၂၀၂၁ခုနှစ်နိုဝင်ဘာလနှောင်းပိုင်းနှင့်ဒီဇင်ဘာလအတွင်း ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ကရင်ပြည်နယ်၊ကယား(ကရင်နီပြည်နယ်)တွေမှာလူပေါင်း ၄၆ ဦးကိုအရှင်လတ်လတ်မီးရှို့သတ်မှု့အပါအဝင်စစ်အာဏာသိမ်းကာလ ၁၁ လအတွင်းအပြစ်မဲ့ပြည်သူတွေအပေါ်စစ်ကောင်စီကျူးလွန်ခဲ့တဲ့အမျိုးမျိုးသောစစ်ရာဇဝတ်မှု့တွေအပေါ်ကုလသမဂ္ဂလုံခြုံရေးကောင်စီနဲ့နိုင်ငံတကာအဖွဲ့အစည်း၊နိုင်ငံတကာအစိုးရများမှအမြန်ဆုံးအရေးယူပေးဖို့အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)ကယမန်နေ့မှာပဲကြေညာချက်တစောင်ထုတ်ပြန်ခဲ့ပါတယ်။
အဲ့ဒီ့ကြညာချက်ထဲမှာ-ကုလသမဂ္ဂလုံခြုံရေးကောင်စီနဲ့နိုင်ငံတကာအဖွဲ့အစည်း၊ နိုင်ငံတကာအစိုးရများအနေနဲ့
စစ်ကောင်စီကို အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ရေး၊ နိုင်ငံတကာ ခုံရုံးများတွင် အရေးယူနိုင်ရေး၊ လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ရေးနှင့် စစ်ဘေးဒုက္ခသည်များကို အကူအညီပေးရေး ကိစ္စရပ်များအတွက် နိုင်ငံတကာအသိုင်းအဝိုင်းသို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC) က ယနေ့တောင်းဆိုလိုက်သည်လို့ဖော်ပြပါရှိပါတယ်။
