NEWS

အင်းစိန်အကျဉ်းထောင်တွင်း အကျဉ်းသား/သူများ ဝမ်းပျက်ဝမ်းလျောရောဂါ ခံစားနေရပြီး လုံလောက်တဲ့ ဆေးဝါးကုသမှုမရရှိဖြစ်နေ

CoverLogo
289 Views

အင်းစိန်အကျဉ်းထောင် တွင်း ရှိ နိုင်ငံရေးအကျဉ်းသား/သူ အပါအဝင် အခြား အကျဉ်းသား/သူ တွေ  မှာ ဝမ်းပျက်ဝမ်းလျော ရောဂါ ခံစားနေရပြီး လုံလောက်တဲ့ ဆေးဝါးကုသမှု မရရှိ ဖြစ်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ရဲ့ ဇူလိုင်၂၇ရက်သတင်းထုတ်ပြန်ချက်အရသိရပါတယ်။ 


အင်းစိန်ဗဟိုအကျဉ်းထောင်အတွင်း ဇူလိုင်လ(၃)ရက်နေ့ က  ကျရောက်တဲ့  စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်မွေးနေ့အဖြစ် အင်းစိန်ထောင်ပိုင် ဇော်လင်းအောင်နှင့် ထောင်အာဏာပိုင်တွေ က ကြက်သားနှင့်ပဲဟင်းကို ကျွေးခဲ့ပြီး အိမ်မှပို့တဲ့ အစားအသောက် တွေ ကို စားသုံးခွင့်မပြုဘူးလို့  ဖိအားပေးကာ ထောင်တွင်းအမိန့်ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ 


စားသောက်ရချိန် မှာ လည်း ​ကျွေး​မွေးတဲ့ ပဲဟင်းနဲ့ ကြက်သားမှာ လက်ဆတ် ခြင်းမရှိဘဲ  သိုးတဲ့ အနံထွက်နေခဲ့တဲ့ အတွက်  အကျဉ်းထောင်ရှိ အကျဉ်းဦးစီးဝန်ထမ်း တွေ ကို နိုင်ငံရေးအကျဉ်းသားများ က တင်ပြပြောဆိုခဲ့ပေမယ့် လက်မခံပဲ ထောင်မှကျွေးတဲ့  အစားအသောက်ကိုသာ စားသောက်ရမယ်လို့ ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ 


ထောင်မှကျွေးတဲ့  (ပဲဟင်း)အသိုးတွေ ကို ဖိအားပေး စားသောက်ခဲ့ကြရ တဲ့ နိုင်ငံရေးအကျဉ်းသားတွေ နဲ့  အခြားအကျဥ်းသားတွေဟာ  ဇူလိုင်လ(၄)ရက်နေ့ကစပြီး  အကျဉ်းသား/အကျဉ်းသူ(၁၀၀)ကျော် ဝမ်းပျက် ဝမ်းလျောရောဂါကို ခံစားခဲ့ရပြီး ထောင်တွင်း ဝမ်းလျောဝမ်းပျက်ရောဂါ ကူးဆက်မှုများဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။ 


အခုလို ဝမ်းပျက်ဝမ်းလျောရောဂါခံစားရသူ တွေ ကို  လုံလောက်တဲ့  ဆေးဝါးများပေးနိုင်ခြင်းမရှိခဲ့တဲ့ အတွက် ဇူလိုင်လ(၂၀)ရက်နေ့အထိ နေ့စဉ် အကျဉ်းသား(၅)ဦးမှ(၁၀)ဦး အထိ ကူးဆက်ရောဂါခံစားခဲ့ရပြီး ဝမ်းပျက်ဝမ်းလျောရောဂါခံစားရသူ အနည်းဆုံး(၁၅၀) ဝန်းကျင်ခန့် ရှိခဲ့တယ်လို့ သိရပါတယ်။ 


အခုလို အကျဉ်းသား/သူတွေရောဂါခံစားနေရတာကို  အင်းစိန်ထောင်အာဏာပိုင်တွေက  သတင်းဖုံးထားတဲ့ အပြင် မိသားစုဝင်တွေက ပို့တဲ့ အစားအသောက် တွေ ကြောင့် ဝမ်းပျက်ဝမ်းလျောရောဂါ ဖြစ်သယောင် ပြောဆို ပြီး  မိသားစုပို့သည့်ထောင်ဝင်စာများကို ကန့်သတ်ခြင်းတွေ  ပြုလုပ်လာတာ တွေ့ရှိရတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ကသတင်းထုတ်ပြန်ထားပါတယ်။ 


Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေး နိုင်ငံတကာ ဖိအားပေးရန် အဖွဲ့အစည်း ၅၈ ဖွဲ့တောင်းဆို
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
မကွေးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၃၅ဦးကို ရိုက်နှက်ပြီး ၁လ နီးပါး တိုက်ပိတ်ထား ဟု PPNM ထုတ်ပြန်
Jan 10, 2026
Cover
နိုင်ငံရေးမတည်ငြိမ်မှုများကြား ရုန်းကန်နေရဆဲ မြန်မာ့အထည်ချုပ်လုပ်ငန်း
Jan 02, 2026