NEWS

အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်

CoverLogo
259 Views
ထိုင်းနိုင်ငံ ဖက်ချ်ဘူရီခရိုင် တွင် တရားမဝင် နယ်စပ် ဖြတ်ကျော်လာပြီး အထောက်အထားမရှိတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်တာကြောင့် မြန်မာလုပ်သားတစ်ဦးသေဆုံးပြီးအများပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ထိုင်းသတင်းတွေအရ သိရပါတယ်။
 
ဇွန်လ ၂၃ရက် ည ၉နာရီ ခန့် လောက်မှာ ဖက်ချဘူရီပြည်နယ်၊ သာယန်ခရိုင်၊ ဖက်ချဘူရီ အဝေးပြေးလမ်းရှိ အမှတ်တရပစ္စည်းဆိုင်တစ်ဆိုင်ရှေ့၌ ဘန်ကောက်လိုင်စင်ပါ အဖြူရောင် Isuzu ပစ်ကပ်ထရပ်ကားတစ်စီးဟာ အရှိန်မထိန်းနိုင်ဘဲ လမ်းမီးတိုင်ကို တိုက်မိပြီး ဇောက်ထိုးတိမ်းမှောက်ခဲ့ကြောင်း သိရပါတယ်။
 
၎င်းကားကို မြန်မာနိုင်ငံသားယာဉ်မောင်းက မောင်းလာခြင်းဖြစ်ပြီး ကားပေါ်တွင် မြန်မာရွှေ့ပြောင်းလုပ်သား၁၇ဦး လိုက်ပါလာတယ်လို့ သတင်းမှာဖေါ်ပြထားပါတယ်။
 
ယာဉ်တိမ်းမှောက်တာကြောင့် မြန်မာအမျိုးသမီးတစ်ဦး ကားထဲတွင်ညှပ်ပြီး သေဆုံးသွားကာ ကယ်ဆယ်ရေးအဖွဲ့တွေက ဖြတ်စက်များ အသုံးပြုထုတ်ယူခဲ့ရသလို မြန်မာလုပ်သား ၂ဦးမှာလည်း ထိခိုက်ဒဏ်ရာပြင်းထန်တဲ့ အတွက် နီးစပ်ရာဆေးရုံသို့ပို့ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။
 
ကားမှောက်ပြီးချိန်တွင် ကျန်ရှိတဲ့ မြန်မာလုပ်သားတွေဟာ ကြောက်လန့်ပြီး အနီးရှိ လမ်းဘေး တောအုပ်ထဲသို့ ထွက်ပြေးတိမ်းရှောင်ကြတဲ့အတွက် ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးရာ ၅ ဦးကို ဖမ်းမိထားပြီး လွတ်မြောက်နေသူ ၉ ဦးကို ဆက်လက်ရှာဖွေလျက်ရှိကြောင်း သတင်းမှာဖေါ်ပြထားပါတယ်။
 
​ဒဏ်ရာရလုပ်သားတစ်ဦးရဲ့ ပြောပြချက်အရ ၎င်းတို့ဟာ ကန်ချနဘူရီပြည်နယ်၊ ဘုရားသုံးဆူနယ်စပ်ဂိတ်မှတစ်ဆင့် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာပြီး မလေးရှားနိုင်ငံသို့ ဦးတည်သွားရောက်ရန် မောင်းနှင်လာခြင်း ဖြစ်ကာ ရဲတပ်ဖွဲ့ ကနဦး စစ်ဆေးချက်အရ မြန်မာနိုင်ငံသားယာဉ်မောင်း အိပ်ငိုက်ခြင်းကြောင့် မတော်တဆမှုဖြစ်ပွားရခြင်းဟု ယူဆထားပြီး ယခုဖြစ်ရပ်နှင့်ပတ်သက်၍ လူမှောင်ခိုဂိုဏ်းများကို ဖော်ထုတ်နိုင်ရန် စုံစမ်းစစ်ဆေးမှုများ အရှိန်အဟုန်မြှင့် လုပ်ဆောင်နေမယ်လို့ သတင်းမှာဖေါ်ပြထားပါတယ်။
 
Ref-Khaosod Thai

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026