NEWS

အထောက်အထားမရှိဘဲ အလုပ်လုပ်ကိုင်သည့် မြန်မာရွှေ့ပြောင်းလုပ်သား ၂၃၀ ကျော်အဖမ်းခံရ

CoverLogo
303 Views
 
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ဘူကစ်ဘင်တန်း တွင် အထောက်အထားမပြည့်စုံတဲ့ နိုင်ငံခြားသား လုပ်သားတွေကို စက်တင်ဘာ၂ရက်ည ပိုင်းက စစ်ဆေးဖမ်းစီးတာမှာ မြန်မာရွှေ့ပြောင်းလုပ်သား ၂၃၅ဦး အဖမ်းခံရတယ်လို့ မလေးရှားလူဝင်မှုကြီး ကြပ်ရေးဌာနရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
 
ဖမ်းဆီးခံရသူအများစုမှာ တရားဝင် သက်သေခံစာရွက် စာတမ်းများ ကိုင်ဆောင်ထားမှုမရှိခြင်း ၊အလုပ်လုပ်ခွင့် ပါမစ်မရှိဘဲ အလုပ်လုပ်ကိုင်ခြင်းတို့ကြောင့် ဖမ်းဆီးခံရတာဖြစ်ပါတယ်။
 
စက်တင်ဘာ၂ ရက်ညပိုင်းက ဖမ်းခံရတဲ့ နိုင်ငံခြားသား လုပ်သားတွေထဲမှာ ဘင်္ဂလားဒေ့ရ်ှက အမျိုးသား ၃၉၄ ဦးနဲ့ အမျိုးသမီး ၂ဦး၊ မြန်မာနိုင်ငံက အမျိုးသား ၂၃၅ ဦး၊ နီပေါ အမျိုးသား ၇၂ ဦး၊ အိန္ဒိယ အမျိုးသား ၅၈ ဦးနဲ့ အမျိုးသမီး ၁၇ ဦး၊ အင်ဒိုနီးရှားက အမျိုးသမီး ၂ ဦးနဲ့ အခြားလူမျိုး ကိုးဦးတို့ ပါဝင်ကာ မြန်မာနိုင်ငံသားဒုတိယအများဆုံး အဖမ်းခံရတာဖြစ်ပါတယ်။
 
""အော်ပရာစီက နေ့တိုင်းလို ဖမ်းနေတာ ရဲတွေက လူဝတ်နဲ့ ရောနှောနေပြီးတော့ ဖမ်းတာဆိုတော့ အော်ပရာစီဝင်တာနဲ့ ပြေးလို့မလွတ်ဘူးမလေးမှာလဲ အထောက်အထားမရှိတဲ့ မြန်မာလုပ်သားတွေက များတော့ နေ့စဉ်လိုလိုပါနေတာကိုယ့်နိုင်ငံသားတွေ အများကြီးအဖမ်းခံရတာမြင်ရင် စိတ်မကောင်းအတော်ဖြစ်တယ် အဖမ်းမခံရတဲ့အထောက်အထားမရှိသူတွေလည်း ဘယ်တော့ ကိုယ်အလှည့်ဖြစ်မလဲဆိုတဲ့ ကြောက်စိတ်နဲ့ အလုပ်လုပ်နေရတာ မလုပ်ချင်တော့ဘူး ကိုယ့်နိုင်ငံပြန်မယ်ဆိုတော့ လည်း ကျန်ခဲ့တဲ့ မိသားစုတွေတောင် ရွာထဲနေမရတော့လို့ အခြားဒေသ သွားနေနေရတဲ့ အဖြစ် ကိုယ်ရတဲ့ လစာ လေးနဲ့ သူတို့ကိုထောက်ပံနေရတာ ဒီတော့အဖမ်းမခံရအောင်ကြည့်ရှောင်ပြီး လုပ်နေရတာဘဲ""လို့မလေးရောက်မြန်မာလုပ်သားတစ်ဦးကပြောပါတယ်။
 
မလေးရှားအစိုးရ အနေနဲ့ နိုင်ငံ အတွင်းရှိ အထောက်အထားမပြည့်စုံတဲ့ နိုင်ငံခြားသားလုပ်သားတွေ ကို လာမယ့် ၂၀၂၆ခုနှစ် အထိ ဖမ်းဆီးမှု အရှိန်မြှင့် တင်မယ်လို့ ကြေညာထားပါတယ်။
 
ဖမ်းခံထားသူတွေ ကိုလည်း လ၀ကဥပဒေ နဲ့ ပြစ်ဒဏ်ချမှတ်ပြီး သတ်မှတ်ပြစ်ဒဏ်ကျခံ ပြီးပါက မိခင် နိုင်ငံသို့ ပြန်လည်ပို့ဆောင်ကာ ပြည်နှင်ဒဏ်ပေးလိုက်တယ်လို့ သိရပါတယ်။

Related posts

Cover
ပွဲစားများမှ တစ်ဆင့် CIစာအုပ် မပြုလုပ်ရန် အလုပ်သမားသံအရာရှိရုံး အသိပေး
Mar 11, 2026
Cover
မလေးရှား ရောက် အထောက်အထားမဲ့ မြန်မာ လုပ်သား များအိမ်ငှားနေထိုင်ရန် အခက်ခဲဖြစ်လာ
Mar 11, 2026
Cover
ထိုင်းနိုင်ငံအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်သည့် မြန်မာလုပ်သား ၆၀ကျော် အဖမ်းခံရ
Mar 09, 2026
Cover
မြန်မာအလုပ်သမား ၂၈ဦး ကို အလုပ်သွင်းပေးမည်ဆိုကာ ပွဲစားက ပိုက်ဆံများလိမ်ယူပြီး ထွက်ပြေး
Mar 09, 2026
Cover
မလေးရှားသွားရန် ဘတ် ၅ သောင်း မှ ၁သိန်း အထိ ပေးလာရသည့် မြန်မာလုပ်သား ၆၀ နီးပါး ထိုင်းတွင်အဖမ်းခံရ
Mar 07, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်သည့် စက်ရုံကို သက်ဆိုင်ရာသို့ တိုင်ကြားပြီးနောက် မြန်မာလုပ်သား ၁၀၀ ကျော် အခွင့်အရေးများပြန်ရ
Mar 07, 2026
Cover
ဘန်ကောက်ငလျင်ကြောင့် သေဆုံးခဲ့သော မြန်မာလုပ်သားများ တစ်ဦးလျှင် လျော်ကြေး ဘတ် ၁ သန်း
Mar 05, 2026
Cover
သက်တမ်းတိုး အလုပ်ရှင် ပြောင်းမည့်သူများ အွန်လိုင်းစနစ်ဖြင့် ယနေ့မှ စတင်ဆောင်ရွက်နိုင်ပြီဟုဆို
Mar 05, 2026