NEWS

အထောက်အထားမဲ့မြန်မာအလုပ်သမားတွေ ထိုင်းရဲဖမ်းဆီးခံရမှာထက် မိခင်နိုင်ငံပြန်ပို့ခံရမှာကို ပိုစိုးရိမ်နေဟုဆို

CoverLogo
443 Views

ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ အထောက်အထားမဲ့ မြန်မာအလုပ်သမားတွေဟာ ထိုင်းနိုင်ငံ အတွင်း တရားမဝင် နေထိုင်မှု နဲ့ ထိုင်းနိုင်ငံရဲတပ်ဖွဲ့က  ဖမ်းဆီးခံရမှာထက် မိခင်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံ ကို ပြန်အပို့ခံရမှာ ကိုပိုစိုးရိမ်ကြတယ်လို့ အထောက်ထားမဲ့မြန်မာအလုပ်သမားတွေထံကသိရပါတယ်။

ရက်ပေါင်း၁၂၀ စီမံချက် နဲ့ ထိုင်းအစိုးရက နိုင်ငံအတွင်းရှိ အထောက်အထားမဲ့ နိုင်ငံခြားသား အလုပ်သမားတွေ ကို ဖမ်းဆီးတာတွေ ပြုလုပ်နေပြီး အဖမ်းခံရသူတွေ ကို တရားရုံးတင်ကာ ပြစ်ဒဏ်ချမှတ်ပြီးပါက မိခင်နိုင်ငံရှိ အာဏာပိုင်များထံ လွှဲပြောင်းပေးတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကထိုင်းနိုင်ငံအတွင်း  ပြစ်ဒဏ်ကျခံပြီး  အထောက်အထားမဲ့ မြန်မာလုပ်သားတွေ ကို စစ်ကောင်စီ လက်အောက်ရှိ ဌာနဆိုင်ရာကို လွှဲပြောင်းပေးရာမှာ အမျိုးသားတွေ ကို စစ်မှုထမ်းဖို့ခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

"စီးပွားရေးအခြေနေကြောင့် မြန်မာပြည်မှာ ဘယ်လိုမှ မရပ်တည်နိုင်လို့ဒီဘက်ကိုလာတဲ့သူများသလို လက်ရှိအခြေနေမှာ စစ်မှုမထမ်းမနေရ ဥပဒေကြောင့် တိမ်းရှောင်လာကျတဲ့အခါ ဖမ်းမိလို့ မြန်မာဘက်ပြန်သွန်တဲ့ အတွက် အတင်းကြပ်စစ်မှုထမ်းခိုင်းမှာကို ပိုပြီး စိုးရိမ်နေကျတယ်"" ထိုင်းရောက်မြန်မာအလုပ်သမားတစ်ဦးကပြောပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံ အတွင်းရှိ အထောက်အထားမဲ့ မြန်မာအလုပ်သမားတွေ ထဲ မှာ CDM လုပ်လာသူများ နိုင်ငံရေးလုပ်ဆောင်တဲ့ အတွက် ထွက်ပြေးတိမ်းရှောင်သူတွေလည်း ရှိတဲ့ အတွက် ပြည်တွင်း ကို ပြန်လည်ပို့ခံရမည်ကို စိုးရိမ်တယ်လို့ သိရပါတယ်။

"ထိုင်းနိုင်ငံရောက် မြန်မာတွေ အများစု က တရားမဝင်လုပ်သားထက်ပိုတယ် အကုန်လုံးလိုလိုက ဒုက္ခသည်တွေ စစ်ပြေးဒုက္ခသည်တွေများတယ်  နောက်ပြန်အပို့ခံရတဲ့ သူတွေ ကို ကြီးကြီးငယ်ငယ်မရွေး အတင်းအဓမ္မ စစ်မှုထမ်းခိုင်းတာတွေ လုပ်လာတော့ လူတိုင်းက ပြန်အပို့ခံရမှာ ကို ကြောက်နေကျတာ"လို့ ထိုင်းရောက်မြန်မာအလုပ်သမားတစ်ဦးကပြောပါတယ်။

လက်ရှိအခြေနေမှာလဲ ထိုင်းနိုင်ငံ အတွင်း နိုင်ငံရေးအပြောင်းလဲတွေကြောင့် အထောက်အထားမဲ့ နိုင်ငံခြားသား လုပ်သားတွေကိုထုတ်ပေးမယ့် ပန်းရောင်ဘတ် အခြေနေဟာ နှောင့်နှေးနေတယ်လို့ သိရပါတယ်။

ရက်ပေါင်း၁၂၀စီမံချက် နဲ့ အထောက်ထားမဲ့ အလုပ်သမားတွေ ကို ဖမ်းဆီးတာမှာ လည်း ရက်ပေါင်း၅၀အတွင်းမှာတင် မြန်မာအလုပ်သမား ၁သိန်းကျော် အဖမ်းခံရတဲ့ အတွက် အထောက်အထားမဲ့ မြန်မာအလုပ်သမား တွေ ပိုမိုဂရုပြုနေထိုင်နေရတယ်လို့ သိရပါတယ်။

 


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026