NEWS

အကြောင်းမဲ့အလုပ်ထုတ်ခံရသည့် မြန်မာအလုပ်သမား ၁၈ ဦးမှ ထိုင်းအလုပ်ရှင်ကို တရားစွဲမည်

CoverLogo
115 Views
ထိုင်းနိုင်ငံ အယုဒ္ဓရရှိ ကားအပိုပစ္စည်းစက်ရုံတစ်ခုမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား ၁၈ဦး ကို အကြောင်းရင်းမရှိပဲ အလုပ်မှ ထုတ်ပယ်တဲ့ အတွက် အလုပ်ရှင်ကို တရားစွဲဆိုမယ်လို့ ၎င်းအမှုကိစ္စ ကို ကူညီပေးနေတဲ့ 𝐌.𝐇.𝐀.𝐂(မဟာမိတ်အဖွဲ့) က သတင်းထုတ်ပြန်ထားပါတယ်။
 
မြန်မာလုပ်သား ၁၈ ဦးကို ၂၀၂၅ခုနှစ် မေလ ၂၀ရက်နေ့ မှာ ထိုင်းအလုပ်ရှင်မှ အကြောင်းပြချက်မရှိဘဲ ထုတ်ပယ်လိုက်တဲ့အတွက် မေလ၂၆ရက်နေ့တွင် နယ်မြေခံအလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးမှာ တိုင်ကြားခဲ့ကာ ရသင့်တဲ့နစ်နာကြေးရရှိရန် တောင်းဆိုခဲ့ကြောင်းသိရပါတယ်။
 
၎င်းအမှုနဲ့ ပက်သက်ပြီး အေအေစီ ရဲမင်းဦးဆောင်တဲ့ 𝐌.𝐇.𝐀.𝐂 မဟာမိတ်အဖွဲ့ နဲ့ NUG (အလုပ်သမားဝန်ကြီးဌာနမှတာဝန်ရှိသူတစ်ဦး)အပါ အမှုအတွက်ရုံးချိန်း ၄ကြိမ်မြောက် အထိ ကို နစ်နာသူလုပ်သားတွေနဲ့အတူ နယ်မြေခံအလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးမှာ ကူညီဆောင်ရွက်ပေးခဲ့ပေမယ့် အလုပ်ရှင်ဘက်က ရသင့်တဲ့နစ်နာကြေး မပေး တာကြောင့် အခုလိုတရားစွဲဆိုမှာဖြစ်တယ်လို့ သိရပါတယ်။
 
နယ်မြေခံအလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးမှ တာဝန်ရှိသူမှ မြန်မာလုပ်သားများရဲ့ နစ်နာကြေးဆိုင်ရာများဆောင်ရွက်ပေးရန်အတွက် နိုဝင်ဘာလ အတွင်း ရက်တစ်ခု ကို ရုံးချိန်းရက်အဖြစ်သတ်မှတ်ပေးလိုက်ကြောင်း လုပ်ငန်းရှင်အား တရားရုံး၌ တရားစွဲဆိုဖို့ကိုလည်း စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရပါတယ်။
 
MHAC မဟာမိတ်အဖွဲ့အနေနဲ့နစ်နာသူ မြန်မာလုပ်သားများ ကို ရသင့်တဲ့နစ်နာကြေးရတဲ့အထိ ကူညီဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။

Related posts

Cover
ထိုင်းတောင်ပိုင်း ဟက်ယိုင်မြို့ရေဆက်ကြီးနေပြီး မြန်မာအလုပ်သမားများအကူအညီလိုအပ်နေ
Nov 30, 2025
Cover
ဖော့ကျိတ်စက် ကြိတ်မိသေဆုံးသွားသောမြန်မာလုပ်သားအတွက် နစ်နာကြေးရရှိရေးညှိနှိုင်းနေ
Nov 30, 2025
Cover
ထိုင်းတွင် မြန်မာလုပ်သားတစ်ဦး လုပ်ငန်းခွင်အတွင်း ဖော့ကလစ်ကား(forklift) ပိမိပြီး သေဆုံး
Nov 22, 2025
Cover
မလေးရှားတွင်အထောက် အထားမရှိသည့် မြန်မာလုပ်သား ၂၀၀ ခန့် အဖမ်းခံရ
Nov 21, 2025
Cover
ထိုင်းတွင် မြန်မာလုပ်သား တစ်ဦး ကြိတ်စက်ထဲ ပြုတ်ကျ သေဆုံးမှုဖြစ်ပွား
Nov 21, 2025
Cover
အကြောင်းအမျိုးမျိုးဖြင့် အဖမ်းခံရသည့် မြန်မာနိုင်ငံသားများ နေရပ်ပြန်ပို့ရေး မြန်မာ-တရုတ် နှစ်နိုင်ငံ MOU ရေးထိုး
Nov 21, 2025
Cover
ပြည်ပအလုပ်အကိုင်အတွက် EC စာချုပ် ချုပ်ပြီး တစ်နှစ်နီးပါးအထိ ထွက်ခွာခွင့်မရတဲ့အလုပ်သမားတွေ အခက်ကြုံနေ
Nov 21, 2025
Cover
ဘန်ကောက်တွင် အလုပ်လုပ်ရန် နယ်စပ် ဖြတ်ကျော်သည့် မြန်မာလုပ်သား ၃၆ ဦး အဖမ်းခံရ
Nov 21, 2025