NEWS

အကြောင်းမဲ့ အလုပ်ဖြုတ်သည့် လုပ်ငန်းရှင်ကို တိုင်ကြားခဲ့သည့် မြန်မာလုပ်သားများ နစ်နာကြေးဘတ် ၅ သိန်း ကျော်နှင့်စာရွက်စာတမ်းများပြန်ရ

CoverLogo
392 Views
 
ထိုင်းနိုင်ငံ ပါကျင်ပူလီခရိုင်ရှိ စက်ရုံတစ်ခုတွင် အကြောင်းမဲ့ အလုပ်ဖြုတ်ခံ တဲ့ လုပ်ငန်းရှင်ကိုမြန်မာရွှေ့ပြောင်းလုပ်သားတွေက တိုင်ကြားခဲ့တာမှာ အလုပ်ထုတ်နစ်နာကြေးဘတ်၅သိန်းကျော်နဲ့ စာရွက်စာတမ်းတွေ ပြန်လည်ရရှိခဲ့တယ်လို့ ၎င်းမြန်မာလုပ်သားတွေကိုကူညီဆောင်ရွက်ပေးတဲ့
 
MHAC မဟာမိတ်အဖွဲ့ ထံ မှသိရပါတယ်။
၎င်းစက်ရုံ မှာ အလုပ်အလုပ်လုပ်ကိုင်နေ တဲ့ မြန်မာအလုပ်သမား (၇၃) ဦးကို အလုပ်ရှင်သူဌေးက ကြိုတင်အကြောင်းမကြားပဲ အလုပ်ထုတ်တဲ့အပြင် စာရွက်စာတမ်းတွေပါသိမ်းထားတဲ့ အတွက် အလုပ်သမားတွေက မြန်မာအလုပ်သမားရေး ကူညီပေးနေ တဲ့ MHAC မဟာမိတ်အဖွဲ့ထံ အကူအညီ တောင်းခံခဲ့တယ်လို့ သိရပါတယ်။
 
ဒါကြောင့် MHAC မဟာမိတ်အဖွဲ့ မှ အလုပ်သမားတွေ နဲ့ အတူ အလုပ်ရှင်သူဌေး ကို မြို့နယ် ဆဝါဒီကန် ရုံးမှာ တိုင်ကြားခဲ့တယ်လို့ ဆိုပါတယ်။
 
ဆဝါဒီကန် ရုံးမှာ စစ်ဆေးမေးမြန်းတာ မှာ မြန်မာအလုပ်သမား ၄၁ ဦးမှာ မိမိတို့ သဘော ဆန္ဒအရ ထွက်ရှိခဲ့တာ ဖြစ်ပြီး ကျန် ၃၂ ဦး ကိုတော့ အလုပ်ရှင်သူဌေးက အကြောင်းမဲ့ အလုပ်ထုတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
 
ဒါကြောင့် အလုပ်သမားအရေး ကူညီပေးတဲ့ MHAC အဖွဲ့ က အလုပ်သမား (၇၃) ဦးကို စာရွက်စာတမ်းမရတဲ့ အုပ်စုနှင့် အကြောင်းမဲ့ အလုပ်ထုတ်ခံရသော အုပ်စု နှစ်ခုခွဲကာ ထိုင်းအစိုးရ ပါကျင်ပူရီ စဝါဒီကန် ရုံးတွင်တိုင်ကြားပေးခဲ့ရာ အကြောင်းမဲ့ အလုပ်ထုတ်ခံရသော အလုပ်သမား(၃၂) ဦအဖွဲ့အတွက် နစ်နာကြေး တစ်ဦးလျှင် "၁၆၀၆၅ ဘတ် နှုန်းဖြင့် (၃၂) ဦးစာအတွက် စုစုပေါင်း "၅၁၄၀၈၀ ဘတ်" ရရှိခဲ့တယ်လို့ သိရပါတယ်။
 
ဆက်လက်ပြီး အလုပ်သမား ၇၃ ဦးရဲ့ ဗီဇာ/ပါမစ် သက်တမ်းတိုး နိမ်းလစ် အမည်စာရင်း စာရွက်စာတမ်းများ အလုပ်ပြောင်းစာ ဘိုင်ကျန့်အော့ အားလုံးကို သူဌေးမှ ကြည်ဖြူစွာ ပြန်လည်ထုတ်ပေးမယ်လို့ စဝါဒီကန်ရုံး တာဝန်ရှိလူကြီးများရှေ့တွင် အလုပ်သမား၊ အလုပ်ရှင် ကတိကဝတ်ပြု လတ်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။
Photo-MHAC

Related posts

Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026