NEWS

အပူပိုင်းမုန်တိုင်း ဝီဖာကြောင့် ဒေသအလိုက် မိုးကြီးမည်ဟု မိုးဇလထုတ်ပြန်

CoverLogo
486 Views
 
တရုတ်နိုင်ငံတောင်ပိုင်း ကမ်းခြေအနီး ဖြစ်ပေါ်နေတဲ့ အားကောင်းသော အပူပိုင်းမုန်တိုင်း “ဝီဖာ” (WIPHA) ရဲ့ အရှိန်ကြောင့် မြန်မာနိုင်ငံ အတွင်း နေရာအနှံအပြားမိုးထစ်ချုန်းရွာပြီး ဒေသအလိုက်မိုးကြီးမယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထားပါတယ်။
 
မုန်တိုင်းရဲ့ အရှိန်ကြောင့်‎ မြန်မာနိုင်ငံမှာတော့ ဇူလိုင် ၂၁ ရက်မှ ဩဂုတ်လ ၁၆ ရက်နေ့အထိ တိုင်းနှင့် ပြည်နယ်အားလုံးရဲ့ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး၊ ဒေသအလိုက် မိုးကြီးနိုင်သလို မြန်မာ့ကမ်းရိုးတန်းနဲ့ ကမ်းလွန်ပင်လယ်ပြင်မှာလည်း တစ်ခါတစ်ရံ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးနိုင်တယ်လို့ သိရပါတယ်။
 
‎မုန်တိုင်းကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြီးပစ်ချခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်း တို့ ဖြစ်ပွားနိုင်တာကြောင့် မြစ်ချောင်းအနီး၊ ကုန်းမြင့်ဒေသများမှာ နေထိုင်သူများအနေဖြင့် ကြိုတင်သိရှိကာ ရှောင်ရှားရန်၊ ရေကြောင်း၊ လေကြောင်း ခရီးသွားလာမှုများမှာ သတိထားရန်၊ ဆည်မြောင်းနှင့် တာတမံများတွင် လိုအပ်တဲ့ ပြင်ဆင်မှုများ ပြုလုပ်ရန်လည်း မိုးဇလမှ ဆက်လက် သတိပေးထားပါတယ်။
 
အပူပိုင်းမုန်တိုင်းဝီဖာရဲ့ အရှိန်ကြောင့် ထိုင်းနိုင်ငံမှာလည်း မိုးသည်ထန်စွာရွာသွန်းနိုင်တဲ့ အတွက် တောင်ခြေဒေသတွေ ရေလမ်းနဲ့မြေနိမ့်ဒေသတွေမှာ ရေကြီး ရေလျံတာတွေ ဖြစ်နိုင်တဲ့ အတွက် သတိပြုနေထိုင်ကျဖို့ ထိုင်းမိုးလေဝသဌာနကလည်းသတိပေး ထုတ်ပြန်ထားပါတယ်။

Related posts

Cover
အာဆင်းနစ် မြစ်ဝှမ်းမှ မိခင်များနှင့် မျိုးဆက်သစ်တို့အတွက် ခြိမ်းခြောက်မှု
Sep 01, 2026
Cover
မြစ် ၅ စင်း စိုးရိမ်ရေမှတ်ထက် ရောက်ရှိနေသဖြင့် မြို့နယ် ၅ခု တွင်ရေဘေးအန္တရာယ် သတိထားရန် မိုးဇလ ထုတ်ပြန်
Aug 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
နိုဝင်ဘာ တတိယ ၁၀ ရက် ပတ်အတွင်း လာနီညာ ဖြစ်ပေါ် နိုင်ဟု မိုးဇလအသိပေး
Nov 21, 2025
Cover
တိုင်ဖွန်းမုန်တိုင်း “ခန့်မေဂီ” အရှိန်ကြောင့် နိုဝင်ဘာ ၈ ရက်မှ ၁၀ ရက်အတွင်း မိုးထစ်ချုန်းရွာမည်ဟုဆို
Nov 06, 2025
Cover
တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် နိုဝင်ဘာ ၄ ရက်မှ ၆ ရက်အထိ မိုးကြီးမည်
Nov 04, 2025
Cover
အပူပိုင်းမုန်တိုင်း “ဖန်ရှန်” (FENGSHEN) အရှိန်ကြောင့် မြန်မာနိုင်ငံအနှံ့ မိုးထစ်ချုန်း ရွာမည်။
Oct 20, 2025
Cover
အပူပိုင်းမုန်တိုင်း “ဘူအလွိုင်” မြန်မာနိုင်ငံအရှေ့ပိုင်း နယ်စပ်ဒေသများကို ဖြတ်ကျော်နိုင်ဟုမိုး/ဇလထုတ်ပြန်
Sep 29, 2025