NEWS

အမေရိကန်မှာ တရားမဝင်နေထိုင်တဲ့  မြန်မာနိုင်ငံသား တွေကြိုတင် ထွက်ခွာဖို့ မြန်မာသံရုံးအသိပေး

CoverLogo
432 Views

အမေရိကန် နိုင်ငံ မှာ တရားမဝင် နေထိုင်နေတဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့  အိမ်ရှင်အစိုးရ ရဲ့ ပြည်နှင်မယ့်  အခြေနေ မှ ထွက်ခွာခြင်း ထက် ယခုကတည်းက ကြိုတင်ထွက်ခွာ သင့်တယ်လို့ မြန်မာသံရုံး(ဝါရှင်တန်မြို့)က ဖေဖေါ်ဝါရီ ၅ရက် နေ့မှာ အသိပေးကြေညာ လိုက်ပါတယ်။ 

အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က နိုင်ငံအတွင်း တရားမဝင်နေထိုင်ကြတဲ့ နိုင်ငံခြားသား တွေ ကို သက်ဆိုင်ရာနိုင်ငံများ ဆီကို ပြည်နှင်ဒဏ်ပေးကာ  ပြန်ပို့လျက်ရှိတဲ့အပေါ် အမေရိကန် နိုင်ငံဆိုင်ရာ  မြန်မာသံရုံးက အခုလို အသိပေးကြေညာ လိုက်တာ ဖြစ်ပါတယ်။ 

သံရုံးရဲ့ ကြေညာချက်မှာတော့ အမေရိကန်နိုင်ငံရောက် မြန်မာနိုင်ငံသားများအနေ နဲ့ အကြောင်းကြောင်းကြောင့် နေထိုင်ခွင့် ဗီဇာ စ တဲ့  တရား ဝင်အထောက်အထားများ သက်တမ်းကုန်ဆုံးခြင်းစသည်တို့ ကြုံတွေ့နေရပါက အထောက်အထားမဲ့ နိုင်ငံ ခြားသား နေရပ်ရွှေ့ပြောင်းသူအဖြစ် သတ်မှတ်ခံရကာ ပြည်နှင်မည့်အနေ အထားများ ဖြစ်ပေါ်လာနိုင် တဲ့ အတွက်  ကာယကံရှင် ရဲ့  ပုဂ္ဂလိကအစီအစဉ် နဲ့ နေထိုင်ခွင့်ရရှိ ဖို့  ကြိုတင်ဆောင်ရွက်ထားဖို့ အသိပေးထားပါတယ်။ 

အကယ်၍ နေထိုင်ခွင့် အထောက်အထားမဲ့ သို့မဟုတ် တရားမဝင် ရောက်ရှိနေသူ ဖြစ်ပါက အိမ်ရှင်အစိုးရရဲ့ တာဝန်ရှိသူတွေက ပြည်နှင်ချိန်မှ ထွက်ခွာခြင်းထက် ကြိုတင်ထွက်ခွာသင့်တယ်လို့ မြန်မာသံရုံး က အသိပေးထားပါတယ်။ 

မြန်မာနိုင်ငံ ကို ပြန်ဖို့ရာ အတွက် မည်သည့်ခရီးသွားလက်မှတ် အမျိုးအစားမျှ မရှိပါက သို့မဟုတ် နိုင်ငံကူးလက်မှတ် ကာလကြာမြင့်စွာ သက်တမ်း လွန်နေပါက မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်(CI) ကို မြန်မာသံရုံးမှာ​ လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။ 

လျှောက်ထားရန် ပုံစံ နဲ့ လိုအပ်တဲ့ အချက်အလက် တွေ ကို မြန်မာသံရုံးရဲ့ ဝက်ဆိုက် မှာ ဖြည့်စွက်ပြီး အီးမေး /ဖုန်း တို့ ဖြင့် ဆောလျှင်စွာ ဆက်သွယ်ဆောင်ရွက်နိုင်တယ်လို့ အသိပေးကြေညာထားပါတယ်။ 


Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026
Cover
အလုပ်သွားရန် မြန်မာလုပ်သားများ စီးလာသောယာဥ် တိုက်မှုဖြစ်ပြီး ၆ ဦးဒဏ်ရာရ
Mar 31, 2026
Cover
လမ်းစရိတ် သိန်း ၆၀၀ ​ကျော်နှင့် ဘတ်ရိုက်ခ၊ စမတ်ကြေး ဘတ်၂သိန်းခန့်ပေးရသည့် မြန်မာလုပ်သား ၁၁ ဦး အလုပ်မရဘဲ လိမ်လည်ခံရ
Mar 31, 2026
Cover
မတ်လ အတွင်း ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာ ၂၀၀ခန့်ကို ထိုင်းမှ စစ်ကော်မရှင် ထံ လွှဲပေး
Mar 31, 2026
Cover
အထောက်အထားမဲ့ မြန်မာလုပ်သား ၉ဦး တင်လာသည့် ကား အဖမ်းခံရ
Mar 27, 2026