NEWS

အထောက်အထားမစုံ"ဟုဆိုကာ အလုပ်ထုတ်ခံရသည့် မြန်မာလုပ်သား ၁၈ ဦး ကျန့်ခေါက်ကြေးနှင့်နစ်နာကြေးများပြန်ရ

CoverLogo
195 Views
 
ထိုင်းနိုင်ငံ၊ နခွန်ပထုန်ခရိုင်ရှိ Bangkok Cycle Industrial Co,Ltd မှ "အထောက်အထားမစုံတော့"ဟုဆိုပြီး အလုပ်ထုတ်ပယ်ခံရတဲ့ မြန်မာအလုပ်သမား ၁၈ ဦး အလုပ်ရှင်ပြောင်းခြင်း(ကျန့်ခေါက်)လုပ်ရန် ပေးသွင်းထားတဲ့ငွေများနဲ့ အလုပ်ထုတ်နစ်နာကြေးတွေ ပြန်ရရှိပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
 
၎င်းစက်ရုံသူဌေး မှ စက်ရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားများ (၁၈) ဦးကို ဘိုင်ကျန့်အော်သေသွား သဖြင့် အထောက်ထားမစုံတော့ဟုဆိုကာဇူလိုင် ၁၅ ရက်က အလုပ်မှထုတ်ပယ်လိုက်တာလို့သိရပါတယ်။
 
မြန်မာအလုပ်သမားတွေဟာ အလုပ်စဝင်ကတည်း က အလုပ်ရှင်ပြောင်းခြင်း(ကျန့်ခေါက်)လုပ်ရန် အတွက် စက်ရုံရှိ စာရေးမထံ တစ်ဦး ကို ဘတ် (၃၀၀၀)နှုန်း နဲ့ ပေးသွင်းထားခဲ့ပေမယ့် ဆောင်ရွက်ပေးခြင်းမရှိတာကြောင့် ဘိုင်ကျန့်အော် သေသွားပြီး work Permit သက်တမ်းတိုးမရဖြစ်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။
 
အခုလို စက်ရုံသူဌေးနဲ့ စာရေးမ တို့ ကအလုပ်ထုတ်ပယ်တဲ့ အတွက် မြန်မာအလုပ်သမားတွေက အမျိုးသား ညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနနဲ့ MHAC မဟာမိတ်အဖွဲ့ အထံ အကူညီတောင်းခံခဲ့တယ်လို့သိရပါတယ်။
 
အလုပ်သမားတွေရဲ့ အကူညီတောင်းခံမှုကြောင့် နခွန်ပထုန်၊ ဆာဝါဒီကန်ရုံးမှာ ဇူလိုင် ၂၄ရက်က အမှုဖွင့်တိုင်ကြားပေးခဲ့ပြီး ဇူလိုင်၂၅ရက်မှာ ကျန်ဟာငန်ရုံးတွင် work Permit သက်တမ်းတိုးနိုင်ရေး အတွက် အလုပ်ရှင် ကို အမှုဖွင့်တိုင်ကြားပေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန ထံမှသိရပါတယ်။
 
NUGအလုပ်သမားဝန်ကြီးဌာနမှ သက်ဆိုင်ရာရုံးတွေမှာ အမှုဖွင့်တိုင်ကြားလိုက်တဲ့ အတွက် ဩဂုတ်၂၅ရက်မှာတော့ နခွန်ပထုန် ဆာဝါဒီကန်ရုံး၌ အလုပ်ရှင်သူဌေးနဲ့ စာရေးမတို့မှ ကျန့်ခေါက်ကြေး ဘတ် (၅၄၀၀၀) ကို အလုပ်သမားလက်ဝယ်ထံပေးချေခဲ့ပြီး စက်ရုံမှ အလုပ်ထုတ်ပယ်ခြင်းအတွက် အလုပ်ထုတ်နစ်နာကြေး ဘတ် (၈၇,၀၄၈) ကို စက်တင်ဘာ ၃ရက်မှာ ပေးခဲ့တယ်လို့ သိရပါတယ်။
 
ပြည်ပရောက်မြန်မာလုပ်သားတွေအနေနဲ့ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရပါက NUG အလုပ်သမားဝန်ကြီးဌာနရဲ့ဖုန်း၊ Email နှင့် Social App တို့မှ တစ်ဆင့်လည်း ဆက်သွယ်တိုင်ကြားနိုင်တယ်လို့ သိရပါတယ်။

Related posts

Cover
ကမ္ဘောဒီးယားက ကျားဖြန့်အလုပ်ရုံများသို့ မြန်မာလုပ်သားများ လိမ်လည်ရောင်းစားခံရပြီဒုက္ခရောက်နေ
Dec 25, 2025
Cover
အလုပ်ထုတ်ခံရသည့် ထိုင်းက မြန်မာလုပ်သား ၂၄ဦး ကို ညှိနှိုင်းမှုအရ အလုပ်ရှာစဉ်ကာလ၌ လုပ်အားခရမည်
Dec 25, 2025
Cover
ပြည်ပခွင့်ပြန်လုပ်သားများ ရန်ကုန်လေဆိပ်ရောက်ပါက မပျက်မကွက် သတင်းပို့ရမည်ဟုဆို
Dec 25, 2025
Cover
လျှပ်စစ်ပစ္စည်း ထုတ်စက်ရုံမှ မြန်မာလုပ်သား ၄၃ ဦး အကြောင်းမဲ့ အလုပ်ထုတ်ခံရ
Dec 24, 2025
Cover
ထိုင်းနိုင်ငံ ကန်ချနဘူရီမှာ အလုပ်ရှာဖို့ နယ်စပ်ဖြတ်လာကြတဲ့ မြန်မာ၂၇ဦး အဖမ်းခံရ
Dec 24, 2025
Cover
အကူညီတောင်းခံမှုများအတွက် အခကြေးငွေပေးစရာမလိုကြောင်း ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံး အသိပေး
Dec 24, 2025
Cover
ထိုင်းမှာ ရက် ၂၀ အတွင်း မြန်မာလုပ်သား ၄၉၀၀ ကျော် အဖမ်းခံရ
Dec 23, 2025
Cover
မလေးရှားမှ ဖမ်းခံရသော မြန်မာနိုင်ငံသား ၁၆၀ ကျော်ကို နေရပ်ပြန်ပို့ခံရ
Dec 22, 2025