ထိုင်းနိုင်ငံ မြောက်ပိုင်းအန်ထော်ခရိုင်ထဲက ထိုင်းကျောင်းတစ်ကျောင်းမှာ ကျောင်းတက်ပညာသင်နေကြတဲ့ အထောက်အထားမဲ့မြန်မာရွေ့ပြောင်းကလေးငယ်တွေနဲ့ ကမ္ဘောဒီးယားနိုင်ငံက ကျောင်းသား ကျောင်းသူကလေးစုစုပေါင်း (၁၂၆ ) ယောက် ကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
“ထိုင်းနိုင်ငံ မြောက်ပိုင်းအန်ထော်ခရိုင်ထဲက ထိုင်းကျောင်းတစ်ကျောင်းမှာ ကျောင်းတက်နေကြတဲ့ အထောက်အထားမဲ့မြန်မာရွေ့ပြောင်းကလေးငယ်တွေနဲ့ ကမ္ဘောဒီးယားနိုင်ငံက ကလေးစုစုပေါင်း (၁၂၆ ) ယောက် ကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့ပြီး ကလေးတွေ ပညာသင်ကြားခွင့် ကို အကူအညီပေးခဲ့တဲ့ ထိုင်း ကျောင်းအုပ်ချုပ်ရေးတာဝန်ရှိသူနှင့် ဆရာ/မ ၄ ဦးအပါအဝင်၊ ကျေးရွာသူကြီး (၂) ဦးကိုပါ တရားစွဲမယ်လို့ သိရပါတယ်။ အဲဒီဖမ်းဆီးခံရမှုနဲ့ အရေးယူဖို့ ပြင်ဆင်တယ်ဆိုတဲ့ ကိစ္စကို ပေါ့ပေါ့ တွက်လို့ မရပါဘူး ကျနော်တို့အားလုံး သတိရှိဖို့ လိုပါမယ်”လို့ ပညာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း FED ရဲ့ တည်ထောင်သူ ဦးထူးချစ်ကဆိုပါတယ်။
အဆိုပါပညာသင်ကြားနေတဲ့ကလေးတွေကို ယခုလဆန်းပိုင်း၆ရက်နေ့က ထိုင်းနိုင်ငံမြောက်ပိုင်း အန်ထော်ခရိုင်မှာ ဖမ်းဆီးခံထားခဲ့ရတာဖြစ်ပြီး ယခုလိုဖမ်းဆီးခံရမှုဟာ ရွှေ့ပြောင်းကလေး (၁၂၆) ယောက်နဲ့ သာ သက်ဆိုင်တာမဟုတ်ဘဲ ထိုင်းနိုင်ငံထဲက ထိုင်းအစိုးရကျောင်းတွေနဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားကျောင်းတွေမှာ တက်ရောက်နေတဲ့ထောင်သောင်းချီတဲ့ မြန်မာ ရွှေ့ပြောင်းကျောင်းသားတွေနဲ့ လည်း တိုက်ရိုက်သက်ဆိုင်နေတာဖြစ်တယ်လို့ ဆိုပါတယ်။
“၂၀၀၅-ခုနှစ်က၊ ထိုင်းနိင်ငံပညာရေးဝန်ကြီးဌာက အတည်ပြုပြဌာန်းထားတဲ့ "ပညာရေးသည် အားလုံးအတွက် ဖြစ်ရမည်" Education for All policy နဲ့လည်း တိုက်ရိုက် သက်ဆိုင်ပါတယ်။ ကျနော်တို့ နားလည်းထားသလောက်၊ ထိုင်းနိုင်ငံတွင်း ရောက်နေတဲ့ ကလေးလူငယ်တိုင်း ထိုင်းကလေးများနည်းတူ ပညာသင်ကြားခွင့် ရှိပါတယ်။ မိဘ အုပ်ထိမ်းသူတွေမှာ တရားဝင်အထောက်အထားရှိသည်ဖြစ်စေ၊မရှိသည်ဖြစ်စေ၊ ရွှေ့ပြောင်းကလေးတွေအနေနဲ့ ထိုင်းကျောင်းတွေမှာ တက်ရောက်ပညာသင်ကြားခွင့် ရှိတယ်လို့ နားလည်ထားပါတယ်။ အခုလို ဖမ်းပြီးပြန်ပို့တယ်၊ ရွှေ့ပြောင်းကလေးတွေပညာရေးကို ကူညီပေးတဲ့ ထိုင်းလူမျိူးတွေပါတရားစွဲမယ်ဆိုတဲ့ အထိဖြစ်လာတာဟာ၊ ထိုင်းအစိုးရသာမက၊ ထိုင်းလူမျိုးတွေအတွက် ပါသိက္ခာကျဆင်းစေပါတယ်” လို့ ၎င်းကဆက်လက်ပြောဆိုထားပါတယ်။
လွန်ခဲ့ တဲ့ နှစ်အနည်းငယ်အတွင်းက ထိုင်း-မြန်မာနယ်စပ်မြို့ ရနောင်းမှာ အလားတူဆင်တူရိုးမှာ ကိစ္စမျိုးတစ်ခါဖြစ်ခဲ့ဖူးပေမဲ့ ယခင်က ကလေးတွေကိုမဖမ်းဘဲ သင်ကြားပေးတဲ့ဆရာ/ဆရာမတွေကို ဖမ်းပြီး မြန်မာဖက်ခြမ်းပြန်ပို့ခဲ့တာဖြစ်ပြီး ယခုအခါမှာတော့ကလေးတွေကိုဖမ်းပြီးမြန်မာဘက်ပြန်ပို့ဖို့စီစဉ် နေတဲ့အပြင် ကလေးငယ်တွေကိုကူညီပေးတဲ့ ထိုင်းလူမျိုးတွေကိုပါတရားစွဲဆိုဖို့အထိပြုလုပ်နေတာလို့သိရပါတယ်။
FED/ULC/ ရွေ့ပြောင်းကလေးသင်ကြားရေး စင်တာတွေဖွင့်ခဲ့တာ၊ ( ၂၀၀၅) ခုနှစ်ထဲကစတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ကျောင်းဖွင့်တာနဲ့ထိုင်းကျောင်းတွေကိုပို့ဆောင်နိုင်ခဲ့တာ လက်ရှိအချိန်အထိ(၁၈) နှစ်ခန့်ရှိပြီဖြစ်ပြီး ယခုကဲ့သို့ပြဿနာမျိုးမကြုံခဲ့ရဖူးလို့လည်း သိရပါတယ်။
FED အနေနဲ့ ထိုင်းအစိုး ကျောင်းတွေကို တရားဝင်ပို့နေရာ ဖန်းငခရိုင်ထဲက၊ ထိုင်းအစိုးရကျောင်း ( ၄၂) ကျောင်းမှာ မြန်မာ ရွှေ့ပြောင်းကလေးတွေ သူငယ်တန်းက ကောလိပ်အထိ ( ၃၄၂) ယောက်အထိ တက်ရောက်ပညာသင်ကြားနေပြီး FED Learning centers ကျောင်း (၂) ကျောင်းမှာလည်း ကလေး (၈၀၀) ကျော် မူကြိုကနေ ( ၁၁)တန်းအထိတက်နေကြတယ်လို့ သိရပါတယ်။
ယခုလိုကျောင်းသားကလေးတွေဖမ်းဆီးခံရမှုကို မြန်မာအဖွဲ့အစည်းတွေအနေနဲ့ ထိုင်းလူမျိုးတွေ၊ ထိုင်း ပညာရှင်တွေ၊ ထိုင်းအစိုးရဌာနဆိုင်ရာတွေနဲ့ စနစ်တကျ ပူးပေါင်းဆောင်ရွက်ဖို့နဲ့ထိုင်းအစိုး ရကို စနစ်ကျချဥ်းကပ်ဆောင်ရွက်ဖို့လိုအပ်တယ်လို့ဆိုပါတယ်။
NEWS
အထောက်အထားမဲ့မြန်မာရွှေ့ပြောင်းကလေးငယ်တွေနဲ့ ကမ္ဘောဒီးယားနိုင်ငံက ကျောင်းသား ကလေးစုစုပေါင်း (၁၂၆ ) ယောက် ကို ထိုင်းအာဏာပိုင်တွေ ဖမ်းဆီး

428 Views
Related posts

ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026

အလုပ်သွားရန် မြန်မာလုပ်သားများ စီးလာသောယာဥ် တိုက်မှုဖြစ်ပြီး ၆ ဦးဒဏ်ရာရ
Mar 31, 2026

လမ်းစရိတ် သိန်း ၆၀၀ ကျော်နှင့် ဘတ်ရိုက်ခ၊ စမတ်ကြေး ဘတ်၂သိန်းခန့်ပေးရသည့် မြန်မာလုပ်သား ၁၁ ဦး အလုပ်မရဘဲ လိမ်လည်ခံရ
Mar 31, 2026

မတ်လ အတွင်း ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာ ၂၀၀ခန့်ကို ထိုင်းမှ စစ်ကော်မရှင် ထံ လွှဲပေး
Mar 31, 2026

အထောက်အထားမဲ့ မြန်မာလုပ်သား ၉ဦး တင်လာသည့် ကား အဖမ်းခံရ
Mar 27, 2026

တောင်ကိုရီးယားသို့ အမျိုးသမီး လုပ်သားအပါ ဝင် မြန်မာ လုပ်သား ၁၂၀ ကျော် စေလွှတ်
Mar 27, 2026

အလုပ်သမား အသစ်များက ခွင့်ပြန်လုပ်သား အဖြစ် အသွင်ဆောင်ပြီး ပြည်ပထွက်ခွာရန် ကြိုးစားလာဟုဆို
Mar 26, 2026

အလုပ်စမတ်ကြေး ဘတ်တစ်သောင်းကျော်ပေးရပြီး ရက်ပိုင်းသာအလုပ်ဆင်းရသူများအပါအဝင် မြန်မာလုပ်သား၂၇ဦး အလုပ်ထုတ်ခံရ
Mar 26, 2026
