NEWS

အမျိုးသား အသက်၃၅နှစ်အထက်နှင့်အမျိုးသမီး အသက်၂၇နှစ်အထက်များကိုသာ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်(TBP) ထုတ်ပေးဟု မူဆယ် လ၀က ကြေညာ

CoverLogo
189 Views
 
အမျိုးသား အသက် ၃၅နှစ်အထက်ရှိသူတွေနဲ့ အမျိုးသမီး အသက်၂၇နှစ် အထကိ ရှိသူတွေကိုသာ တရုတ်နိုင်ငံ ဝင်ရောက်နိုင်မယ့် ယာယီနယ်စပ်ဖြတ်သန်းခွင့် လက်မှတ်(TBP) ကို ထုတ်ပေး ဆောင်ရွက်ပေးနေတာလို့ လူဝင်မှုကြီးကြပ်ရေးဒုတိယဌာနခွဲ(မူဆယ်)မှ အသိပေးကြေညာထားပါတယ်။
 
လက်ရှိမှာ Social Media (Tiktok)စာမျက်နှာ ပေါ်တွေမှာ ယာယီ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (TBP)ကို အသက်၁၈နှစ် ပြည့်ပါက ပြုလုပ် ဆောင်ရွက်နိုင်ကြောင်း နဲ့ တရုတ်နိုင်ငံမှာ အလုပ်လုပ်ကိုင်ရရှိမယ်လို့ ငွေကြေးလိမ်လည် တဲ့အဖွဲ့တွေ လူလိမ်ပွဲစားတွေက မဟုတ်မှန်တဲ့ သတင်းအမှားတွေကို ထုတ်လွှင့်နေတဲ့ အတွက် အခုလို အသိပေး ထုတ်ပြန်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
 
"မူဆယ်မှာ နေတဲ့ သူတွေကတော့ သိကျတယ် တခြားနယ်တွေကနေ တရုတ်မှာ အလုပ်သွား လုပ် ဖို့ စီစဉ်နေတဲ့သူတွေ ကို ပွဲစားတွေ က လိမ်လည်ခေါ်လာပြီး ငွေကြေး အလိမ်ခံရတာတွေ ရှိတယ် တချို့ဆို တရုတ်ဘက်လည်း မသွားရ ပွဲစားလိမ် လို့ ပိုက်ဆံတွေလည်း ဆုံး ပြီး မူဆယ်မှာ ဒုက္ခရောက်နေသူတွေ အများကြီးဘဲ "လို့ ဒေသခံ တစ်ဦးကပြောပါတယ်။
 
လူဝင်မှုကြီးကြပ်ရေးနှင်ပြည်သူ့အင်အားဝန်ကြီးဌာန အနေနဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်း၊UIDကတ်ပြားမူရင်း ပါရှိတဲ့ အမျိုးသား အသက်၃၅နှစ်အထက်နဲ့ အမျိုးသမီး အသက်၂၇နှစ် အထက် ပြည့်မှီသူတွေကို ယာယီနယ်စပ် ဖြတ်သန်းခွင့်လက်မှတ်(TBP) ဖြင့် တစ်ဖက် တရုတ်နိုင်ငံသို့ ဝင်ရောက်နိုင်ရေး နေ့စဉ် ခွင့်ပြုဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။
 
ဒါကြောင့် ပြည်သူတွေအနေနဲ့ Social Media (Tiktok)စာမျက်နှာ ပေါ်တွေမှ လိမ်လည် ထုတ်လွှင့်နေတဲ့ သတင်းအမှားတွေကို မယုံကြည်ကြဖို့လူဝင်မှုကြီးကြပ်ရေးဒုတိယဌာနခွဲ(မူဆယ်)မှ အသိပေးကြေညာထားပါတယ်။

Related posts

Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
မြန်မာနိုင်ငံသားများကို အတင်းအဓမ္မ နေရပ်ပြန်ပို့မှု ချက်ချင်းရပ်တန့်ရန် APHR တိုက်တွန်း
May 29, 2026
Cover
မလေးရှားတွင် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာလုပ်သား ၁၀၀ နီးပါးကို နေရပ်ပြန်ပို့
May 25, 2026
Cover
စက်ရုံဝန်းအတွင်း အရက်၊ ဘီယာ သောက်သုံး၊ရောင်းချပါက အလုပ်ထုတ်ပြီး ပြစ်နှင်ဒဏ်ပေးနိုင်သော ဥပဒေသစ်ပြဌာန်း
May 21, 2026
Cover
အထောက်အထားမဲ့ လုပ်သားတွေကို ၃ လစီမံချက်နဲ့ ဖမ်းဆီးမယ့် သတင်းကြောင့် မြန်မာလုပ်သားတွေ စိတ်ပူနေရ
May 15, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026