NEWS

အမျိုးသား​တွေကို ပြည်ပအလုပ်လုပ်ခွင့် ကန့်သတ်ပြီး​နောက်ပိုင်း အွန်လိုင်းမှ တရားမ၀င်လုပ်သား​​ခေါ်ယူမှု မြင့်တက်​နေ

CoverLogo
505 Views

အမျိုးသားတွေ ကို အသက်၂၃ ကနေ ၃၁အထိ ပြည်ပထွက် အလုပ်လုပ်ခွင့် ကန့်သတ်လိုက်တဲ့ နောက်ပိုင်း တရားမဝင် လုပ်သား ပို့ သူတွေဟာ လုပ်သားပို့ဆောင်ပေးတာ ကို အွန်လိုင်းကနေ ပေါ်ပေါ်ထင်ထင် ကြော်ငြာ ခေါ်ယူတာတွေ လူမှုကွန်ရက်စာမျက်နှာတွေမှာ ပိုမို တွေ့ရှိလာတယ်လို့ လိုင်စင်ရအေဂျင်စီ အသိုင်းဝိုင်းမှ သိရပါတယ်။

ထိုင်း ၊မလေးရှား ၊လာအို ကိုရီးယား အပါအဝင် ပြည်ပနိုင်ငံအတော်များများ   အလည်ဗီဇာ နဲ့ လည်းကောင်း နည်းလမ်းအမျိုးမျိုးနဲ့ တစ်ဖက် နိုင်ငံ ကို ခိုးဝင်ကာ ပို့ဆောင်ပေးနေတာတွေ ကို အွန်လိုင်းစာမျက်နှာတွေ မှာ ပိုမိုကြော်ငြာ လာတာတွေ့ရှိရတယ်လို့ ဆိုပါတယ်။

""အရင်ကတည်းက လည်း လိုင်းပေါ်ကနေ ‌‌page အတု တွေအကောင့်အတု တွေနဲ့ ကြော်ငြာတာတွေအလုပ်ခေါ်တာတွေရှိတယ်။ဒါပေမယ့် အခုနောက်ပိုင်း မှာ ပေါ်ပေါ်ထင်ထင် ကို ဗီဒီယို ရိုက်ပြီး သူတို့ ဘယ်လို ပို့ပေးတယ် သူတို့ပို့လိုက်တဲ့သူတွေကို အင်တာဗျူး ပြီး တင်တာတွေ လုပ်လာတာ အတော်များများ တွေ့လာရတယ်။သူတို့အမှန်တကယ် တရားမဝင်အောက်လမ်းကနေ ပို့ပေးတယ်ဆိုတာ ယုံကြည်အောင် ကြော်ငြာတာမျိုးတွေ ပိုပြီး တွေ့လာရတယ်"လို့အေဂျင်စီအသိုင်းဝိုင်းနှင့်နီးစပ်သူတစ်ဦးကပြောပါတယ်။

အခုလို ကြော်ငြာ ‌တာတွေ ကို တစ်ချို့ ပြည်ပထွက် အလုပ်လုပ်ချင်သူတွေ က သွားရောက်ချိတ်ဆက် ရာ ကနေ အလိမ်ခံရတာတွေ လည်း ရှိတယ်လို့ဆိုပါတယ်။

""ထိုင်း ကို အလုပ်သွားလုပ်ချင်သူတွေ အတွက် ဆိုပြီး လိုင်းပေါ်မှာ ခေါ်ထားတာတွေ့လို့ ဖုန်းဆက်ပြီးစုံစမ်းလိုက်တော့ အမျိုးသား တွေ ၂၃ကနေ၃၁လည်းရတယ် ပတ်စပို့စာအုပ်မရှိသေးလဲရတယ် လို့ပြောတယ် ဟိုဘက်အရောက်ဆို ရင် ဈေးတစ်မျိုး အလုပ် ပါ ရှာပေးရမယ်ဆို ဈေးတမျိုး ဈေးနှုန်းကမတူဘူး လုပ်မယ်ဆိုရင် စရံငွေအရင်ပေးထားရမယ်ပြောတယ် သူတို့ပြောပုံတွေကို သိပ်သဘောမကျတာနဲ့ ကျွန်တော် က ဆက်မလုပ်ဖြစ်ဘူး ""လို့ ပြည်ပထွက်အလုပ်လုပ်ရန် စုံစမ်းခဲ့သူတစ်ဦးကပြောပါတယ်။

လက်ရှိမှာလဲ  ပြည်ပ နိုင်ငံ​တွေကို  တရားမဝင် သွားရောက်တဲ့ အတွက် ဖမ်းဆီးခံရတာတွေ များနေသလို ထိုင်း၊မလေးရှား ၊တရုတ် နိုင်ငံ တွေမှာလဲ တရားမဝင် နိုင်ငံခြားသား လုပ်သား များ ဖမ်းဆီးမှု ကို နေ့တိုင်းနီးပါး လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဓါတ်ပုံ-ထိုင်းနိုင်ငံတွင် ဖမ်းဆီးထားသော တရားမဝင် လုပ်သားများအားတွေ့ရစဉ်။


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026