NEWS

အထောက်အထားမဲ့ နယ်စပ်ဖြတ်ကျော်ရင်း အဖမ်းခံရသူ နှစ်ဝက်အတွင်း ၆၀၀၀ ကျော်ရှိလာ

CoverLogo
350 Views
 
စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေ ကို ရှောင်တိမ်းဖို့ နဲ့ အလုပ်အကိုင်အခွင့်အလမ်းရှာဖွေဖို့ အတွက် အိမ်နီးချင်း နိုင်ငံ တွေကို တရားမဝင်နယ်စပ်ဖြတ်ကျော်ရင်း ဖမ်းဆီးခံရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ဦးရေဟာ ၆ လ အတွင်း ၆၀၀၀ ကျော် ရှိတယ်လို့ စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှုတွေကို စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ Spring Revolution Database (SRD) အဖွဲ့က ထုတ်ပြန်ထားပါတယ်။
 
၂၀၂၅ ခုနှစ် ဇန်နဝါရီလ မှ ဇွန်လ အထိ အိမ်နီးချင်း နိုင်ငံ တွေကို တရားမဝင်နယ်စပ်ဖြတ်ကျော်လို့ သက်ဆိုင်ရာ နိုင်ငံ အာဏာပိုင်တွေ ရဲ့ အဖမ်းဆီးခံရတဲ့ မြန်မာလုပ်သား ၆၁၇၅ ဦးရှိတယ်လို့ ဆိုပါတယ်။
 
အဲ့ဒီထဲမှာ ထိုင်းနိုင်ငံကို နယ်စပ်ဖြတ်ကျော် ဝင်ရောက်လို့ အဖမ်းခံရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား၃၁၇၇ဦး၊ မလေးရှားနိုင်ငံကို တရားမဝင် ဝင်ရောက်လို့ အဖမ်းခံရသူ ၂၉၄၄ဦး၊ အိန္ဒိယ နိုင်ငံ ကို ဝင်ရောက်လို့ ၅၃ ဦး တရုတ်နိုင်ငံကို ဝင်ရောက်လို့ တစ်ဦး အဖမ်းခံခဲ့ရတယ်လို့ SRD အဖွဲ့က ထုတ်ပြန်ထားပါတယ်။
 
တရားမဝင်နယ်စပ်ဖြတ်ကျော်လို့ အဖမ်းခံရမှု တွင် ထိုင်း-မြန်မာ နယ်စပ် ကန်ချနဘူရီခရိုင် မှာ အများဆုံး ဖြစ်ပြီး နယ်စပ်ဖြတ်ကျော်ဝင်ရောက်ဖို့ ပွဲစားဆိုသူကို ဘတ်တစ်သောင်းခွဲကနေ ဘတ် ၅၀၀၀၀ အထိ ပေးရတာတွေရှိတယ်လို့ ထိုင်းသတင်းတွေ ရဲ့ဖေါ်ပြချက်အရသိရပါတယ်။
 
ထိုင်းနိုင်ငံကနေတစ်ဆင့် မလေးရှားနိုင်ငံကို ဝင်ရောက် တာတွေ လည်းရှိပြီး အဖမ်းခံရတဲ့ ဖြစ်စဉ်များတွင်ဒေသခံ အာဏာပိုင်တွေထံ ကြိုတင်သတင်းပေးတာကြောင့် စောင့်ဆိုင်းဖမ်းစီးတာတွေရှိသလို ပွဲစားတွေ မှ လူမဆန်စွာ တောအုပ်တွေထဲပစ်ထားခဲ့တာတွေကြောင့်လည်း အဖမ်းခံရတာတွေရှိပါတယ်။
 
အခုလို တရားမဝင်နယ်စပ်ဖြတ်ကျော် အဖမ်းခံရတာတွေ များနေပေမယ့်စစ်ကောင်စီ က လူငယ်တွေကို စစ်မှုထမ်း ဖို့ အတင်းအဓမ္မခေါ်ယူနေသလို ပြည်ပကိုတရားဝင်သွားရောက်ခွင့်ပါ ပိတ်ပင်ကန့်သက်လိုက်တဲ့ အတွက် အိမ်နီးချင်းဒေသတွင်းနိုင်ငံတွေကို တရားမဝင် နယ်စပ်ဖြတ်ကျော်သူတွေ ပိုမိုများလာတယ်လို့ ပြည်ပရောက်မြန်မာလုပ်သားရေးကူညီပေးသူတွေထံမှသိရပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026