NEWS

အကြောင်းမဲ့အလုပ်ထုတ်ခံရသည့် မြန်မာအလုပ်သမား ၁၈ ဦးမှ ထိုင်းအလုပ်ရှင်ကို တရားစွဲမည်

CoverLogo
405 Views
ထိုင်းနိုင်ငံ အယုဒ္ဓရရှိ ကားအပိုပစ္စည်းစက်ရုံတစ်ခုမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား ၁၈ဦး ကို အကြောင်းရင်းမရှိပဲ အလုပ်မှ ထုတ်ပယ်တဲ့ အတွက် အလုပ်ရှင်ကို တရားစွဲဆိုမယ်လို့ ၎င်းအမှုကိစ္စ ကို ကူညီပေးနေတဲ့ 𝐌.𝐇.𝐀.𝐂(မဟာမိတ်အဖွဲ့) က သတင်းထုတ်ပြန်ထားပါတယ်။
 
မြန်မာလုပ်သား ၁၈ ဦးကို ၂၀၂၅ခုနှစ် မေလ ၂၀ရက်နေ့ မှာ ထိုင်းအလုပ်ရှင်မှ အကြောင်းပြချက်မရှိဘဲ ထုတ်ပယ်လိုက်တဲ့အတွက် မေလ၂၆ရက်နေ့တွင် နယ်မြေခံအလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးမှာ တိုင်ကြားခဲ့ကာ ရသင့်တဲ့နစ်နာကြေးရရှိရန် တောင်းဆိုခဲ့ကြောင်းသိရပါတယ်။
 
၎င်းအမှုနဲ့ ပက်သက်ပြီး အေအေစီ ရဲမင်းဦးဆောင်တဲ့ 𝐌.𝐇.𝐀.𝐂 မဟာမိတ်အဖွဲ့ နဲ့ NUG (အလုပ်သမားဝန်ကြီးဌာနမှတာဝန်ရှိသူတစ်ဦး)အပါ အမှုအတွက်ရုံးချိန်း ၄ကြိမ်မြောက် အထိ ကို နစ်နာသူလုပ်သားတွေနဲ့အတူ နယ်မြေခံအလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးမှာ ကူညီဆောင်ရွက်ပေးခဲ့ပေမယ့် အလုပ်ရှင်ဘက်က ရသင့်တဲ့နစ်နာကြေး မပေး တာကြောင့် အခုလိုတရားစွဲဆိုမှာဖြစ်တယ်လို့ သိရပါတယ်။
 
နယ်မြေခံအလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးမှ တာဝန်ရှိသူမှ မြန်မာလုပ်သားများရဲ့ နစ်နာကြေးဆိုင်ရာများဆောင်ရွက်ပေးရန်အတွက် နိုဝင်ဘာလ အတွင်း ရက်တစ်ခု ကို ရုံးချိန်းရက်အဖြစ်သတ်မှတ်ပေးလိုက်ကြောင်း လုပ်ငန်းရှင်အား တရားရုံး၌ တရားစွဲဆိုဖို့ကိုလည်း စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရပါတယ်။
 
MHAC မဟာမိတ်အဖွဲ့အနေနဲ့နစ်နာသူ မြန်မာလုပ်သားများ ကို ရသင့်တဲ့နစ်နာကြေးရတဲ့အထိ ကူညီဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026