင်းပယ်ဖျက်ခံရပြီး မြန်မာနိုင်ငံသို့ ပြန်ပို့ ခံရနိုင်တယ်လို့ အသိပေးထားပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026