NEWS

အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ

CoverLogo
366 Views

နေပြည်တော်၊ လယ်ဝေးမြို့မှ အမျိုးသမီးငယ်တစ်ဦးကို အငှားကိုယ်ဝန်ဆောင်လုပ်ရန်နှင့် တရုတ်သူဌေးများထံ ဇနီးမယားအဖြစ် အဆင့်ဆင့်လိမ်လည်ရောင်းစားခဲ့တဲ့ အမျိုးသမီးကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရပါတယ်။ 


​ဖြစ်စဉ်မှာ လယ်ဝေးမြို့၊ အမှတ် (၇) ရပ်ကွက်တွင် နေထိုင်တဲ့ အသက် ၂၄ နှစ်အရွယ် မ--- သည် ခင်မင်ရင်းနှီးသူ မဝတ်ရည်စိုး (ခ) အငယ်မ (လိပ်စာတူ) ထံတွင် အလုပ်လုပ်ကိုင်လိုကြောင်း ပြောကြားခဲ့ရာ   မဝတ်ရည်စိုးက "လာအိုနိုင်ငံရှိ တရုတ်သူဌေးထံတွင် အငှားကိုယ်ဝန်ဆောင်ပေးပါက အေးအေးဆေးဆေး နေထိုင်နိုင်မည်" ဟု လိမ်လည်စည်းရုံးခဲ့သဖြင့် အမျိုးသမီးငယ်က သဘောတူခဲ့တယ်လို့သိရပါတယ်။ 


​ထို့နောက် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် အမျိုးသမီးငယ်ကို တာချီလိတ်မြို့မှတစ်ဆင့် လာအိုနိုင်ငံသို့ ပို့ဆောင်ခဲ့ပေမယ့်  အဆင်မပြေဖြစ်ကာ ကျိုင်းတုံမြို့သို့ ပြန်လည်ရောက်ရှိလာခဲ့တယ်လို့ ဆိုပါတယ်။ 


နစ်နာသူ အမျိုးသမီးငယ် ကျိုင်းတုံမြို့သို့ ရောက်ရှိနေစဉ် တရားခံ မဝတ်ရည်စိုး (ခ) အငယ်မက "တရုတ်နိုင်ငံရှိ နားကြပ်စက်ရုံတွင် အလုပ်လုပ်ကိုင်ပါက တစ်လလျှင် တရုတ်ယွမ် ၄,၅၀၀ ခန့်ရရှိမယ်လို့ ထပ်မံလိမ်လည်စည်းရုံးခဲ့ ပြန်ကာ ကျိုင်းတုံမြို့အနီးရှိ တရားမဝင် လမ်းကြောင်းမှတစ်ဆင့် တရုတ်နိုင်ငံ၊ ခန့်နန်မြို့သို့ ပို့ဆောင်ခဲ့ကြောင်း သိရပါတယ်။ 


​တရုတ်နိုင်ငံသို့ ရောက်ရှိချိန်တွင် ကတိပေးထားသည့်အတိုင်း စက်ရုံအလုပ် မရရှိသည့်အပြင် နစ်နာသူ အမျိုးသမီးငယ်ကို တရုတ်နိုင်ငံသားနှစ်ဦးထံတွင် တရုတ်ဇနီးမယားအဖြစ် အဆင့်ဆင့် ရောင်းစားပစ်ခဲ့ပြီး၊ ငွေကြေးတစ်စုံတစ်ရာလည်း ပေးအပ်ခြင်းမရှိကြောင်း သိရပါတယ်။ 


​နစ်နာသူ အမျိုးသမီးငယ်မှာ  ဒုတိယမြောက် တရုတ်အမျိုးသားနှင့် ပေါင်းသင်းနေထိုင်စဉ် တရုတ်ရဲတပ်ဖွဲ့၏ စစ်ဆေးမှုကို ခံရပြီး၊ တရုတ်နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှုဖြင့် (၉) လခန့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကာ ထိန်းသိမ်းမှုကာလ ပြီးဆုံးပြီးနောက် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခြင်း ခံခဲ့ရပါတယ်။ 


​မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိချိန်တွင် အဆိုပါ တရုတ်မယားအဖြစ် အဆင့်ဆင့် ရောင်းချခံရမှုအတွက် သက်ဆိုင်ရာသို့ တိုင်ကြားခဲ့ရာ၊ အမှတ် (၁) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (နေပြည်တော်) မှ တရားလိုပြုလုပ်၍ လယ်ဝေးမြို့မရဲစခန်းတွင် (ပ) ၂၁၇/၂၀၂၅၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ ဖြင့် အမှုဖွင့် တရားစွဲဆိုခဲ့ကာ ၂၀၂၆ ခုနှစ် ဇွန် ၁၈ ရက်တွင် လယ်ဝေးခရိုင် တရားရုံးမှ မဝတ်ရည်စိုး (ခ) အငယ်မအား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ ဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရပါတယ်။ 


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026