NEWS

အခွန်မဆောင်တဲ့ ပြည်ပအလုပ်ကိုင်အေဂျင်စီတွေကို Black List စာရင်းသွင်းမယ်လို့ကြေညာ

CoverLogo
460 Views
 
၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီတွေ နိုင်ငံအလိုက် အလုပ်သမားစေလွှတ်မှု အပေါ် ပေးဆောင်ရမယ့် အခွန်ပေးဆောင်ခြင်းမရှိပါက လိုင်စင်ပယ်ဖျက်ကာ အမည်မည်းစာရင်းသွင်းမယ်လို့ စစ်ကောင်စီရဲ့အလုပ်သမားဝန်ကြီးဌာနက မေလ ၁၇ ရက် က ထုတ်ပြန်ကြေညာပါတယ်။
 
အလုပ်သမားအေဂျင်စီ ၂၈ခု ကို ယခုလကုန် အထိ အခွန် ပေးဆောင်ခြင်းမရှိပါက လိုင်စင်ပယ်ဖျက်ကာ အမည်မည်းစာရင်းသွင်းမယ်လို့ နာမည်နဲ့ တကွ အလုပ်သမားဝန်ကြီးဌာနက သတိပေးထားပါတယ်။
 
"အခု သတိပေးခံရတဲ့ အေဂျင်စီ တွေ ထဲ မှာ အချို့လဲ အခွန်ဆောင်ပြီး ပြီ တစ်ချို့ က အလုပ်မရှိတာရယ် စေလွှတ်ထားတဲ့ အလုပ်သမား တွေရဲ့ မိသားစုလွှဲပို့ငွေ ၂၅ရာခိုင်နှုန်း မပြည့်လို့ စေလွှတ်ခွင့် ပိတ်ခံရတာတွေ ကြောင့် အခွန်မဆောင်နိုင်တာတွေလည်းရှိတယ်""လို့ လိုင်စင်ရအေဂျင်စီတစ်ခုမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
 
၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများမှ နိုင်ငံအလိုက်အလုပ် သမားစေလွှတ်ခဲ့မှုအပေါ် သက်ဆိုင်ရာမြို့နယ်အခွန်ရုံးများ မှာ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လနောက်ဆုံးထားကာ အခွန်စည်းကြပ်မှုခံယူပြီး ပြန်လည်တင်ပြကြဖို့ ၂၀၂၄ခုနှစ် ဇွန်လ ၇ရက် က သက်ဆိုင်ရာအေဂျင်စီ တွေ ထံ အကြောင်းကြားထားတယ်လို့ ကြေညာချက်မှာဖေါ်ပြထားပါတယ်။
 
အခုလို အကြောင်းကြားပေမယ့် အခွန်စည်းကြပ်မှုခံယူရမယ့် အေဂျင်စီ များ အနက် အခွန်ပေးဆောင်ခြင်းမရှိသေးတဲ့ အေဂျင်စီများကို ၂၀၂၅ ခုနှစ်၊ မေလ ၃၁ ရက်နေ့နောက်ဆုံးထား အခွန်စည်းကြပ်မှုခံယူကြဖို့ မေလ ၉ရက်က သက်ဆိုင်ရာအေဂျင်စီ တွေ ထံသို့ အကြောင်းကြားခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။
 
အခုလို အကြောင်းကြားခဲ့ပေမယ့် အခွန်စည်းကြပ်မှုခံယူခြင်းမရှိတဲ့ အေဂျင်စီ တွေအနေနဲ့ မေလ ၃၁ ရက်နေ့ မတိုင်မီ သက်ဆိုင်ရာမြို့နယ်အခွန်ရုံးများ မှာ အခွန်စည်းကြပ်မှုခံယူကာ အချိန်မီတင်ပြကြရန်နှင့် အခွန်ပေး ဆောင်ခြင်းမရှိပါက ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ပယ်ဖျက်ပြီး အမည်မည်း (Black List) စာရင်းရေးသွင်းမယ်လို့ အသိပေးထားပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026