NEWS

အချိန်ပိုမဆင်းပါက အလုပ်ထုတ်ပယ်တဲ့အထိအရေးယူခံရ

CoverLogo
505 Views

တရုတ်နိုင်ငံသားပိုင်  Myanmar Huasheng Kefu Fashion Co., ltdမှာ သုံးလပြည့်ပြီးတဲ့ နေ့စားအလုပ်သမား တွေကို အတည်ပြုဝန်ထမ်း မခန့်အပ်တဲ့အပြင် လခစားဝန်ထမ်းတွေ အချိန်ပိုမဆင်းရင် ဥပဒေမဲ့ အလုပ်ထုတ်တာ တွေ လုပ်ဆောင်နေတယ်လို့ စက်ရုံအလုပ်သမားတွေက ပြောပါတယ်။  

ဒီစက်ရုံကိုတော့ လှိုင်သာယာမြို့နယ်၊ မြစိမ်းရောင် စက်မှုဇုန်၊ မြခတ္တာလမ်းမှာ ဖွင့်လှစ်ထားတာဖြစ်ပြီး အလုပ်သ မား အင်အား (၃၀၀) ကျော်နဲ့ လုပ်ငန်းလည်ပတ်နေပါတယ်။ 

စက်ရုံမှာ sinsay  အမှတ်တံဆိပ်တွေကို ချုပ်လုပ်တာဖြစ်ပြီး သမဂ္ဂဖွဲ့စည်းထားတာမရှိဘဲ ဥပဒေပါ အခွင့်အရေးတွေကို ချိုးဖောက်ခံနေရတာပဲ ဖြစ်ပါတယ်။ 

“ကုတ်အင်္ကျီတွေ ချုပ်ရပါတယ်။ အလုပ်ရှင်က အလုပ်သမားတွေ သဘောဆန္ဒမမေးဘဲနဲ့ အရေးကြီးတိုင်း အလုပ်သမားတွေကို ည (၉) နာရီအထိ အချိန်ပိုတွေ မဖြစ်မနေဆင်းခိုင်းပါတယ်။ အခါကြီးရက်ကြီးတွေလည်း မပိတ်ပါဘူး။ အချိန်ပိုအိုတီတွေ မဆင်းရင် အလုပ်ထုတ်ပါတယ်။ သူတို့ အလုပ်ထုတ်လိုက်တဲ့ အလုပ်သမားတွေကိုပဲ နောက်ပြီးရင် အလုပ်ပြန်ခန့်ပါတယ်။ ပြောမယ်ဆို အလုပ်ရှင်က ထုတ်ချင်သလိုထုတ်ပြီး ခန့်ချင်သလို ခန့်နေတာပါ။ နောက်တစ်ခုက ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်သက်တွေ ဖျောက်ဖျက်နေတာပါ။ သုံးလပြည့်ပြီးတဲ့ နေ့စားတွေကို အတည်ပြုဝန်ထမ်း မခန့်ပါဘူး။ တစ်ချို့ဆို အရင်စက်ရုံအဟောင်းကတည်းက နေ့စားတွေကိုပါ လခစားမပြောင်း ပေးပါဘူး”လို့ စက်ရုံဝန်ထမ်းတစ်ဦးက ပြောပါတယ်။ 

စက်ရုံမှာ အထည်စံချိန်တွေကိုလည်း အဆမတန် တောင်းခံနေပြီး စက်လိုင်းတစ်လိုင်းမှာ လူ(၄၀) သာ ရှိပေမယ့် စံချိန်က တစ်နာရီကို ကုတ်အင်္ကျီ (၃၅) ထည်ပေးရတာ ဖြစ်ပါတယ်။ 

တစ်နာရီတစ်ခါပေးရတဲ့ အထည်စံချိန်ကို နာရီဝက်တစ်ခါမိုက်နဲ့အော်ပြိး တောင်းခံနေသလို တစ်ဖက်သတ် တောင်းခံတဲ့စံချိန် မပြည့်ပါက စူပါတွေ၊ တရုတ် အမျိုးသမီးတွေက စက်လိုင်းထဲဝင်ပြီး ဆဲဆိုတာ၊ အဆမတန် ပြောဆိုတာတွေ လုပ်ဆောင်နေပါတယ်။ 

“အလုပ်ထဲမှာ အသက်မပြည့်တဲ့ကလေးတွေလည်း ရှိပါတယ်။ ကလေးတွေ အသက်မပြည့်တာသိလည်း မှတ်ပုံတင် အတုနဲ့ လာလျှောက်တာကို လက်ခံပါတယ်။ ဆရာဝန်ထောက်ခံချက်လည်း မပါပါဘူး။ အဲဒီကလေးတွေကိုလည်း လူကြီးအလုပ်သမားတွေလို ခိုင်းပါတယ်။ လစာကတော့ ဒေးကြေးနဲ့ ထောက်ပံ့ကြေးပေါင်းပြီး (၆၈၀၀) ပေးပါ တယ်။ ရက်မှန်ကြေးက လေးသောင်းပေးပါတယ်။ ဒါပေမယ့် စက်ရုံမှာ ခွင့်မပေးတော့ တစ်ရက်ပျက်ရင် ဒေးကြေးနဲ့ ထောက်ပံ့ကြေးအပြင် ရက်မှန်ကြေးထဲက နှစ်သောင်းကော အဖြတ်ခံရပါတယ်။ စက်ရုံထဲမှာ ဆေးခန်းလည်း မရှိပါဘူး”လို့ အလုပ်သမားတွေက ပြောပါတယ်။ 

အလုပ်သမားတွေက ဒီလိုလုပ်ငန်းခွင်ထဲက ချိုးဖောက်ခံရတာတွေကို ကူညီဖြေရှင်းပေးဖို့ မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများ အဖွဲ့ချုပ် (IWFM) ကို ဆက်သွယ်အကူအညီ တောင်းခံထားတာ ဖြစ်ပါတယ်။ 

စက်ရုံ အလုပ်သမားတွေအနေနဲ့ ဥပဒေအတိုင်း ခွင့်ရက်တွေ ရရှိဖို့၊ အောစူပါနဲ့ တရုတ်အမျိုးသမီးတွေက အထည်စံချိန် တောင်းရာမှာ မဆဲဖို့၊ အလုပ်သမားတွေ ချုပ်နိုင်တဲ့ အထည်စံချိန်ကိုသာ တောင်းခံဖို့၊ သုံးလကျော်ပြီးတဲ့ အလုပ် သမားတွေကို အတည်ပြုဝန်ထမ်း ခန့်အပ်ပေးဖို့၊ အချိန်ပိုမဆင်းတဲ့ အလုပ်သမားကို ဥပဒေမဲ့ အလုပ်မထုတ်ဖို့၊ အချိန်ပိုတွေကို အလုပ်သမားတွေဆန္ဒမပါဘဲ ဖိအားပေး မခိုင်းဖို့နဲ့ စက်ရုံထဲမှာ ဆေးပေးခန်းနဲ့ အခြေခံထားရှိရမယ့် ဆေးတွေ ထားပေးဖို့ လိုလားနေတာပဲ ဖြစ်ပါတယ်။ 

 


Related posts

Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026