NEWS

အနည်းဆုံးအခကြေးငွေပြင်ဆင်နိုင်ရေး ပြန်လည်ဆွေးနွေးမှုများလုပ်ဆောင်ရန်လိုနေ

CoverLogo
650 Views
 
ပြည်တွင်းမှာသတ်မှတ်ထားတဲ့အနည်းဆုံးအခကြေးငွေနှုန်းထားကိုပြန်လည်ပြင်ဆင်နိုင်ဖို့နိုင်ငံတကာအမှတ်တံဆိပ်တွေအနေနဲ့ပြည်တွင်းကအလုပ်သမားသမဂ္ဂတွေနဲ့အတူဆွေးနွေတာတွေလုပ်ဆောင်သင့်နေပြီလို့မြန်မာနိုင်ငံစက်မှု၊ လက်မှုနှင့်ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(MICS-TUsF)က ထုတ်ပြန်ထားပါတယ်။
 
ဒီထုတ်ပြန်ချက်ကိုတော့မေလ(၁၄)ရက်မှာထုတ်ပြန်တာဖြစ်ပြီးEU Cham က ထုတ်ပြန်တဲ့ အဆိုတစ်ရပ်မှာလည်း တရားဝင်အနည်းဆုံးလုပ်ခလစာကို ပြန်လည်သုံးသပ်ပြင်ဆင်ဖို့ လိုတယ်လို့ ဧပြီလမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။
"ဈေးနှုန်းကြီးမြင့်တာနဲ့ကျပ်ငွေတန်ဖိုးကျဆင်းမှုကြောင့်လက်ရှိမှာ အနည်းဆုံးလုပ်ခလစာရဲ့တန်ဖိုးဟာ၂၀၁၈ ခုနှစ်အနည်းဆုံးလစာရဲ့တဝက်တန်ဖိုးလောက်ပဲကျန်တာကြောင့်အလုပ်သမားတွေစားဝတ်နေရေးခက်ခဲလာပါတယ်"လို့ MICS-TUsF က ဖော်ပြပါတယ်။
 
ပြည်တွင်းမှာအနည်းဆုံးအခကြေးငွေနှုန်းထားကို၂၀၁၈ ခုနှစ်မေလမှာတစ်ရက်(၈)နာရီအလုပ်ချိန်အတွက်(၄၈၀၀)ကျပ်ပြင်ဆင်သတ်မှတ်ခဲ့တာဖြစ်ပါတယ်။
 
နောက်ပိုင်းမှာတော့ခေတ်ကာလနဲ့ကိုက်ညီတဲ့နှုန်းထားပြန်လည်ပြင်ဆင်ရေးကိုလက်တွေ့လုပ်ဆောင်မှုမရှိဘဲ စစ်အာဏာရှင်က အပိုထောက်ပံ့ကြေးခေါင်းစဥ်နဲ့ကျပ်နှစ်ထောင်တိုးပေးဖို့သာထုတ်ပြန်ခဲ့ပါတယ်။
 
လက်ရှိမှာတော့စက်ရုံအများစုကအပိုထောက်ပံ့ကြေးကိုအပြည့်အဝပေးချေတာမရှိသလို အလုပ်သမားဝန်ကြီးဌာနကလည်းတာဝန်ယူဖြေရှင်းပေးတာမရှိတာကြောင့် အလုပ်သမားတွေအခက်အခဲတွေဖြစ်ပေါ်နေပါတယ်။
 
"အခုက အလုပ်လုပ်ရင်းကို အဆင်မပြေတာပါ။ အချိန်ပိုတွေကို မဖြစ်မနေလုပ်ရတယ်။ အရင်ထက်ပိုလုပ်ရတယ်။‌ အောလင်း၊ အောနိုက်တွေ မနားတမ်းလုပ်နေရတာတောင် စားရရုံပဲရှိပါတယ်။ပေါပေါများများမရပါဘူး။ ပြောရရင်တော့အချိန်ပိုတွေလုပ်မှစားလို့ရတဲ့အခြေအနေဖြစ်နေတာပါ"လို့ ရွှေပြည်သာက စက်ရုံအလုပ်သမားတစ်ဦးက ပြောပါတယ်။
 
လက်ရှိမှာအလုပ်သမားတွေ အနည်းဆုံးအခကြေးငွေနှုန်းထားနဲ့မလုံလောက်တဲ့အခြေအနေတွေကိုစစ်တမ်း တွေ့ရှိချက်ကို သွေးစည်းညီညွတ်သေ ာသမဂ္ဂများအဖွဲ့ချုပ်မြန်မာ(STUM)ကလည်းသတင်းထုတ်ပြန်ထားပါတယ်။ ထုတ်ပြန်ချက်အရတော့အလုပ်သမားတစ်ဦးဟာတစ်ရက်(၈)နာရီအလုပ်ချိန်အတွက်(၁၂၀၀၀)ကျပ်က‌နေ
(၁၇၀၀၀) ကျပ်အထက်ထိလိုအပ်နေတာပဲဖြစ်ပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026