NEWS

အထောက်အထားမဲ့ မြန်မာလုပ်သား ၉ဦး တင်လာသည့် ကား အဖမ်းခံရ

CoverLogo
246 Views
 
ထိုင်းနိုင်ငံတောင်ပိုင်း၊ နရာသီဝပ်ခရိုင်၊ ရူးသော့မြို့နယ်ထဲမှ အဝေးပြေးလမ်းမကြီး မှာ အထောက်အထားမဲ့ မြန်မာလုပ်သား ၉ဦး တင်ဆောင်လာတဲ့ ကားကို အဝေးပြေးလမ်းမကြီးရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ ထိုင်းဗဟိုစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ (CIB)ရဲ့ မတ်လ ၂၇ရက် သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
 
ဖြစ်စဉ်မှာ သံသယဖြစ်ဖွယ် ကားတစ်စီးဟာ ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးမှုကို မခံဘဲ ဘူဒိုတောင်ပေါ်လမ်းအတိုင်း အရှိန်ပြင်းပြင်းနဲ့ မောင်းနှင်ထွက်ပြေးခဲ့တာကြောင့် ရဲတပ်ဖွဲ့က နောက်ကနေ လိုက်လံဖမ်းဆီးခဲ့ရတယ်လို့ဆိုပါတယ်။
 
ရဲတပ်ဖွဲ့ရဲ့ လိုက်လံ ဖမ်းဆီးမှုကြောင့် ယာဉ်မောင်း ဖြစ်သူ ဟာ အဝေးပြေးလမ်းမကြီး တစ်နေရာ မှာ ကားကို ရပ်တန့်ခဲ့ ပြီး တောအုပ်ထဲသို့ ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။
 
ကားပေါ် မှာ တော့ မြန်မာနိုင်ငံသား အမျိုးသား၇ဦးနဲ့အမျိုးသမီး၂ဦးကို တွေ့ရပြီး ၎င်းတို့ဟာ ဘုရားသုံးဆူ နယ်စပ်ဂိတ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာတာဖြစ်တယ်လို့ ရဲ့တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
အဖမ်းခံရတဲ့ မြန်မာလုပ်သားတွေဟာ အလုပ်လုပ်ကိုင်မယ့်နေရာကို ပို့ဆောင်ပေး ဖို့ ပွဲစားကို တစ်ဦးလျှင် ဘတ် ၃,၀၀၀ စီ ပေးဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။
 
၎င်းတို့မှာ တရားဝင် အထောက်အထားစာရွက်စာတမ်းတစ်ခုမှ မရှိတာကြောင့် ဥပဒေအရ အရေးယူနိုင်ဖို့ နယ်မြေရဲစခန်းကို လွှဲပြောင်းပေးလိုက်ပြီ ဖြစ်တယ်လို့ CIB က ထုတ်ပြန်ထားပါတယ်။

Related posts

Cover
မြန်မာနိုင်ငံသားများကို အတင်းအဓမ္မ နေရပ်ပြန်ပို့မှု ချက်ချင်းရပ်တန့်ရန် APHR တိုက်တွန်း
May 29, 2026
Cover
မလေးရှားတွင် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာလုပ်သား ၁၀၀ နီးပါးကို နေရပ်ပြန်ပို့
May 25, 2026
Cover
စက်ရုံဝန်းအတွင်း အရက်၊ ဘီယာ သောက်သုံး၊ရောင်းချပါက အလုပ်ထုတ်ပြီး ပြစ်နှင်ဒဏ်ပေးနိုင်သော ဥပဒေသစ်ပြဌာန်း
May 21, 2026
Cover
အထောက်အထားမဲ့ လုပ်သားတွေကို ၃ လစီမံချက်နဲ့ ဖမ်းဆီးမယ့် သတင်းကြောင့် မြန်မာလုပ်သားတွေ စိတ်ပူနေရ
May 15, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026