NEWS

အထောက်အထားမရှိလို့ အဖမ်းခံရသူတွေကို ပြန်လွှတ်ပေးမယ်ဆိုပြီး လိမ်လည်ငွေတောင်းတာတွေ မယုံကြည်ဖို့ မလေးရှား လ၀က သတိပေး

CoverLogo
383 Views
 
မလေးရှားနိုင်ငံမှာ အထောက်အထားမရှိလို့ အဖမ်းခံရတဲ့ နိုင်ငံခြားသား လုပ်သားတွေကို ပြန်လွှတ်ပေးမယ်ဆိုကာ လိမ်လည် ငွေတောင်းတာတွေရှိနေတဲ့ အတွက် မယုံကြည်ဖို့မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာန(JIM)ကသတိပေးထုတ်ပြန်ထားပါတယ်။
 
လူဝင်မှုကြီးကြပ်ရေး အရာရှိအဖြစ် ဟန်ဆောင်ပြီး အမည်မသိအဖွဲ့တွေက ဖမ်းဆီးခံထားရတဲ့ အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူတွေ ကို အခကြေးငွေ ပေးဆောင်ပါကာ လွှတ်ပေးမယ်လို့ အဖမ်းခံရတဲ့ သူတွေရဲ့ အလုပ်ရှင်တွေ ဆီ လိမ်လည် ကမ်းလှမ်းတာတွေ မကြာခဏ ဖြစ်ပေါ်နေတယ်လို့ မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနကသတိပေးပါ
တယ်။
 
အခုလို အမည်မသိအဖွဲ့တွေရဲ့ လိမ်လည်ငွေတောင်းတာတွေ ကို မယုံကြည်ကြဖို့နဲ့ မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနက ဖမ်းဆီးထားသူတွေ ပြန်လွှတ်ပေးရေးအတွက် ငွေကြေးထောက်ပံ့တာ ကို ဘယ်သောအခါမှ လက်မခံဘူး လို့လဲ အသိပေးထားပါတယ်။
 
""စီမံချက် မဟုတ်ဘဲ လမ်းသွားရင်း ရဲနဲ့ တိုးလို့ အထောက်အထားမရှိရင် တော့ ငွေနဲ့ညှိနှိုင်းလို့ရတယ် အော်ပရာစီမှာတော့ အထောက်အထားမရှိလို့ အဖမ်းခံရရင် ငွေပေးလည်း ပြန်လွတ်လာတာ အရမ်းနည်းတယ် မရတာများတယ် ။ အဲ့လို ပြန်လွှတ်မယ်ဆိုပြီးမလေးငွေ ၅၀၀၀၊ ၁၀၀၀၀ အလိမ်ခံရတာတွေလည်းရှိတယ် အခု အလိမ်ခံရတာတွေများလို့ မလေး လ၀က က သတိပေးတာ ကိုယ်တွေ မြန်မာတွေလည်း အလိမ်ခံရတာတွေရှိတယ် လူလည်းပြန်မလွတ် ငွေလည်းကုန်ဖြစ်တာပေါ့""လို့ မလေးရှားရောက် မြန်မာနိုင်ငံသားတစ်ဦးကပြောပါတယ်။
 
မလေးရှား နိုင်ငံ အတွင်း တရားမ၀င်နေထိုင်တဲ့ မြန်မာအပါအဝင် နိုင်ငံခြားသားလုပ်သားတွေ ကို မလေးရှားအစိုးရက နေ့စဉ် စီမံချက်နဲ့ ဖမ်းဆီးလျက်ရှိရာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း မှာတင် ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသား ၅၀၀ ထက်မနည်း ရှိပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026