NEWS

အထောက်ထားမပြည့်စုံတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို ထိုင်းအစိုးရက ဘတ်အသစ်ရိုက်ပေးပြီး အလုပ်လုပ်ခွင့်ပြု

CoverLogo
428 Views
 
ထိုင်းအစိုးရက အထောက်အထားမရှိဘဲ နေထိုင်အလုပ်လုပ်ကိုင်နေကြတဲ့ ရွှေ့ပြောင်း မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ ဗီယက်နမ်နိုင်ငံသားစတဲ့ နိုငံခြားသားလုပ်သားတွေ ကို တရားဝင် အလုပ်လုပ်ခွင့်ပါမစ်ပြုလုပ်ဖို့ ခွင့်ပြုလိုက် တယ်လို့ ဩဂုတ်လ ၁၉ ရက်က ထိုင်းအလုပ်သမားရေးရာဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
 
ကမ္ဘောဒီးယားလုပ်သားတွေ အလုံးအရင်း နဲ့ နေရပ်ပြန်ကြပြီးနောက်အလုပ်သမား ပြတ်လပ်မှု ပြဿနာကို အစားထိုး ဖြေလျှော့ ဖို့ တရားဝင် အလုပ်လုပ်ခွင့်ပါမစ်ပြုလုပ်ရန် အတွက် ခွင့်ပြုခြင်းဖြစ်ကာ နေထိုင်ခွင့် သက်တမ်း ၁နှစ် ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။
 
ထိုင်းအလုပ်သမားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ အလုပ်ရှင်မှ အလုပ်သမားလိုအပ်ချက် အလုပ်လုပ်ကိုင်ခွင့် အမည်စာရင်းလျှောက်လွှာ တင်သွင်းတာကို ၁၅ ရက်အတွင်း သတ်မှတ်ထားတဲ့ ဌာနတွေကိုတင်ပြရမယ်လိို့ဆိုပါတယ်။
 
အလုပ်သမားတွေ အနေနဲ့ ဆေးစစ်ချက်လက်မှတ်၊ ကျန်းမာရေးအာမခံအထောက်အထား စတဲ့ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို ရက် ၆၀ အတွင်း ပြည်နယ် ဒါမှမဟုတ် ဘန်ကောက်မြို့က အလုပ်အကိုင်ရှာဖွေရေး ရုံးတွေဆီ တင်ပြရမယ်လို့ ထုတ်ပြန်ချက်မှာဖေါ်ပြထားပါတယ်။
 
စာရင်းတင်ထားတဲ့ နိုင်ငံခြားသား အလုပ်သမားအနေနဲ့ ရက် ၆၀ အတွင်း လူဝင်မှု ကြီးကြပ်ရေးရုံး သို့ လူကိုယ်တိုင်သွားရောက်ပြီး လက်ဗွေ နှိပ်ပြီး ကိုယ်ရေးအချက်လက်ကို မှတ်ပုံတင်ရမယ်လို့ သိရပါတယ်။
 
ဒါ့အပြင် အလုပ်သမားမိဘတွေရဲ့ အသက် ၁၈ နှစ်အောက် ကလေးတွေဟာ မိဘတွေရဲ့ အထောက်အထားနဲ့အတူ ထိုင်းနိုင်ငံမှာ နေထိုင်ခွင့်ရရှိမှာဖြစ်ကာ မိဘတွေ အလုပ်လုပ်ခွင့်ရတာနဲ့တစ်ပြိုင်နက် ကလေးတွေရဲ့ မှတ်ပုံတင်စာရင်းကိုလည်း ပြုလုပ်ရမယ်လို့ သိရပါတယ်။
 
မိဘနဲ့အတူရှိနေပြီး အသက် ၁၈ နှစ်ပြည့်သွားတဲ့ ကလေးတွေအနေနဲ့ကတော့ အလုပ်လုပ်လိုပါက အလုပ်လုပ်ကိုင်ခွင့်လျှောက်ထားဖို့အတွက် နောက်ထပ် ရက် ၆၀ အထူးနေထိုင်ခွင့် ပေးထားပါတယ်။
 
ယခု လုပ်ငန်းစဉ်တွေဟာ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ အလုပ်သမားဝန်ကြီးဌာနတို့ရဲ့ တရားဝင်ကြေညာချက်တွေ ထွက်ပေါ်လာပြီးနောက် စတင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
 
"နာမည်စာရင်းကို ၁၅ရက်အတွင်းပေးရမယ် ရက်ပေါင်း၆၀ အတွင်း ကို ဝေါ့ပါမစ် လုပ်မယ် ဒီကြားထဲ ဆေးစစ် လ၀က ကိစ္စတွေ အကုန်လုပ်ရမှာဆိုတော့ အချိန်တော့ လု လုပ်ရမယ် မနေ့က အစည်းဝေးမှာ ထိုင်းအစိုးရ ဘက်က ခွင့်ပြုလိုက်ပြီ တော်ဝင်ပြဌာန်း တို့ အလုပ်သမားဝန်ကြီးဌာနရဲ့ ကြေညာချက် တို့ စောင့်ရမယ် ဆိုတော့ ခန့်မှန်းခြေ အရ ၉ လပိုင်းထဲ မှ စတင်နိုင်မယ်လို့ ထင်တယ်"" လို့ ဘတ်ရိုက်ရန်ဝန်ဆောင်မှုပေးသူတစ်ဦးက ပြောပါတယ်။
 
လက်ရှိမှာ ဘတ်ရိုက်ဖို့ အတွက် ဝန်ဆောင်မှု ပေးတဲ့ ပွဲစား တွေက အထောက်ထားမရှိလို့ ဘတ်အသစ်ရိုက်လိုတဲ့ အလုပ်သမားတွေ ကို နာမည်စာရင်းကြိုတင် ပေးထားကြဖို့ ပြောဆိုထားတာတွေရှိနေပြီး အလုပ်သမားတွေ အနေနဲ့ မိမိ လုပ်ဆောင်မယ့် ပွဲစား ရဲ့ ဖုန်းနံပတ် ၊ ပေးရမယ့်ဝန်ဆောင်ခ၊ စရံငွေပေးချေမှုပြေစာနဲ့ လုပ်ငန်းစဉ် ဘယ်အဆင့်ထိ လုပ်ဆောင်ပေးမယ်ဆိုတာတွေကိုရှင်းလင်းစွာ မေးမြန်းစုံစမ်းပြီးမှသာ လုပ်ဆောင်ကြဖို့ ထိုင်းရောက်မြန်မာအလုပ်သမားအရေးကူညီသူတွေက သတိပေးထားပါတယ်။

Related posts

Cover
ပွဲစားများမှ တစ်ဆင့် CIစာအုပ် မပြုလုပ်ရန် အလုပ်သမားသံအရာရှိရုံး အသိပေး
Mar 11, 2026
Cover
မလေးရှား ရောက် အထောက်အထားမဲ့ မြန်မာ လုပ်သား များအိမ်ငှားနေထိုင်ရန် အခက်ခဲဖြစ်လာ
Mar 11, 2026
Cover
ထိုင်းနိုင်ငံအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်သည့် မြန်မာလုပ်သား ၆၀ကျော် အဖမ်းခံရ
Mar 09, 2026
Cover
မြန်မာအလုပ်သမား ၂၈ဦး ကို အလုပ်သွင်းပေးမည်ဆိုကာ ပွဲစားက ပိုက်ဆံများလိမ်ယူပြီး ထွက်ပြေး
Mar 09, 2026
Cover
မလေးရှားသွားရန် ဘတ် ၅ သောင်း မှ ၁သိန်း အထိ ပေးလာရသည့် မြန်မာလုပ်သား ၆၀ နီးပါး ထိုင်းတွင်အဖမ်းခံရ
Mar 07, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်သည့် စက်ရုံကို သက်ဆိုင်ရာသို့ တိုင်ကြားပြီးနောက် မြန်မာလုပ်သား ၁၀၀ ကျော် အခွင့်အရေးများပြန်ရ
Mar 07, 2026
Cover
ဘန်ကောက်ငလျင်ကြောင့် သေဆုံးခဲ့သော မြန်မာလုပ်သားများ တစ်ဦးလျှင် လျော်ကြေး ဘတ် ၁ သန်း
Mar 05, 2026
Cover
သက်တမ်းတိုး အလုပ်ရှင် ပြောင်းမည့်သူများ အွန်လိုင်းစနစ်ဖြင့် ယနေ့မှ စတင်ဆောင်ရွက်နိုင်ပြီဟုဆို
Mar 05, 2026