NEWS

အထောက်အထားမရှိတဲ့ မြန်မာအလုပ်သမားတွေကို ပန်းရောင်ကတ်အမြန်ဆုံး ထုတ်ပေးဖို့ ထိုင်းအစိုးရကို NUG တောင်းဆို

CoverLogo
127 Views

ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ အထောက်အထား မရှိသေးတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ ကို ပန်းရောင်ကတ် ထုတ်ပေးတဲ့အစီစဉ် အမြန်ဆုံးစတင်ပေးဖို့ ထိုင်းအစိုး ရ ကို အမျိုးသားညီညွတ်ရေးအစိုးရ အလုပ်သမားဝန်ကြီးဌာန က တောင်းဆိုလိုက်ပါတယ်။

ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား များ၊ရွှေ့ပြောင်းအလုပ်သမားများနှင့် စပ်လျဉ်းတဲ့ သဘောထား ထုတ်ပြန်ချက်ကို အမျိုးသားညီညွတ်ရေးအစိုးရ အလုပ်သမားဝန်ကြီးဌာန က ဇူလိုင် ၁၈ ရက် မှာ ထုတ်ပြန်လိုက်ပါတယ်။

၎င်း ထုတ်ပြန်ချက် ထဲ မှာ အထောက်အထားမရှိတဲ့ မြန်မာအလုပ်သမားတွေ ကို ထိုင်းအစိုးရအနေနဲ့ ပန်းရောင်ကတ် ထုတ်ပေးတဲ့ အစီစဉ်အမြန်ဆုံးစတင်ပေးဖို့၊ ပန်းရောင်ကတ်၊ work permit စတဲ့ အထောက်အထား ကိုင်ဆောင်ထားသော မြန်မာနိုင်ငံသားတွေကို ထိုင်းမှာ လွတ်လပ်စွာ သွားလာနေထိုင် အလုပ်လုပ်ခွင့်ပြုဖို့၊ ထိုင်းနိုင်ငံအတွင်း မြန်မာအကြမ်းဖက်အစိုးရရဲ့ CIထုတ်ပေးခြင်း လုပ်ငန်းတွေ ကို ရုပ်သိမ်းပေးရန်နဲ့ခွင့်မပြုရန်၊ ထိုင်းအစိုးရ အနေနဲ့ လည်း CI မဖြစ်မနေ လုပ်ရမယ့် မူဝါဒ ကို ပြန်လည်သုံးသပ်ပေးဖို့၊ နှစ်နိုင်ငံ သဘောတူထားတဲ့ ထိုင်းရောက်မြန်မာနိုင်ငံသားများရဲ့ လစာ ငွေ မှ အခွန် ၂ထပ် မကောက်ခံရေး သဘောတူညီချက် ကိုဖောက်ဖျက်ကာ မြန်မာရွှေ့ပြောင်း
အလုပ်သမား များထံ မှ အဓမ္မ အခွန်
ကောက်ခံမှု နဲ့ လုပ်သားများရဲ့ လစာဝင်ငွေ ၂၅ရာခိုင်နှုန်း ကို ၎င်းတို့သတ်မှတ်ထားတဲ့ ဘဏ်နဲ့ငွေကြေး ဝန်ဆောင် မှု လုပ်ငန်းများ မှ တဆင့်
မဖြစ်မနေ လွှဲပို့ရန် ဖိအားပေးအကျပ်
ကိုင်မှု စတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ လုပ်ရပ် ကို ထိရောက်စွာ တားမြစ်ပေးဖို့၊ သက်တမ်းကုန် passport စာအုပ် များ ကိုင်ဆောင် ထားတဲ့ ထိုင်းရောက်မြန်မာရွှေ့ပြောင်း လုပ်သား တွေ ကို လူသားချင်း စာနာထောက်ထားတဲ့ အနေနဲ့ အလုပ်လုပ်ခွင့် (work permit)နဲ့ နေထိုင်ခွင့် (Visa) တွေ သက်တမ်းတိုးပေးကာ ကာလသတ်မှတ်ချက် တစ်ခုအထိ ဆက်လက်နေထိုင်ခွင့်ပြုဖို့ တောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံတွင် အကြမ်းဖက်အုပ်စု မှ ပြည်တွင်းရှိ အလုပ်သမားတွေ အပါအဝင် ပြည်သူလူထု တစ်ရပ်လုံး အပေါ် အကြမ်းဖက် ဖိနှိပ် သတ်ဖြတ် တာတွေ နေ့စဉ်ကျုးလွန်နေသလို ပြည်ပရောက် မြန်မာနိုင်ငံသား၊ ရွှေ့ပြောင်း လုပ်သားတွေ အပေါ်လည်း နည်းမျိုးစုံဖိနှိပ်နေတဲ့ အခြေနေ ဖြစ်ပေါ်နေပါတယ်။

ဒီအခြေနေ တွေ ကြောင့် အခြေခံ အလုပ်သမား အခွင့်အရေးနှင့် လူ့အခွင့်ရေး ကို အလေးထားတဲ့ ထိုင်းအစိုးရ၊ လွတ်တော် သက်ဆိုင်ရာ အဖွဲ့အစည်း တွေ နဲ့ ထိုင်းပြည်သူတွေ အနေနဲ့ လွတ်လပ်ပြီး တရားမျှတမှု ရှိတဲ့ ထိုင်းနိုင်ငံ အတွင်း မြန်မာအကြမ်းဖက်စစ်ကောင်စီရဲ့ အခြေခံအခွင့်ရေးတွေ ချိုးဖောက်ပြီး မြန်မာပြည်သူ လူထု အပေါ် ဖိနှပ်နေမှုတွေ ကို ခွင့်မပြုစေလိုတဲ့ အတွက် အမျိုးသားညီညွတ်ရေး အစိုးရ အလုပ်သမားဝန်ကြီးဌာနက အခုလို သဘောထားထုတ်ပြန်ချက်တွေ တောင်းဆိုခြင်းဖြစ်တယ်လို့သိရပါတယ်။


Related posts

Cover
လုပ်ငန်းခွင်မတော်တဆမှု ကြောင့်လက်ချောင်း ၄ ချောင်းပြတ်သွားသည့် မြန်မာအလုပ်သမား နစ်နာကြေးဘတ် ၄ သိန်းကျော် ရရှိ
Sep 07, 2024
Cover
ထိုင်းရောက်မြန်မာ အလုပ်သမားဇနီးမောင်နှံ ထိုင်းထီဘတ် ၆ သန်း ဆု ဆွတ်ခူး
Sep 02, 2024
Cover
မ​လေးရှားမှာ အထောက်အထားမပြည့်စုံတဲ့  မြန်မာအလုပ်သမား ၁၂ဦး အဖမ်းခံရ
Sep 02, 2024
Cover
ပြည်ပရှိ စစ်​ကောင်စီ မြန်မာသံရုံးများတွင် နိုင်ငံကူးလက်မှတ် စာအုပ် ဖိုး နှုန်းထားတွေ တိုးမြှင့်ကောက်
Sep 02, 2024
Cover
အသက်၁၈ မှ အသက် ၃၅ နှစ်အထိ အမျိုးသားတွေကို ကော့သောင်း-ရနောင်း ဂိတ်မှ နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ်နဲ့ ထိုင်းနိုင်ငံဘက်သွားရောက်ခွင့်ပိတ်လိုက်ပြီဟုဆို
Sep 02, 2024
Cover
အလုပ်ရှာပေးမယ်ဆိုကာ ငွေလိမ်ပြီး စွန့်ပစ်သွားလို့ မြန်မာအလုပ်သမား ၁၂ ဦး ဒုက္ခရောက်
Aug 30, 2024
Cover
ကိုရီးယားရောက်မြန်မာနိုင်ငံသားတစ်ဦး အခက်အခဲဖြစ်နေပြီး သိရှိသူများ ဆက်သွယ်ပေးဖို့ မြန်မာသံရုံး မေတ္တာရပ်ခံထား
Aug 30, 2024
Cover
မြေအောက်ရထားလမ်းဥမင်လှိုင်ခေါင်းပြိုကျရာ ပိတ်မိ​နေတဲ့ မြန်မာအလုပ်သမား သေဆုံးလျက် ပြန်ရှာတွေ့
Aug 29, 2024