NEWS

အထောက်အထားမဲ့ရွှေ့ပြောင်းလုပ်သားဖမ်းဆီးမှုရက် ၁၀၀ ကျော်မှာ မြန်မာ၂ သိန်းနီးပါးအဖမ်းခံရ

CoverLogo
344 Views
 
ထိုင်းနိုင်ငံ အတွင်း တရားမဝင် နိုင်ငံခြားသား ရွှေ့ပြောင်း အလုပ်သမားတွေကို စီမံချက်နဲ့ ဖမ်းဆီးတာ မှာ ရက်ပေါင်း ၁၀၀ ကျော်အတွင်း မြန်မာအလုပ်သမား ၂သိန်းနီးပါး အဖမ်းခံရတယ်လို့ ထိုင်းသတင်းဌာတွေရဲ့ ဖေါ်ပြချက်အရ သိရပါတယ်။
တရားမဝင်နိုင်ငံခြားသား အလုပ်သမားတွေ ကို ရက်ပေါင်း ၁၂၀ စီမံချက်နဲ့ လိုက်လံဖမ်းဆီးရာ ဇွန်လ ၅ ရက်မှ စက်တင်ဘာ ၁၉ ရက်နေ့ထိ ရက်ပေါင်း ၁၀၆ ရက် အတွင်းတရားမဝင်ရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း ၂၅၆,၂၁၃ ဦးဖမ်းဆီးရမိတယ်လို့သိရပါတယ်။
ဖမ်းဆီးရမိတဲ့ နိုင်ငံအလိုက်အလုပ်သမား တွေထဲ မှာ မြန်မာအလုပ်သမား ၁၉၃,၄၃၀ ဦး ၊ ကမ္ဘောဒီးယားအလုပ်သမား ၃၉,၇၃၆ ဦး ၊ လာအိုအလုပ်သမား ၁၅,၂၈၁ ဦး ၊ ဗီယက်နမ်အလုပ်သမား ၁၆၂ ဦး နဲ့အခြားနိုင်ငံသားအလုပ်သမား ၇,၆၀၄ ဦးဖြစ်ကြတယ်လို့သိရပါတယ်။
"အခုက စီမံချက်နဲ့ ဖမ်းတာ အပြင် ထိုင်းနိုင်ငံသား အချို့ရဲ့ မြန်မာရွှေ့ပြောင်း လုပ်သားတွေအပေါ် အမြင် မကြည်လင်တာ တွေ ရှိတဲ့ အတွက် အနေထိုင် အသွားလာ အထူးကိုသတိထားနေရတယ် အွန်လိုင်း လူမှုကွန်ယက်စာမျက်နှာတွေ မှာလဲ မြန်မာရွှေ့ပြောင်း လုပ်သားတွေကို ကိုယ့်နိုင်ငံပြန်ခိုင်းတဲ့ ထိုင်းနိုင်ငံသားတွေရှိသလို အချို့ထိုင်းနိုင်ငံသားတွေကလည်း ကျွန်တော်တို့မြန်မာနိုင်ငံအခြေနေ ကို စာနာမှု ရှိကြတဲ့သူတွေလည်း ရှိကြပါတယ် ကျွန်တော်တို့လည်း အခုလို စိုးရိမ်ထိတ်လန့်စွာ နဲ့ မနေချင်တော့ဘူး ကိုယ့်နိုင်ငံအမြန်ဆုံးအေးချမ်းပြီး ကိုယ့်အိမ်ကိုပြန်ချင်ပါပြီ""လို့ ထိုင်းရောက်မြန်မာအလုပ်သမားတစ်ဦးကပြောပါတယ်။
စီမံချက် အတွင်း အဖမ်းခံရတဲ့ နိုင်ငံခြားသား အလုပ်သမားတွေထဲ မှ မြန်မာအလုပ်သမား ၁၁၄၉ ဦး၊ လာအိုအလုပ်သမား ၂၅၇ ဦး ၊ ကမ္ဘောဒီးယားအလုပ်သမား ၂၅၉ ဦး ၊ဗီယက်နမ်အလုပ်သမား ၃၁ ဦး၊အခြားနိုင်ငံအလုပ်သမား ၁၃၄ ဦးတို့ကို အရေးယူဆောင်ရွက်ပြီးသွားပြီဖြစ်တယ်လို့ သိရပါတယ်။
အရေးယူရာ မှာလည်း အထောက်အထားမဲ့ အလုပ်လုပ်ကိုင်ခွင့် ဝေါ့ပါမက်မရှိတဲ့အလုပ်သမားနှင့် လုပ်ကိုင်ခွင့်မရှိတဲ့ အလုပ်အမျိုးအစားကို လုပ်ကိုင် တဲ့ အလုပ်သမားကို တွေ့ရှိပါက ဒဏ်ငွေ ဘတ် ၅,၀၀၀ မှ ၅၀,၀၀၀ ထိအလုပ်သမားမှ ဒဏ်ငွေပေးဆောင်ရမှာ ဖြစ်ပြီးနေရပ်သို့ပြန်ပို့ခံရခြင်းနှင့်အတူ
အလုပ်လုပ်ကိုင်ခွင့် (၂)နှစ်ပိတ်ခံရမှာဖြစ်တယ်လို့သိရပါတယ်။
ဒါ့အပြင် အလုပ်လုပ်ကိုင်ခွင့်မရှိတဲ့ အလုပ်သမားကိုလက်ခံသည့်အလုပ်ရှင်ကို တွေ့ရှိပါက အလုပ်သမားတဦးလျှင် ဘတ် ၁၀,၀၀၀ မှ ၁၀၀,၀၀၀ထိ ဒဏ်ငွေပေးဆောင်ရမှာ ဖြစ်ပြီး ထပ်မံကျူးလွန်မှု တွေ့ရှိပါက ထောင်ဒဏ်အများဆုံး ၁ နှစ် နှင့် ဘတ်ငွေ ၅၀,၀၀၀ မှ ၂၀၀,၀၀၀ ထိ ပေးဆောင်ရမည် ဖြစ်သလို ရွှေ့ပြောင်း အလုပ်သမားငှားရမ်းခွင့် ၃ နှစ် ပိတ်ခံရမယ်လို့ ထိုင်းအာဏာပိုင်​တွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Related posts

Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026